ဘုရားသခင် ၏ ရည်ရွယ်ချက်
ကောင်းကင်နိုင်ငံ နှင့် လောကီနိုင်ငံ ကို ဖန်ဆင်းသည့် ယာဝေ ထာဝရ ဘုရား သည် စကြာဝဋ္ဌာ၊ မြေကြီး၊ သစ်ပင်၊ သတ္တဝါ နှင့် လူ မရှိခင် က ပင် ရှိခဲ့သည့် တစ်ဆူတည်း သော စစ်မှန်သည့် အသက်ရှင် သော ဘုရား ဖြစ်ခဲ့သည်။ ယခုလည်း အသက်ရှင်သော စစ်မှန်သည့် ဘုရား ရှိနေသည်။ ဆက်ပြီးလည်း ထာဝရ အသက်ရှင် တည်ရှိ နေဦးမည်။ ဖန်ဆင်းခံ အရာအားလုံး တစ်နေ့ ပျောက်ကွယ် ကုန်မည်။
ကောင်းကင်များ
မြေကြီး
မူလ အစ
အမှောင် နှင့် ရေ ဖုံးလွမ်း ပျက်စီးသော ကမ္ဘာ
ပြန်လည် ဖန်ဆင်းသည့် ယခုကမ္ဘာ
ကောင်းကင်တမန်မင်း လူစီဖာ နှင့် အပေါင်းပါ ကောင်းကင်တမန် သုံးစုတစ်စု တို့က ဘုရားသခင် ကို ပုန်ကန်ခြင်းကြောင့် ကောင်းကင်ဘုံ မှ နှင်ထုတ် ခံရပြီး ...၊ နတ်ဆိုး ဘဝသို့ ကျဆင်းခဲ့ကြသည်။
ဘုရားသခင် ဖန်ဆင်းထား သည့် မူလ ကမ္ဘာလည်း ရေ နှင့် အမှောင် ဖုံးလွမ်းကာ၊ ပျက်စီးခြင်း နှင့် သေခြင်း ကြီးစိုး သွားသည်။
ခွဲခြားခြင်း ၄ ဆင့်
သေခြင်း မှ ရှင်ခြင်း သို့ ဘုရားသခင် ပြန်လည် ဖန်ဆင်းသည့် အခါ ၄ ဆင့် ခွဲခြားခြင်း ဖြင့် ပိုင်းခြား ပြီးနောက် သာယာလှပသည့် ကျွန်ုပ်တို့နေသော ကမ္ဘာကြီးဖြစ်လာသည်။
ဘုရားသခင်၏ ဝိညာဉ်တော်သည် သက်မဲ့ကမ္ဘာအပေါ် ဝပ်လျက် လှုပ်ရှားတော်မူ၏။
က။ “လင်းစေ” ဟု ဘုရားသခင် မိန့်တော်မူလျှင် အလင်း နှင့် အမှောင် ခွဲခြားသွားသည်။
ခ။ “ကောင်းကင် မျက်နှာကျက် တည်စေ” ဟု ဘုရားသခင်မိန့်တော်မူလျှင်ကောင်းကင် အထက်ရေ နှင့် ကောင်းကင် အောက်ရေ ခွဲခြား သွားသည်။
ဂ။ “ကောင်းကင်အောက် ရေစုစေ၊ ကုန်းပေါ်စေ” ဟု ဘုရားသခင် မိန့်တော်မူလျှင် ကုန်းမြေ နှင့် ပင်လယ် ခွဲခြား သွားသည်။ ပေါ်လာသည့် မြေပေါ် ၌ စားပင်၊ သီးပင်၊ သစ်ပင်များ ကို သူ့အမျိုးအလိုက် အစေ့နှင့် ဘုရားသခင် ပေါက်စေ၏။
ဃ။ “ကောင်းကင် ၌ နေ့၊ ည၊ နှစ်၊ ရာသီ၊ အချိန်အခါ ကို ပြသည့် အလင်းအိမ် တည်စေ” ဟု ဘုရားသခင် မိန့်တော်မူလျှင်
နေ၊ လ၊ ဂြိုလ်နက္ခတ် နှင့် ကြယ်များ တည်ရှိ လာသည်။ ဘုရားသခင် ဖန်ဆင်းသည့် နေအလင်း နှင့် အပူရှိန်ကြောင့် ပင်လယ်ရေထဲ၊ လေထဲ နှင့် မြေပေါ်၌ အသက်ရှင် သော သတ္တဝါများ ရှင်သန် လာခြင်း ဖြစ်သည်။
ဘုရားသခင် ပိုင်းခြားသည့် ခွဲခြားခြင်း ၄ ဆင့် အားဖြင့် သေနေသော
ကမ္ဘာမှ အသက်ရှင် သည့် သစ်ပင် နှင့် သတ္တဝါများ ဖြစ်ပေါ် တည်ရှိ လာခြင်း ဖြစ်သည်။ က၊ ၁: ။
အသက်ရှင်ခြင်း ၄ ဆင့်
က။ Lowest Life အနိမ့်ဆုံး အသက်
စားပင်၊ သီးပင်၊ သစ်ပင်၊ ပန်းပင် အမျိုးမျိုးတို့သည် မြင့်သော အသက်ရှိများ အတွက် ဖန်ဆင်း ထားခြင်း ဖြစ်သည်။
အနိမ့်ဆုံး အသက် ၌ ဝိညာဉ်မရှိ၊ အသိညဏ် မရှိ၊ ရွေ့လျား ပြေးလွှားခြင်း မရှိချေ။ ရှင်သည့် နေရာ ၌ အမြဲနေသည်။
ခ။ Higher Life မြင့်သောအသက်
ကောင်းကင်တမန်များ နှင့် သတ္တဝါများ သည် အမြင့်ဆုံး အသက် အတွက် ဖန်ဆင်းထားခြင်း ဖြစ်သည်။ အသိညဏ် ရှိသည်၊ ခံစားစိတ် ရှိသည်၊ ရွေ့လျား ပြေးလွှားသည်၊ အနိမ့်ဆုံး အသက် ကို စားသောက် ရှင်သန် ပျော်မွေ့သည်။ ကောင်းကင်တမန်များ မှာ နာမ်ဝိညာဉ် ပုဂ္ဂိုလ်များ ဖြစ်သည်။ တိရစ္ဆာန် ၌ ဝိညာဉ် မရှိခြင်းကြောင့် နာမ်ဝိညာဉ် ဘုရား နှင့် မဆက်သွယ်နိုင်ပါ။
ဂ။ Highest Life အမြင့်ဆုံး အသက်
လူ ကို God ’s Image = ဘုရားသခင် ၏ သဏ္ဌာန်တော်၊ God ’s likeness = ဘုရားသခင် ၏ အဖြစ်တော် နှင့် အညီ ဘုရားသခင် နှင့် မျိုးတူအောင် ဖန်ဆင်းထားခြင်းကြောင့် လူသည် ဘုရား နှင့် ထိတွေ့နိုင်၊ ဆက်သွယ် သဟာယဖွဲ့နိုင်၊ ဘုရားသခင်ကို လက်ခံနိုင်၊ ဘုရားသခင် နှင့် ပေါင်းဖက်နိုင်၊ ဘုရားသခင်၏ ဝိညာဉ်နှင့် တစ်ဝိညာဉ်တည်းဖြစ်နိုင်၊ ဘုရားသခင်၏ အသက်နှင့်ရှင်နိုင်အောင် ဖန်ဆင်းထားသည်။
လူသည် ဖန်ဆင်းခံ ရခါစက အမြင့်မြတ်ဆုံး၊ ထက်မြတ်ဆုံး၊ ဘုန်းတန်ခိုးအကြီးဆုံး၊ ညဏ်ပညာ အကြီးဆုံး၊ လွတ်လပ်ဆုံး၊ လုပ်နိုင်စွမ်း အကြီးဆုံးဖြစ်သည်။
လူ ကို ဘုရားသခင် ၏ ဘုန်းတန်ခိုး God ’s glory နှင့် ဘုရားသခင် ၏ ပညာ God ’s wisdom ပေးလျက် ဘုရားသခင် ကို ကိုယ်စားပြုပြီး ကမ္ဘာကြီးကို အုပ်စိုးဖို့၊ နိုင်ဖို့ ဘုရားသခင်၏ ခန့်ထားခြင်းခံရသည်။
လူသည် ဖန်ဆင်ခံရခါစက အပြစ်ကင်းစင်သည်၊ သန့်ရှင်း ဖြောင့်မတ်သည်၊ မအို၊ မနာ၊ မသေနိုင်ပါ။ ကမ္ဘာပေါ်တွင် လူသည် ဘုရားသခင် ၏ ခန့်ထားခြင်း ခံရသည့်
king ဘုရင်
god ဘုရား
lord အရှင်သခင်
commander လေထဲ၊ မြေပေါ် နှင့် ရေအောက်ရှိ သက်ရှိ သက်မဲ့ အားလုံးကို စီမံကွပ်ကဲပိုင် သည့် God ’s representative ဘုရားသခင် ၏ ကိုယ်စားလည်တော် ဖြစ်သည်။
လူကို ဘုရားသခင် ဖန်ဆင်းရခြင်းသည် လူက ဘုရားသခင်နှင့် ရင်းနှီးတော်စပ်ဖို့၊ ဘုရားသခင်ကို အမွေရဖို့၊ ဘုရားသခင်၏ နိုင်ငံတော်ကို ဘုရားနှင့်အတူ တွဲဖက်စိုးစံဖို့ဖြစ်သည်။
လူကို ကမ္ဘာမြေပြင်ပေါ် ထားခြင်းသည် ဘုရားသခင်၏ အသက်နှင့် လူသည် အသက်ရှင်ပြီး ဘုရားသခင် ၏ ဘုန်းတန်ခိုးကို ကိုယ်တွေ့ထင်ရှားဖို့ ဖြစ်သည်။
ဤကမ္ဘာမြေကြီးသည် ဘုရားသခင်၏ ကျောင်းတော်ကြီးဖြစ်သည်။
လူကို ဘုရားသခင် သင်တန်းပေးစရာ ရှိပြီး၊ ထပ်မံမြင့်တင်ဖို့ ပေးစရာများစွာ ရှိသေးသည်။
လူသည် အပြစ်ကင်းစင်ပြီး သန့်ရှင်းဖြောင့်မတ်ခြင်းရှိငြားလည်း၊ မအို၊ မနာ၊ မသေနိုင်လည်း လူ၌ ဘုရားသခင်၏ ရည်ရွယ်ချက် မပြည့်စုံသေးပါ၊ ဘုရားသခင် အလိုတော်ရှိသည့် အဆင့်သို့ မရောက်ပါ။
ဧဒင်ဥယျာဉ် ၌ ဘုရားသခင် စိုက်ပျိုးထားသည့် အသက်ပင် Tree of life သည် ဘုရားသခင်၏ အသက်ဖြစ်သည်။
ဘုရားသခင်၏ အလိုတော်နှင့် ရည်ရွယ်ချက်မှာ လူကို ဘုရားသခင်၏ အသက်ရစေပြီး ဘုရားသခင်၏ ဂုဏ်ရည် နှင့် အသက်ရှင်စေချင်သည်။
ဃ။ Uncreated divine life ဖန်ဆင်းရှင် ၏ နာမ်သက် ဖန်ဆင်းရှင်၏ နာမ်သက် ၌ “ ဖြစ်စေ” တန်ခိုး အစွမ်း ရှိသည်။
ဖန်ဆင်းရှင်ဘုရား၏ အသက်၌ရှိသော ဂုဏ်ရည်၊ အစွမ်း၊ ချစ်ခြင်းမေတ္တာ၊ သန့်ရှင်းခြင်းအရည်အသွေးများမှာ ထာဝရ တည်သည်။
ညစ်ညူးလျော့နည်း ဖောက်ပြန်ခြင်း မရှိပါ။
အကန့်အသတ်မဲ့ ဖြစ်သည်။ မြေလျှိုး မိုးပျံနိုင်သည်။
လူကို ဘုရားသခင် ချစ်သောကြောင့် လူအား ဘုရားသခင်၏ အသက် ရစေချင်သည်၊ လူအား မိမိ ကိုယ်ကို ဘုရားသခင် ပေးသည်။
God gives His life and Himself to man.
အထက် ၌ ဖော်ပြသော အသက် ၄ မျိုးတွင် ပထမသုံမျိုးမှာ ဖန်ဆင်းခံ အသက်များဖြစ်သည်။
လူကို ဖန်ဆင်းခံအရာများနှင့် တတိယဆင့် အသက်တာရရုံဖြင့် ကျေနပ်ဖြုန်းတီး မနေစေချင်ပါ။
လူကို ဖန်ဆင်းရှင်၏ နာမ်သက် Uncreated divine life နှင့် အသက်ရှင် စေချင်သည်။ ဘုရားသခင် ၏ ရည်ရွယ်ချက်နှင့် အသက်ရှင်စေချင်သည်။
တရား ၄ မျိုး
ခန္ဓာ > စိတ် > ဝိညာဉ်
က။ ဖန်ဆင်းစက လူအပေါ် ဘာတရားမျှ ချုပ်ကိုင်ခြင်းမရှိပါ။
လူအာဒံနှင့် ဧဝတို့သည် နတ်ဆိုးစကား ကို နားထောင်ခြင်းကြောင့် လူ၏ ခန္ဓာကိုယ်ထဲ အပြစ်တရား = sin ဝင်ကာ လူ၏စိတ်ထဲ အသိတရား အပိုတိုးလာသည်။
ခ။ လူ၏ဝိညာဉ်မှာ အပြစ်ကြောင့် ဘုရားနှင့် အဆက်ပြတ်ကာ နာမ်အာရုံများ ရပ်တံ့ သေဆုံးသွားသည်။ ထို့ကြောင့် လူ၌ အားကိုးရာ၊ မှီခိုရာ၊ ခိုလှုံရာ မရှိတော့သည့် အတွက် အသိတရားက ဆရာလုပ်လာသည်။
အသိတရားက ကောင်း၊ မကောင်း၊မှန်၊ မမှန် ဘယ်လောက် ပြောပြော ခန္ဓာကိုယ်က မလုပ်နိုင်၊ အသိတရား ကလည်း လုပ်နိုင်သည့် အစွမ်းတန်ခိုး မပေးနိုင်၊ ဆရာပဲလုပ်တတ်သည်။
အပြစ်တရားသည် အပြစ်လုပ်စေသော တန်ခိုးဗီဇ အဆိပ်အတောက် ဖြစ်ခြင်းကြောင့် လူ၏ ကိုယ်အင်္ဂါ အတွေး၊ စိတ်ထား၊ မျက်စိ၊ နား၊ နှုတ်လျှာ၊ ပါးစပ်၊ ခြေ၊ လက်တို့ကို အပြစ်လုပ်ဖို့ လှုံ့ဆော် စေခိုင်းသည်။
လူ၏ ကိုယ်ခန္ဓာတစ်ခုလုံး အပြစ်၏ ကျေးကျွန်ဘဝသို့ ကျဆင်းသွားသည်။
လူထဲရှိ အသိတရားက တန်ခိုးမရှိ၊ အပြစ်တရားက တန်ခိုးကြီးနေသည်ကို လူ က နားမလည်၊ မပိုင်းခြားတတ်ခြင်းကြောင့် လူတိုင်း ခြာခြာ လည်နေကြသည်။
တစ်နေ့ထက်တစ်နေ့ လူသည် ဆိုးသွမ်း၊ ယုတ်မာ၊ ယိုယွင်း၊ ကြမ်းကြိုတ်လာကြသည်။
အသိတရား က အပြစ်တရား ကို ထိန်းမရနိုင်တော့ပါ။
အပြစ်တရားက တစ်နှစ်ထက်တစ်နှစ် ပို ယုတ်မာ ကြီးထွားလာသည့်အတွက် ဒုစရိုက်မှုများ၊ မတရားမှုများ နှင့် ဒုက္ခ ဆင်းရဲ တိုးပွားလာသည်။
ဂ။ ပညတ်တရား
အပြစ်ဒုစရိုက် ပွားများပြန့်နှံ့နေသည့် လူအတွက် B.C. 1480 တွင် ဘုရားသခင် ၏ ပရောဖက်များအားဖြင့် ပညတ်တရား များကို လူသားများအား ဘုရားသခင် စတင်ပေးခဲ့သည်။
လူကို ဖန်ဆင်းပြီး နှစ် ၂၀၀၀ ကျော်ပြီးမှ လူအား ပညတ်တရားများ စပေးခြင်း ဖြစ်သည်။
ထို့နောက်မှ ယုဒဘာသာ၊ ဟိန္ဒူဘာသာ၊ ဗုဓ္ဒဘာသာ၊ ခရစ်ယာန်ဘာသာ နှင့် AD ၆၀၀ ကျော် မှ မူစလင်ဘာသာ ပေါ်ထွန်းခဲ့သည်။
ဘာသာတရား အားလုံးက လူသည်
အပြစ်ကျူးလွန် နေကြောင်း၊ အပြစ်ကျူးလွန်လျှင် ပြစ်ဒဏ်ခံရမည့် အကြောင်း၊ ငရဲမှာ ပြစ်ဒဏ်ခံရဖို့ရှိကြောင်း၊ စိုက်ရင်ရိတ် ရမယ်၊ လုပ်ရင်ခံရမယ့် ကံတရားရှိကြောင်း၊ လူသည် နောင်တမလွန် ဘဝ ရှိကြောင်း၊ သေပြီး လျှင် မပြီးသေးကြောင်း၊ လူမသေမှီ ပြစ်ဒဏ်မှ လွတ်မြောက်စေမည့် ဘုရားကို အရင်ရှာတွေ့အောင် တရားများ က သတိပေးနှိုးဆော်သည်။
ဘာသာတရားများက လူကို မကယ်တင်နိုင်ပါ။ လူ ပေးဆပ်ရမည့် ပြစ်ဒဏ်နှင့် အကုသိုလ် ကို ဘာသာတရားက ပေးချေ ခွင့်လွတ်ပိုင်ခွင့်မရှိပါ။ ဘာသာတရားက လူကို ကောင်းမွန်အောင် ပြုပြင် ထိန်းသိမ်းနိုင်စွမ်းမရှိပါ။ ဘုရားသခင် တစ်ပါးတည်းသာ လူ၏ အပြစ်ကြွေးကို ဖြေရှင်းခွင့်လွတ် ပေးနိုင်သည်။ ဘာသာတရားသည် ကြေးမုံမှန် နှင့် တူသည်။
မိမိမျက်နှာ၌ရှိသည့် ဝက်ခြံများ၊ ပေကြန် ရုပ်ဆိုးစေသည့်အရာများကို ကြေးမုံမှန်က ဖော်ပြနိုင်ပေမယ့် ပျောက်ကင်း စင်ကြယ် လှပအောင် မလုပ်ပေးနိုင်ပါ။
ဘာသာတရား က ဆေးရုံတွင် ရှိသော ဓါတ်မှန်ရိုက်စက်၊ ultra sound အာလ်စရာဆောင်းစက်၊ သွေးစစ်ဆေးသည့် စက်ကိရိယာများ နှင့်တူသည်။
လူ၌ ရောဂါရှိကြောင်း ရှာဖွေစစ်ဆေး ဖော်ပြနိုင်ပေမယ့် ရောဂါပျောက်ကင်းအောင် မကုသ ပေးနိုင်ပါ။
ဥပမာ -
ဘာ့ကြောင့် အဝလွန် နေသလဲ ? အစားကြီးလို့
ဘာ့ကြောင့် ဗိုက်နာ သလဲ ? အစားကြမ်းလို့
ဘာ့ကြောင့် အဆီပိတ် သလဲ ?
အဆီစား များလို့
ဘာ့ကြောင့် အဆုပ်ရောဂါ ဖြစ် သလဲ ?
ဆေးလိပ်သောက်လို့
ဘာ့ကြောင့် အသဲနာ သလဲ ?
ခွင့်မလွတ် တတ်လို့
ဘာ့ကြောင့် ခေါင်းကိုက် သလဲ ?
သူတပါး ပြစ်မှားတာ ကို မေ့မပစ်လို့
ဘာ့ကြောင့် ချစ်မခံ ရသလဲ ?
သူတပါး ကို မချစ်ခဲ့လို့
ဘာ့ကြောင့် သနားမခံ ရသလဲ ?
သူတပါး ကို မသနားလို့
ဘာ့ကြောင့် ဂရုစိုက် မခံ ရသလဲ ? ဘယ်သူ့ကိုမှ ကိုယ်က ဂရုမစိုက်ခဲ့လို့
ဘာကြောင့် မိမိ အပေါ် စေတနာ မရှိကြသလဲ ?
ဘယ်သူ့ ကို မှ မိမိ က စေတနာ မထားခဲ့လို့
ဘာ့ကြောင့် ပညာမဲ့နေသလဲ ?
ပညာ မရှာခဲ့လို့
ဘာ့ကြောင့် ဘုရားမဲ့နေသလဲ ?
ဘုရား မရှာခဲ့လို့
ဘာ့ကြောင့် စိတ်ဆင်းရဲ နေရသလဲ ?
စိတ် ဆင်းရဲခြင်း မျိုးစေ့ ကြဲခဲ့လို့
တရားက သင်စိုက်သည့်အတိုင်း ရိတ်ရခြင်း ဖြစ်တယ်လို့ ဖော်ပြရုံသာ ရှိတယ် မဖြေရှင်းပေး နိုင်ပါ။
တရားဆိုသည်မှာ ဆေးရုံတွင်ရှိသည့် CAT scan လူ အတွင်းရှိ ဦးနှောက်၊ အဆုပ်၊ အသည်း၊ နှလုံး၊ ကျောက်ကပ်၊ အူကလီဇာများ ကို ကန့်လန့်ဖြတ်၊ အလျား၊ အနံ ရှုထောင့် အဘက်ဘက် မှ ပိုင်းဖြတ် ဓါတ်မှန် ကြည့်နိုင်သည့် စက် ဖြစ်သည်။ သွေးကြော အတွင်း၊ အပြင်တွင် ရှိသော အကြိတ်အခဲ၊ နေရာ နှင့် အရွယ်အစားကို အတိအကျရှာဖွေ မြင်တွေ့နိုင်သည်။ သို့သော် ရောဂါကို ထုတ်ပယ်ကုသ မပေးနိုင်ပါ။
တရားက လူ၌ရှိသည့် အပြစ်အနာအဆာကို ပေါ်လွင် ထင်ရှားစေသည်။
တရားက လူကို မသနားတတ်၊ မကယ်နိုင်၊ သန့်ရှင်းစင်ကြယ်အောင် မလုပ်ပေးနိုင်၊ သေခြင်းမှ မလွတ်စေနိုင်၊ ကြုံတွေ့ရသည့် သေဘေးနှင့် ဝဋ်ဆင်းရဲမှ လွှဲဖယ် မပေးနိုင်၊ ကျခံရမည့်ပြစ်ဒဏ်နှင့် အမင်္ဂလာမှ မလွတ်မြောက် စေနိုင်ပါ။ ဂလာ၊ ၂း၁၆၊ ၃း၁၀-၁၄,၁၈,၂၄-၂၆၊ ၄း၉,၁၀,၂၄၊ ၅း၁,၄၊ ဗြဲ၊ ရး၁၈,၁၉၊ ၉း၉,၁၅၊ ၁၀း၁-၂၃။ ရော၊ ၃း၁၉-၃၁၊ ရး၇-၂၃၊ ၈း၁-၄,၇၊၁၀း၂၈။ ၁ယော၊၃း၄။
တရားက သင်စိုက်သည့်အတိုင်း ရိတ်ရခြင်း ဖြစ်တယ်လို့ ဖော်ပြရုံသာ ရှိတယ် မဖြေရှင်းပေးနိုင်ပါ။
တရား ပြောသောစကား သည် တရားသည်၊ ဟုတ်မှန်သည်၊ ဖြောင့်မတ်သည်၊ သန့်ရှင်းသည်၊ ကောင်းသည်၊ တကယ်ဖြစ်သည်၊ ဖြစ်မည်၊ စုံလင်သည်၊ ထာဝရ တည်သည်၊ စစ်သည်၊ ယုံထိုက်သည့် သစ္စာစကားဖြစ်သည်။
တရားပေးခြင်း၏ ရည်ရွယ်ချက်
၁။ သမ္မာကျမ်း တစ်အုပ်တည်း ၌ ပညတ်တရား ၃ ထောင်ကျော် ရှိသည်။ ဘုရားသခင် လိုချင်သည့်စံနှုံး မြင့်မားကြောင်း ဆိုလိုသည်။
၂။ သန့်ရှင်းမြင့်မားသည့် ဘုရားသခင်၏ စံနှုံးကို ညစ်ညူးယုတ်ညံ့သည့် လူသားက မကျင့်လျှောက်နိုင်ကြောင်း၊
၃။ တရားအားလုံးကို လူက ကျူးလွန် ချိုးဖောက်ပြီးကြောင်း ပြသည်။
၄။ ထိုပညတ်တရား ၃ ထောင်ထဲက မိမိ ကြိုက်ရာ ရွေးကျင့်လျှောက်ခွင့် မရှိကြောင်း
၅။ လူသားအားလုံး သေဒဏ်စီရင် ခံရပြီးကြောင်း ဖော်ပြခြင်းဖြစ်သည်။
၆။ ခွင့်လွတ်သည့် ကယ်တင်ရှင်ကို သာ လူလိုအပ်ကြောင်း ပြညွန်သည်။
ဃ။ အသက်ရှင် စေသော ဝိညာဉ်တော် ၏ တရား
ဘုရား > ဝိညာဉ် > စိတ် > ခန္ဓာ
ဘုရားသခင် စေလွတ်လိုက်သည့် ဘုရားသခင်၏ ဝိညာဉ်တော်ကို မိမိစိတ်ဝိညာဉ် အတွင်း၌ လက်ခံသူသည် ဘုရားသခင်အားဖြင့် ဝိညာဉ်အသက်သစ် မွေးဖွား ရရှိလာသည်။
ဝိညာဉ် အသက်သစ် မွေးဖွားသူသည် -
+ သန့်ရှင်းသော ဝိညာဉ်တော် ကို ရသည်
+ သေခြင်းမှ ပြန်ရှင်သော ခရစ်တော်ကို ရရှိသည်
+ ခမည်းတော် ဘုရားကို ရရှိသည်
+ စိတ်သစ် ရပြီး
+ ဘုရား ပကတိ ကို ရပြီး
+ ဝိညာဉ်သစ် ရပြီး
+ ဖန်ဆင်းရှင် ဘုရား၏ နာမ်သက် ရပြီ
+ အသက်ရှင်စေသော ဝိညာဉ်တော်၏ တရား ရပြီး
ယေရှု ကို သေခြင်း မှအသက်ရှင်စေသော ဝိညာဉ်တော် ၏ တရားသည် အလွန့်အလွန် တန်ခိုးကြီးခြင်းကြောင့် ကျွန်ုပ် စိတ်ထဲရှိ အသိတရားနှင့် ကျွန်ုပ်ကိုယ်ခန္ဓာထဲရှိ အပြစ်တရားကို အောင်သည်။ အသက်ရှင်စေသည့် ဝိညာဉ်တော်၏ တရားသည် လူကို ဖြစ်မြောက် အောင်မြင်စေသော တန်ခိုးပေးသည်။
လူအပေါ် သက်ရောက်သော အသိတရား၊ အပြစ်တရား နှင့် လူ ကျင့်စောင့် လိုက်လျှောက်သည့် ပညတ်တရား တို့သည် လူကို ကျရှုံးစေသော အနုတ်လက္ခဏာ တန်ခိုး = negative power ဖြစ်သည်။
သန့်ရှင်းသောဝိညာဉ်တော် ၏ သွန်သင်ပဲ့ပြင် ဦးဆောင်ခြင်းကို ကျွန်ုပ် တို့ ခံယူပါက ကျွန်ုပ်တို့၏ ဝိညာဉ်အတွင်းမှ ဘုရားသခင် အသက်ဖြင့် ခရစ်တော် ရှင်ပေးခြင်းကြောင့် လောကကို ကျွနိုပ်တို့ အောင်မြင်ခြင်း ဖြစ်သည်။ ဂလ၊ ၂:၂၀၊ ၃:၂၄-၂၆။ ၈:၂,၆,၉,၁၁။
လူပေါ် သက်ရောက်သည့် တရားထဲ တွင် အသက်ရှင်စေသာ ဝိညာဉ်တော် ၏ တရားသာ ယခုဘဝ၊နောင်ဘဝ၊ ရုပ်သက် နှင့် နာမ်သက်အတွက် ထာဝရတည်သည့် အရည်အချင်း ဂုဏ်ရည်များကို မိမိထဲ၌ ဖြစ်စေသည့်တန်ခိုး၊ မိမိကို တည်ဆောက်၊ ပုံသွင်း၊ ပြည့်စုံစေသော တရား ဖြစ်သည်။ ရော၊ ၈:၂,၆,၉-၁၁။
ခန္ဓာ ၄ မျိုး
၁။ ဖန်ဆင်းစက လူကိုယ်ခန္ဓာသည် ဘုရားသခင်၏ ဘုန်း၊ တန်ခိုး၊ ပညာ နှင့် ပြည့်စုံသည်။
လူ၌ သန့်ရှင်းဖြောင့်မတ်ခြင်းရှိသည့် အလွန်ကောင်းသော ခန္ဓာကိုယ်ဖြစ်သည်။
လူ၌ မကောင်းတာ မရှိပါ၊ လူ၌ အိုခြင်း၊ နာခြင်း၊ သေခြင်း မရှိပါ။ အပြစ်ကင်းစင် သော ခန္ဓာ ဖြစ်သည်။
ဖန်ဆင်းစ လူ၏ ကိုယ်ခန္ဓာ၌ ဖန်ဆင်းရှင် ဘုရားသခင် ၏ နာမ်သက် = God ’s uncreated divine life တစ်ခုသာ ရရှိဖို့ လိုသေးသည်။ ဒေ ၃:၁၁။ He has also set eternity in the heart of men (NIV)
၂။ လူအာဒံ နှင့်ဧဝ တို့သည် နတ်ဆိုးစကား ကို နားထောင်သည့်အတွက် သူတို့ထဲ နတ်ဆိုး ဝင်ရောက်သွားကာ၊ အပြစ်တရား ဝင်သွားခြင်းကြောင့် သူတို့ ကိုယ်ခန္ဓာမှာ အပြစ်၏ ကိုယ် body of sin ဖြစ်သွားသည်။
ကျွန်ုပ်တို့အားလုံး အာဒံမှ မွေးဖွားလာခြင်းကြောင့် အပြစ်၏ကိုယ်ကို မိဘဘိုးဘေးမှ အမွေရလာကြသည်။ ရောမ၊၆:၆။ ဧ၊၄:၁၈။ ယေ၊၁ရး၉
အပြစ်၏ကိုယ်ထဲတွင် အပြစ်လုပ် စေသော ငါ၊ ဇာတိ၊ ဗီဇ၊ အတ္တ၊ မာန်မာန၊ ------------------------------- ပြည့်နေသော အပြစ်တုံးကြီး ဖြစ်သည့်အတွက် အပြစ်လုပ်နေကြခြင်း ဖြစ်သည်။
အပြစ်သားအဖြစ် မွေးလာခြင်းကြောင့် အပြစ်လုပ်မိခြင်းသည် သဘာဝ ကျပါသည်။
အပြစ်၏ ကိုယ်နှင့် နေသောသူတို့သည် ဘုရားမရှိခြင်းကြောင့် သေလျှင် ငရဲထဲမှာ ဘုရားနှင့် ထာဝရ အဆက်ပြတ်မည်။
ထို့ကြောင့်
၃။ အပြစ်၏ကိုယ်နှင့် မနေချင်သူတို့ကို ဘုရားရွေးပြီး ယေရှုထဲထည့်ကာ၊ ကားတိုင်တွင် သုတ်သင်သတ်ပစ်လျက် မြှုပ်နှံ သဂြိုလ်လိုက်ပြီ။ ယေရှုနှင့် အတူ သေပြီးသောသူသည် body of death အသေကောင် ခန္ဓာကိုယ်ထဲ ဝိညာဉ်သစ်၊ စိတ်သစ်နှင့် ဘုရားပကတိ ရပြီ။
မိမိ၌ ဖန်ဆင်းရှင်၏ နာမ်သက် uncreated divine life, သန့်ရှင်းသောဝိညာဉ်တော်၊ သေခြင်းမှ ပြန်ရှင်သောခရစ်တော်၊ ဘုရားသခင်နှင့် အသက်ရှင်စေသော ဝိညာဉ်တော်၏ တရားရှိပြီ။
ဘုရားကို လက်ခံရရှိငြားလည်း လူများစွာ တို့သည် စီရင်ခြင်းခံရသော ခန္ဓာဖြင့် မိမိ ၏ အသံ၊ အသိ၊ အစွမ်း၊ နှုတ်လျှာ၊ ခြေ၊ လက်၊ အချိန် --------------- ကို ဘုရားသခင် ထံ ဆက်သအမှုဆောင် နေကြသည့်အမှားကို မှားကြောင်းမသိကြချေ။
Body of death ခန္ဓာကိုယ် အသေ နှင့် unrenewed mind အသစ် မပြောင်းလဲသေးသော စိတ်ဖြင့် ဆက်သ အမှုဆောင်နေခြင်းကို သန့်ရှင်းသော ဘုရားလက်မခံပါ။
ရော၊ ရ:၂၄၊ ၁၂:၂ ။ ဧ၊၄း၂၃၊ ၅:၁၀။ ၁ယော၊ ၂:၁၅။
၄။ Living Sacrifice = အသက်ရှင်သောယဇ် ဖြစ်သည့် ခန္ဓာကိုယ်မျိုးကိုသာ သန့်ရှင်းသော ဘုရားသခင်လက်ခံသည်။ ရော၊၁၂:၁
ဝိညာဉ် > စိတ် > ခန္ဓာ > လူမျိုးတကာ
မိမိဝိညာဉ်အတွင်း၌ရှိသော အသက်ရှင်စေသော ဝိညာဉ်တော်၏ တရား နှင့် ခရစ်တော်အား မိမိ၏ body of death ခန္ဓာကိုယ်အသေထဲ ရှင်ခွင့် ပေးခြင်းဖြင့် သေနေသောမိမိ၏ ခန္ဓာကိုယ်သည် အသက်ရှင်ခြင်းယဇ် ဖြစ်လာသည်။
မိမိ၏စိတ်မှာလည်း အသက်ရှင်စေသော ဝိညာဉ်တော်တရားနှင့် ခရစ်တော်အား ရှင်ခွင့်ပေးမှ အသစ် ပြုပြင်သော စိတ်နှလုံး ဖြစ်လာသည်။
ဒါမှ နေ့စဉ်အချန်တိုင်း ----------
မိမိ၏ အတွေးမှ ဘုရားသခင်ကို ခရစ်တော် စဉ်းစားအောက်မေ့ လာသည်။
မိမိ၏ စိတ်ခံစားမှုမှ သူတပါးကို ခရစ်တော် ချစ်သနား လာသည်။
မိမိ၏ မျက်စိမှ ဂရုဏာအကြည့်ဖြင့် ခရစ်တော်ကြည့်လာသည်။
မိမိ၏ နားမှ စာနာစိတ်ဖြင့် ခရစ်တော် နားထောင် လာသည်။
မိမိ၏ နှုတ်လျှာမှ သစ္စာစကား၊ မျှော်လင့်ခြင်းစကားကို ခရစ်တော် ပြောလာသည်။
မိမိ၏ခြေမှ လိုအပ်ချို့တဲ့သူများထံ ခရစ်တော်သွားပြီး ကူညီတော့သည်။
မိမိ၏လက်မှတဆင့် အားနည်းချိနဲ့သူများကို ခရစ်တော် အစေခံတော့သည်။
လူတွေရဲ့ ကယ်တင်ခြင်း ခံစားရရှိဖို့ အကျွန်ုပ်၏ကိုယ်အင်္ဂါမှ ဘုရားသခင်၏ အသက်စီးထွက်ရာပြွန်အဖြစ် ဘုရားသခင် သုံးတော့သည်။
အကျွန်ုပ်၌ ငါမရှင်တော့ပါ၊ ငါသေ သွားပြီ။ မိမိကိုယ်ကို အကျွန်ုပ်မပိုင်ပါ။ မေတ္တာရှင်ဘုရားက အကျွန်ုပ်ကိုပိုင်ပြီး။ ကျွန်ုပ်၏ဝိညာဉ်၊ စိတ်နှင့် ကိုယ်အင်္ဂါ အားလုံးမှ ခရစ်တော် ရှင်နေသည်။ ရော၊ ၆:၁၃,၁၆,၁၉။ ၈:၁၀,၁၁၊ ၁၂:၁။ ၁ပေ၊ ၂:၅။
အသက်ရှင်သောယဇ်ဖြစ်သော ခန္ဓာကိုယ် မျိုးသာ ဘုရားသခင်လက်ခံသည့် အသက်ရှင်ခြင်းဖြစ်သည်။
ခရစ်တော်အား အသက်ရှင်ခွင့်ပေးသူသာ မာရ်ငါးပါးကို အောင်မြင်သည်။
ခရစ်တော်အား အသက်ရှင်ခွင့်ပေးသူသာ ဝိညာဉ်အသီးသီးသည်။
မိမိ၏ဝိညာဉ်၊ စိတ်နှင့် ကိုယ်အင်္ဂါအားလုံးမှ ခရစ်တော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်အား အဆက်မပြတ် continuously and constantly အစဉ်အမြဲ ရှင်ခွင့်ပေးလျှင် ဘုရားသခင် ဖြစ်စေချင်သည့် သတ္တဝါသစ် godman ဘုရားသခင်၏
ဂုဏ်ရည်နှင့် ပြည့်သောလူ မိမိ၌ဖြစ်လာသည်။
သတ္တဝါသစ် = godman ဘုရားသခင် ၏ ဂုဏ်ရည်နှင့် ပြည့်သူသာ ဤကမ္ဘာမြေတပြင်လုံးကို နတ်ဆိုးလက် မှ ပြန်သိမ်းယူပြီး ဘုရားသခင်၏ နိုင်ငံတော် ပြန်တည်ထောင်နိုင်သူ ဖြစ်သည်။ ထို့ကြောင့်
ပထမ ခန္ဓာကိုယ် သုံးမျိုးသည် ဘုရားသခင်အတွက် အသုံးမဝင်ပါ။ နတ်ဆိုး ကို မနိုင်၊ မိမိ ကိုယ်ကို မနိုင်၊ အပြစ် ကို မနိုင်၊ လောက ကို မနိုင်သော ခန္ဓာကိုယ် အမျိုးအစားများ ဖြစ်သည်။
မှား သော အသက်ရှင်နည်း
ဤလောကတွင် အသက်ရှင်နေသူတိုင်း သဘာဝဘေး ဧကန်မုချ ကြုံတွေ့ရမည်။ အကျွန်ုပ် ကြုံတွေ့ရသလို သင်လည်း ကြုံတွေ့ဖို့ရှိသည်။
ဘုရားသခင်၏အသက်နှင့် ဘုရားသခင်၏ ဝိညာဉ်ကို သင်လက်ခံပြီးပါက၊ ယခင်က သင့်ကိုချစ်ခင်သူများပင် သင့်ကိုစိမ်းကား နောက်ဆုတ် သွားကြမည်။
မိသားစုပင် သင့်ကိုနားလည် လွဲမည်။ နတ်ဆိုးနှင့် အပေါင်းပါများက ဝေဖန်၊ ကဲ့ရဲ့၊ ရှုံ့ချ၊ ပြစ်တင်မည်။
နတ်ဆိုး နှင့် လောကက သင့်ခန္ဓာကိုယ် ချိနဲ့၊ အားလျော့၊ ပျက်စီး၊ နာကျင်အောင် သွေးဆောင် တိုက်ခိုက်မည်၊ သင့်အသက် ဝိညာဉ်ကိုပင် တိုက်ခိုက်နုတ်ပစ်မည်။
သဘာဝအသက်၊ သဘာဝစိတ် နှင့် သင် အသက်ရှင် လျှင် --------- သင်စိတ်တို၊ စိတ်နာ၊ စိတ်ပျက် လိမ့်မည်။
စိတ်နှင့် ခန္ဓာကိုယ်ရောဂါဝေဒနာ စွဲကပ်မည်။ သင်၏စိတ်နှင့် ခန္ဓာ၌ ဘုရား တန်ခိုးမရှိခြင်းကြောင့် ဘဝတိုက်ပွဲကို သင်ရှုံးနေခြင်း ဖြစ်သည်။
ခရစ်တော်ကို လက်ခံပြီးသော ဘုရားသခင် ၏ သားသမီးများစွာ ဘဝတိုက်ပွဲ ကျရှုံးနေသည့်အတွက် ဘုရားသခင် ဝမ်းနည်းသည်။ မဖြစ်သင့်၊ မဖြစ်ထိုက်ပါ။
မိမိမှားကြောင်း မသိမချင်း အမှားထဲမှ မလွတ်မြောက်နိုင်
ဘာ့ကြောင့် ကျရှုံး သလဲ
၁။ သဘာဝအသက် နှင့် ရှင်နေခြင်းကြောင့် သဘာဝဘေးဒုက္ခကို မအောင်မြင် နိုင်ခြင်းဖြစ်သည်။
၂။ ဘုရားနှင့် ဘုရားအသက် လက်ခံ ရရှိပြီးလည်း ဘုရားအသက်ကို လူ့နည်း၊ လူ့အစွမ်းဖြင့် ရှင်ခြင်းကြောင့် မအောင်မြင် နိုင်ခြင်းဖြစ်သည်။
၃။ ကိုယ်ရချင်တာ၊ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာတွေကို ဘုရားသခင်ထံ ဆုတောင်းခိုင်းနေခြင်းကြောင့် ကျရှုံးခြင်း ဖြစ်သည်။ မြင့်မြတ်သည့် ဘုရားက နိမ့်ကျသည့် လူ့ဘဝ မျှော်မှန်းချက်မျာ အတွက် လာလုပ်ပေးမည်မဟုတ်ပါ။
ဘယ်လို အောင်မြင်နိုင် မလဲ
ဘုရားသခင် အသက်ထဲမှာ မာရ်ငါးပါးကို အောင်သောတန်ခိုး၊ ပညာသာမက၊ ချစ်ခြင်း၊ ကောင်းမြတ်ခြင်း၊ ကျေးဇူးပြုခြင်း၊ အစေခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း ----------------------- နှင့် ပြည့်စုံသည်။ ဘုရားသခင် ၏ အသက် ကို ခရစ်တော် က သင့်ကိုယ်စား၊ သင့်အတွက်၊ သင့်ထဲမှ ရှင် ပေးမည်။ သင့် ဝိညာဉ်မှ သင့် စိတ်နှင့်
ကိုယ် အင်္ဂါနှင့် အစိတ်အပိုင်း အားလုံးမှ ရှင်ပေးမည်။
သင်က လုံးလုံးလျားလျား အပ် submission မှ ရှင်ပေးမည်။ သင့် အကြံညဏ်နှင့် ဖက်စပ်မလုပ်ပါ။ သင့် အကြံညဏ်၊ အစွမ်းနဲ့ ဖက်စပ်မလုပ်ပါ။ အကန်းယုံ၊ အကန်းခုန်ခြင်းကို ဘုရားလက်မခံပါ။
မိမိအတွက် ဘုရား၏ ရည်ရွယ်ချက်နှင့် စီမံကိန်းကို မိမိအား သန့်ရှင်းသော ဝိညာဉ်တော်က သွန်သင်ဖွင့်ပြရုံမက၊ မိမိ၌ စုံလင်လာအောင် ဖြည့်ပေးသေးသည်။ အကျွနိုပ် တို့၏ အတ္တ၊ ငါ၊ ဇာတိ ------- များ ကို မစွန့်မချင်း မဖြည့် ပေးပါ။
မိမိ၏ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ဇာတိ၊ အတ္တ၊ ငါ၊ မာန်မာန၊ လောဘ၊ ဒေါသ၊ မောဟ၊ ကိလေသာညစ်ညူးခြင်း၊ ဟန်ဆောင်ခြင်းများ၊ တပ်မက်ခြင်းများ၊ စွဲလန်းခြင်းများ၊ ထောင်လွှားခြင်းများ၊ မေတ္တာမဲ့ခြင်းများ၊ သစ္စာမဲ့ခြင်းများ၊ ခါးသီးခြင်းများ၊ အယူလွဲခြင်းများ၊ မိုက်မဲခြင်းများ၊ ဝါကြွားခြင်းများ၊ မတရားမှုများ၊ မထီမဲ့မြင်ပြုခြင်းများ၊ သဝဋ်တိုခြင်းများ၊ ဖောက်ပြန်ခြင်းများ၊ ဘုရား ရှိခိုး ယောင်ဆောင်ခြင်းများ၊ ဘုရား နာမ သုံး ပြီး လုပ်စားခြင်းများ၊ ကွဲပြားခြင်းများ၊ ကိုးကွယ်လွဲခြင်းများ၊ ------------------- စသည့် အပြစ် များကို နေ့တိုင်း တစ်မျိုးပြီးတစ်မျိုး သင့် အားဖွင့်ပြ နောင်တစေလျက် စွန့်ပစ် ခိုင်းမည်။
သင်မသိဘဲ၊ မယုံဘဲ၊ သဘောမတူဘဲ၊ သင် ခွင့်ပြုခြင်းမပါဘဲ သန့်ရှင်းသော ဝိညာဉ်တော်က ဘာမျှမလုပ်ပေးပါ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ယဉ်ကျေးသိမ့်မွေ့သည်၊ အဓမ္မမလုပ်ပါ၊ သင်မသိဘဲ ခိုးမလုပ်ပါ။
သင့်ကို အသိပေးပြီးမှ သင်သဘောတူမှ၊ သင်ခွင့်ပြုမှလုပ်ပေးသည်။
သင်၏ငါနှင့် အပြစ်များကို စွန့်ပစ် emptying ပြီးမှ ဘုရားသခင်၏ ဂုဏ်ရည်များကို သင့်ဝိညာဉ် ထဲဖြည့်ပေး filling မည်။
Emptying precedes filling.
စွန့်ပစ်ခြင်းအရင် စွန့်လွတ်ပြီးမှ ထာဝရ တည်သည့် အရည်အချင်းများ ဖြည့်ပေးမည်။
I have nothing ယေရှုခရစ်၏ စိတ်သဘောမျိုး အကျွန်ုပ်၌မရှိပါ။
I am nothing ဘုရားရှေ့မှာ အကျွန်ုပ်သည် ဘာမျှမဟုတ်ပါ။
I can do nothing ဘုရား နှစ်သက်အောင် ကျွန်ုပ်ဘာမျှမလုပ်တတ်ပါဟု သင်သည် ဗလာနတ္ထိ မဖြစ်မချင်း သင့်ထဲ၌ ဘုရားသခင် လုပ်စရာနေရာလပ်မရှိပါ။ သင့်ထဲမှာ ငါနှင့်ပြည့်နေသ၍ သင့်ထဲမှာ ခရစ်တော်မရှင်သေးပါ။
သင့်အတွက် မရှင်ပေးပါ။
သင့် အတွက်မရှင်လိုပါ။
You in Christ , Christ in you.
ခရစ်တော်၌ သင်တည်မှ သင့်ထဲ၌ ခရစ်တော်ရှင်ပေးမည်။
ဤနှစ်ပိုင်းရှိမှ complete ပြည့်စုံမည်။
တပိုင်းတဝက်သာယူလျှင် မပြည့်စုံ နိုင်တော့ပါ။
ဤစကားများသည် သန့်ရှင်းသောဝိညာဉ် ပြောနေသော ဝိညာဉ်စကားများ ဖြစ်သည်။ ဝိညာဉ်လူသာ နားလည် နိုင်သည်။ ဝိညာဉ်လူ၌ ဖြစ်နေသည်။
ဗူးသစ်ထဲ၌ လက်ခံနိုင်သော စပျစ်ရည်သစ် ဖြစ်သည်။ ဝိညာဉ်တော် ဖွင့်ပြသည့် စကားသစ်များကို ဗူးဟောင်းထဲထည့်မရပါ။
ဇာတိလူ၌ မဖြစ်သေးပါ။ လူဟောင်း စိတ်ဟောင်းဖြင့် ကြားနာရုံ သက်သက်လောက်နှင့် ပြောင်းလဲခြင်း၊ ဖြစ်လာခြင်း မရှိတော့ချေ။
မိမိ၌ ဘုရားသခင်၏ ရည်ရွယ်ချက် မဖြစ်သေးပါလား ?
မိမိ၌ခရစ်တော်၏ စိတ်သဘော မဖြစ်သေးပါလား ?
ဘာ့ကြောင့် ကျွန်ုပ်၌ မဖြစ်သေးတာလဲ ? ဟု သင်၌ သံဝေဂမရမချင်းမိမိမှားတာကို မှားကြောင်း မသိမမြင်၊ ဝန်မခံ၊ မိမိကိုယ်ကို စိတ်မကုန်မချင်း အစစ်အမှန်ကို သင်ရှာမတွေ့နိုင်ပါ။
ရှိရင်းစွဲနေရာကိုမစွန့်ရင် ဘုရားသခင် ချမှတ်တဲ့ ပန်တိုင်သို့မတက်လှမ်း နိုင်ပါ။
အနုတ်လက္ခဏာခံစားမှု့တွေဟာ သင့်စိတ်နှင့်ခန္ဓာကို သတ်နေတဲ့ အဆိပ်အတောက်များ ဖြစ်တယ်။
လူကို ဖန်ဆင်းခြင်း၏ ရည်ရွယ်ချက်
ဘုရားသခင်ပြောသည့် အသက်ရှင်ခြင်း ၄ ဆင့်ကို ပိုင်းခြားလေ့လာပါ။ မူလအစကပင် လူကို ကောင်းကင်တမန်များနှင့် နတ်ဆိုးများထက် မြင့်မြတ်အောင် ဖန်ဆင်းထားရုံမက၊ ဘုရားသခင်၏ ဘုန်း၊ တန်ခိုး၊ ပညာပေးပြီး ဖန်ဆင်းခံ သတ္တဝါများနှင့် ကမ္ဘာမြေတပြင်လုံးကို လူအား အုပ်စိုးခွင့်၊ နိုင်ခွင့်ပေးထားသည်။
လူအာဒံသည် ဘုရားသခင်ခန့်ထားသည့် ဤလောက၏
king = မင်း
lord = အရှင်သခင်
god = ဘုရား
commander = လေ၊ မြေ၊ ရေ နှင့် အရာခပ်သိမ်းကို စီမံကွပ်ကဲ အုပ်ချုပ်ရေးမှူးချုပ် ဖြစ်သည်။
လူ၏အဓိကအလုပ်သည် ဘုရားသခင်ကို ယဉ်ပြိုင်ဆန့်ကျင်ပုန်ကန်သည့် နတ်ဆိုးများကို အုပ်စိုးဖို့၊ နိုင်ဖို့ ဖြစ်သည်။
ထိုအချိန်က လူအာဒံ၌ အပြစ်ကင်းသည့် သန့်ရှင်း၊ ကောင်းမွန်သော ကိုယ်ခန္ဓာနှင့် ဘုရားသခင်၏ ဘုန်း၊ တန်ခိုး၊ ပညာ သာ ရှိသည်။ သူတို့၌ ဘုရားသခင်၏ အသက် နှင့် ဘုရားမကိန်းဝပ်သေးပါ။ သို့ပေမယ့် နတ်ဆိုးကို နိုင်နိုင်စွမ်းရှိသည်။
ဘုရားသခင် ဘုန်း၊ တန်ခိုး၊ ပညာရှိသည့် လူအာဒံထက် ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ဘုရားသခင်၏အသက်ကို ရရှိ သော ကျွနိုပ်တို့က အဆထောင်ပေါင်းများစွာ ------- အလွန့် ------- အလွန် ------- သာလွန် super မြင့်မြတ် ကြီးမား အစွမ်းထက်သည်။
ထို့ကြောင့် မိမိ၏ စိတ်ထဲ၊ ခန္ဓာထဲ၊ မိသားစုထဲ၊ ခြံထဲ၊ အသင်းတော်ထဲ ------- အသိုက်အဝန်းထဲ၊ ခရီးသွားမည့် လမ်းတလျှောက်ထဲ ------- ရှိ မကောင်းဆိုးဝါး၊ ဉာဉ်ဆိုး၊ နတ်ဆိုးများ ကို ဘုရားသခင်အား လူကရှင်းခိုင်းဖို့ တာဝန် လွှဲလျှင် ဘုရားသခင် တာဝန်ယူ မလား ?
မယူပါ။
ဤလောကရှိ အရာခပ်သိမ်းကို လူက အုပ်စိုးဖို့၊ နိုင်ဖို့ လူကို ဘုရားသခင် တာဝန်ပေးထားသည်။
လူက ဘုရားသခင်အား နတ်ဆိုးနှင့် မကောင်း ဆိုးဝါးများကို ချေမှုန်း ဖယ်ရှား ခိုင်းလျှင် ဘုရားသခင် လုပ်မလား ?
မလုပ်ဘူး ------- မလုပ်ဘူး ------- မလုပ်ပါ။
ဘာ့ကြောင့် ဘုရား မလုပ် သလဲ
ဖန်ဆင်းရှင် ဘုရားက ဖန်ဆင်းခံသတ္တဝါ နတ်ဆိုးကို အနိုင်မကျင့်ပါ။
ဂရုဏာရှင်သည် ကြီးနိုင် ------- ငယ်ညှင်း မလုပ်တတ်ပါ။
တရားမင်းသည် မတရားမကျင့်ပါ။
ပညာရှိသည် ပိုင်စိုးပိုင်နင်း မလုပ်တတ်ပါ။
သန့်ရှင်း မြင့်မြတ်သောအရှင်သည် ယုတ်ညံ့နိမ့်ကျသည့် အလုပ်မလုပ်ပါ
ယာဝေ YAHWEH ဘုရားသခင်သည် ညဏ်ပညာ၊ စည်းစနစ်နှင့် တရားနှင့် ညီသောဘုရားဖြစ်သည်။
လူကဲ့သို့ ရမ်းလုပ်ရမ်းပြောခြင်း မရှိပါ။
ဘုရားသခင်ကို လူက ဆုတောင်း ခိုင်းစေတိုင်း လုပ်သည့် လူ၏အစေအပါးဟု သင်ထင်လျှင်မှားပြီ။ ယာဝေ ထာဝရဘုရားသည် သင်ယုံချင်တာကို ယုံ၊
သင်ခိုင်းချင်တာကို လုပ်သောဘုရားမဟုတ်ပါ။
ဘုရာသခင် ၏ ရည်ရွယ်ချက်
မူလအစကပင် လူကိုအဆင့်အမြင့်ဆုံး၊ ဘုန်းတန်ခိုး၊ ပညာ အရှိဆုံး -------- ကောင်းကင်တမန်များနှင့် နတ်တို့ထက် မြင့်အောင် ဖန်ဆင်းထားခြင်းမှာ ----------နတ်ဆိုးနှင့် အပေါင်းအပါများကို လူက အုပ်စိုးဖို့၊ နိုင်ဖို့၊ စီရင်ဖို့ ဖြစ်သည်။ ၁ကော၊ ၆:၂,၃၊ ၂ပေ၊၂:၄,၅၊ ၁ပေ၊ ၂:၄-၁၀။
ယခု လူထဲ၌
God’s life ဖန်ဆင်းရှင်ဘုရား၏ နာမ်သက်
God’s nature ဘုရား ပကတိ၊ သဘောသဘာဝ
God’s likeness ဘုရားသခင်၏ အဖြစ်တော်
God’s image ဘုရားသခင်၏ သဏ္ဌာန်တော်
God’s present ဘုရားသခင် ကိုယ်တော်တိုင် တည်ရှိခြင်း
God’s fullness ဘုရားသခင်၏ စုံလင် ပြည့်ဝခြင်းများကို ကာယကံရှင် လူ၏ အသိ၊ ဆန္ဒ၊ သဘောတူ ခွင့်ပြုခြင်းဖြင့် နေ့စဉ် သန့်ရှင်းသော ဝိညာဉ်တော် က ဖွင့်ပြ၊ သွန်သင်၊ ပဲ့ပြင်၊ ပုံသွင်း၊ ဖြည့်ပေး နေ သည်။
ကာယကံရှင် လူက မသိဘဲ၊ မလိုချင်ဘဲ၊ ခွင့်မပြုဘဲ၊ ဆန္ဒ မပါဘဲ -------- ဘုရားသခင်၏ ဝိညာဉ်တော်က ခိုးမလုပ် တတ်ပါ။ မိမိထဲ သန့်ရှင်းသော ဝိညာဉ်တော် သွန်သင်၊ ပဲ့ပြင်၊ ဖြည့်ပေးသမျှ ဘုရားသခင်၏ အရည်အချင်းအားလုံး လူထဲ ထာဝရတည်သည်၊ မိမိ ၏ ကိုယ်ပိုင်အရည်အချင်း ဖြစ်သွားသည်။
မိမိကို ဘုရားသခင် ဖြစ်စေချင်သည့်
သတ္တဝါသစ် godman ဘုရားလည်းဖြစ်
လူလည်းဖြစ်သူသာ နတ်များကို နိုင်သည်။ ဤကမ္ဘာမြေတပြင်လုံးကို နတ်ဆိုး၏ အပေါင်းပါများလက်မှ ပြန်သိမ်းယူကာ၊ ဘုရားသခင်၏ နိုင်ငံတော် ပြန်တည်ထောင် နိုင်မည်။
သတ္တဝါသစ် = godman ဖြစ်သူသာ ခရစ်တော်နှင့်တွဲဖက် စိုးစံခွင့်ရှိသည်။ ယခု ခရစ်တော်နှင့်အတူ ကောင်းကင်ပလ္လင်ပေါ် ထိုင်ခွင့်ရသည်။ ခရစ်တော်နှင့် အတူ ထာဝရ ဘုရင်အဖြစ် အုပ်စိုး King of kings ဖို့ ယခုကပင် လူသည် ဘုရားသခင်၏ အစမ်းခန့်၊ အလုပ်သင် ဖြစ်နေသည်။
ခရစ်တော်သည် godman = ဘုရား လည်းဖြစ် လူလည်းဖြစ်သည်။ ခရစ်တော် ၏ သတို့သမီးဖြစ်သူသည် ခရစ်တော်နှင့် အရည်အချင်းတူ၊ မျိုးတူ၊ ဘုရားလည်းဖြစ် လူလည်းဖြစ်သည်။ ထို့ကြောင့် Identification with Christ = ခရစ်တော်နှင့် ထပ်တူထပ်မျှ ဖြစ်ပါလို့ ဘုရားသခင်ပြောခြင်းဖြစ်သည်။
ခရစ်တော်အတိုင်း ဘုရားသခင်၏ ဂုဏ်ရည်နှင့် ပြည့်စုံသူသည် ခရစ်တော်လို မြေလျှိုးမိုးပျံနိုင်သော တန်ခိုးလည်း ရှိသည်။ လုံခြုံစွာပိတ်သောတံခါးနှင့် ပြတင်းပေါက်များကို ဖွင့်စရာမလိုဘဲ အဆောက်အဦး ကျောက်နံရံကို ဖြတ်ဝင်၊ ဖြတ်ထွက်နိုင်သည်။ ခရစ်တော်နည်းတူ ကိုယ်ဖျောက်နိုင်ပြီး၊ ကိုယ်ထင်ရှားလည်း ပြနိုင်သည်။ ခရစ်တော်၏ အရည်အချင်းမျိုး ရှိသူများသာ ခရစ်တော်နှင့် တွဲဖက်အမွေခံ၊ တွဲဖက်စိုးစံ သူများဖြစ်သည်။ ထာဝရ အနာဂတ်တွင် ခရစ်တော် က
King of kings ဘုရင်တကာ၏ ဘုရင်
Lord of lords အရှင်တကာ၏ အရှင်
God of gods ဘုရားတကာ၏ ဘုရား
ဖြစ်သည့် အခါ ------- ဗဟုကိန်း = plural နှင့် ရေး ထားသည့်
kings = ဘုရင် တကာ များ
lords = အရှင် တကာ များ
gods = ဘုရား တကာ များ
ယခု ခရစ်တော်၏ ပြန်ရှင်ခြင်းအသက်နှင့် ရှင်လျက် In Christ = ခရစ်တော် ၌ တည်နေသူများဖြစ်သည်။
ဘုရားသခင် ကျေနပ်စေသည့် အသက်မျိုးရှင်သော godman ဘုရား၏ ဂုဏ်ရည်နှင့် ပြည့်သူပဲ ကောင်းကင်သစ်၊ မြေကြီးသစ် ဖန်ဆင်းပြီးချိန်၌ တစ်ကမ္ဘာမှ တစ်ကမ္ဘာသို့ မိနစ်ပိုင်းအတွင်း မြေလျှိုး မိုးပျံ သွားပြန်နိုင်သည်။
Half gospel သတင်းကောင်းတခြမ်းသာ ယုံကြည်လျက် ဘုရားသခင်၏ ခွင့်လွတ်ခြင်းလောက်နှင့် မိမိကိုယ်ကို ကြေနပ်နှစ်သိမ့်နေသူများတို့သည် ခရစ်တော်၏ ကြီးရင့်ခြင်းပမာဏသို့ မရောက်ဘဲ ကျပ်မပြည့်ခြင်းကြောင့် အသစ်ဖန်ဆင်းသည့် ဂြိုလ် ကမ္ဘာသစ် ၌ သံလှံတန်ဖြင့် ဆုံးမအုပ်စိုးခြင်းခံရမည်။
သမ္မာတရား truth တခြမ်းသာ ယုံကြည်သောလူများ သေလွန်လျှင် လူ တော့ ပြန်ဖြစ်မည်။ မွေးလာစဉ်က ဗလာနတ္ထိ၊ ဘုန်းမရှိ၊ တန်ခိုး မရှိ၊ ပညာ မရှိ၊ ငြိမ်သက်ခြင်း မရှိ၊ ချစ်ခြင်း မရှိ၊ အလှအပ မရှိ၊ ကြက်သရေ မရှိ ခဲ့သည့် အတိုင်း မြေကြီးသစ် ရောက်တော့ ဗလာနတ္ထိ ဖြစ်မည်။ ထို့ကြောင့်ယခု ကျေးဇူးတော် ခေတ်တွင် -------- လူ ကျင့်ကြံကြိုးစား၍မရ၊ မဖြစ်နိုင်တာများ ကို --------- သေခြင်းမှပြန်ရှင်သော ခရစ်တော်နှင့် သန့်ရှင်းသောဝိညာဉ်တော် က မိမိအတွက် အသက်ရှင်၊ လုပ်ဆောင်ဖြည့်ပေးနေချိန် ဖြစ်သည်။
ယာဝေ ထာဝရဘုရားသည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် - အချိန်သုံးပိုင်း စလုံး - အသက်ရှင်လျက် ကျွန်ုပ်တို့အတွက် ---- လုပ်ပေးခဲ့ပြီးတာကတခြမ်း ယခုလုပ်ပေး နေဆဲက ကျပ်ပြည့်ဖို့ နောက်လ ---- နောက်နှစ်လည်း စုံလင်အောင် ဆက်လုပ်ပေးဦးမည်။
½ truth is lies
သမ္မာတရား တခြမ်းသာ ပြောခြင်းသည် မုသာဖြစ်၏။
½ obedience is disobedient
ဘုရားစကား တခြမ်းသာ နာခံခြင်းသည် မနာခံခြင်းဖြစ်သည်။
လူတစ်ဦးသည် သူ့ဖာသာ မည်မျှ ကြိုးစားလည်း သမ္မာတရား တစိတ်တပိုင်း သာ သိနိုင်သည်။ အကယ်၍ ဆရာတစ်ဦး တည်းထံ သင်တသက်တာလုံး ဆည်းပူး နားထောင်လျှင် တစိတ်တပိုင်းသာ သင်သိပြီး ကျပ်မပြည့်နိုင်တော့ချေ။
ထို့ကြောင့် စွမ်းရည်သတ္တိမတူ၊ အတတ်ပညာ မတူ၊ အသိအမြင် မတူသည့် ဘုရားသခင်၏ လူအမျိုးမျိုးကို ယုံကြည်သူများ တိုးတက်ကြီးထွားလာဖို့ အသင်းတော်၌ ဘုရားသခင် ခန့်ထားခြင်း ဖြစ်သည်။ ၁ယော၊ ၁:၂-၃,၅-၇,၉။ ၂:၂၇။ ယော၊၁၅:၁,၄,၅,၂၆။ ၁၄:၁၀။ ၁ရ:၂၀,၂၃။ ရော ၈:၂,၆,၉-၁၁,၁၃,၁၄,၁၆,၂၃,၂၆,၂၇။ ဧ၊၂း၁၈။ ၃:၁၄,၁၆,၁၇-၁၉။ ၄:၆-၁၆။ ဖိ၊၂:၁၃။ ၁ကော၊၂:၄,၉-၁၅။၁၂:၄-၁၀,၁၁။ ၁၅:၄၅။
၂ကော၊၁:၂၁-၂၂။ ၃:၃,၆,၈,၁၇,၁၈။ ၁၃:၁၄။ ဂလ၊ ၃:၁၄။ ၅:၁၆,၁၈,၂၂,၂၅။ တ၊၂:၄,၃၈။ ၆:၃,၅။ ၁၀:၃၈,၄၅။၁၅:၈။ ရ:၅၅။၁၁:၂၄။ ၁၃:၃,၄,၅၂။
ဘုရားသခင်၏ အသက်ကို
ကျွန်ုပ်တို့ထဲမှာ
ကျွန်ုပ်တို့အတွက်
ကျွန်ုပ်တို့မှ
အခြား လူထဲသို့ ခရစ်တော်ရှင်ပေးသည်။ရွှေလင်းယုန်
Credit: ဆရာသိန်းဌေး
Source:http://dccinthailand.blogspot.com/2011/09/purpose-of-god-from-drthein-htay_20.html?m=1
Sunday, January 12, 2020
ဘုရားသခင် ၏ ရည်ရွယ်ချက်
Subscribe to:
Posts (Atom)