Sunday, September 8, 2019

ဘုရားသခင်ကိုကြောက်ရွံ့ခြင်းမင်္ဂလာ၇ပါး


၁။ ပညာရခြင်းမင်္ဂလာ
ထာဝရဘုရားကို ကြောက်ရွံ့သော သဘောသည် ပညာ၏ အချုပ်အခြာဖြစ်၏။
ဆာလံကျမ်း ၁၁၁:၁၀

၂။ အသက်ရှည်ခြင်းမင်္ဂလာ
ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် အသက္တာကို ရှည်စေတတ်၏။ မတရားသောသူ၏ နှစ်ပေါင်းကာလမူကား တိုတတ်၏။
သုတ္တံကျမ်း ၁၀:၂၇

၃။ ဂုဏ်စည်းစိမ်ရခြင်းမင်္ဂလာ
ထာဝရဘုရားကို ကြောက်ရွံ့ခြင်းကျေးဇူးကြောင့် စည်းစိမ်၊ ဂုဏ်အသရေ၊ အသက္ကို ရတတ်၏။
သုတ္တံကျမ်း ၂၂:၄

၄။ ချမ်းသာခြင်းမင်္ဂလာ
ထာဝရဘုရား၏ သန့်ရှင်းသူတို့၊ ထာဝရဘုရားကို ကြောက်ရွံ့ကြလော့။ ကြောက်ရွံ့သောသူတို့၌ ဆင်းရဲခြင်းမရှိရာ။
ဆာလံကျမ်း ၃၄:၉

၅။ ဂရုဏာရခြင်းမင်္ဂလာ
ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့၌ ကရုဏာတော်သည် အားကြီးပေ၏။
ဆာလံကျမ်း ၁၀၃:၁၁

၆။ ကယ်တင်ခြင်းမင်္ဂလာ
ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့နှင့် ကရုဏာတော်ကို ခိုလံှုသောသူတို့သည်၊ သေဘေးနှင့် ကင်းလွတ်မည်အကြောင်း၊ အစာခေါင်းပါးသည် ကာလ၌ အသက်ရှင်မည်အကြောင်း၊ သူတို့ကိုကြည့်ရှုလျက် ရှိတော်မူ၏။
ဆာလံကျမ်း ၃၃:၁၈-၁၉

၇။ သားစဉ်မြေးဆက်မင်္ဂလာ
ထာဝရဘုရားကို ကြောက်ရွံ့၍၊ ပညတ်တော်တို့၌ အလွန်မွေ့လျော်သော သူသည် မင်္ဂလာရှိ၏။ ထိုသူ၏ သားမြေးတို့သည် မြေပေါ်မှာ အားကြီးကြလိမ့်မည်။ ဖြောင့်မတ်သော သူတို့၏ အမျိုးအနွယ်သည် မင်္ဂလာရှိတတ်၏။
ဆာလံကျမ်း ၁၁၂:၁-၂

Ye Ming (ပတ္တမြားမြေ)
www.facebook.com/yeming0


No comments:

Post a Comment