ကောင်းကင်နိုင်ငံနှင့် လောကီနိုင်ငံကို ဖန်ဆင်းသည့်
ယာဝေ ထာဝရဘုရားသည် စကြာဝဋ္ဌာ၊ မြေကြီး၊ သစ်ပင်၊
သတ္တဝါနှင့် လူမရှိခင်ကပင် ရှိခဲ့သည့် တစ်ဆူတည်းသော စစ်
မှန်သည့် အသက်ရှင်သောဘုရား ဖြစ်ခဲ့သည်။ ယခုလည်း အသက်ရှင်သော စစ်မှန်သည့်ဘုရား ရှိနေသည်။ ဆက်ပြီးလည်း ထာဝရအသက်ရှင် တည်ရှိနေဦးမည်။ ဖန်ဆင်းခံ အရာအားလုံး တစ်နေ့ပျောက်ကွယ် ကုန်မည်။
ကောင်းကင်များ
မြေကြီး
မူလ အစ
အမှောင်နှင့်ရေ ဖုံးလွမ်းပျက်စီးသော ကမ္ဘာ
ပြန်လည် ဖန်ဆင်းသည့် ယခုကမ္ဘာ
ကောင်းကင်တမန်မင်း လူစီဖာနှင့် အပေါင်းပါ ကောင်း
ကင်တမန် သုံးစုတစ်စုတို့က ဘုရားသခင်ကို ပုန်ကန်ခြင်း
ကြောင့် ကောင်းကင်ဘုံမှ နှင်ထုတ်ခံရပြီး ...၊ နတ်ဆိုး ဘဝ
သို့ ကျဆင်းခဲ့ကြသည်။
ဘုရားသခင် ဖန်ဆင်းထားသည့် မူလကမ္ဘာလည်း
ရေနှင့်အမှောင် ဖုံးလွမ်းကာ၊ ပျက်စီးခြင်းနှင့် သေခြင်းကြီးစိုး
သွားသည်။
ခွဲခြားခြင်း ၄ ဆင့်
သေခြင်းမှ ရှင်ခြင်းသို့ ဘုရားသခင်ပြန်လည်ဖန်ဆင်း
သည့်အခါ ၄ ဆင့် ခွဲခြားခြင်းဖြင့် ပိုင်းခြားပြီးနောက် သာယာ
လှပသည့် ကျွန်ုပ်တို့ နေသော ကမ္ဘာကြီး ဖြစ်လာသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် သက်မဲ့ကမ္ဘာအပေါ် ဝပ်
လျက် လှုပ်ရှားတော်မူ၏။
က။ “လင်းစေ” ဟု ဘုရားသခင်မိန့်တော်မူလျှင် အလင်းနှင့်
အမှောင် ခွဲခြားသွားသည်။
ခ။ “ကောင်းကင် မျက်နှာကျက် တည်စေ” ဟု ဘုရားသခင်
မိန့်တော်မူလျှင် ကောင်းကင် အထက်ရေ နှင့် ကောင်းကင်
အောက်ရေ ခွဲခြားသွားသည်။
ဂ။ “ကောင်းကင်အောက် ရေစုစေ၊ ကုန်းပေါ်စေ” ဟု ဘုရား
သခင် မိန့်တော်မူလျှင် ကုန်းမြေနှင့် ပင်လယ် ခွဲခြား သွား
သည်။ ပေါ်လာသည့် မြေပေါ်၌ စားပင်၊ သီးပင်၊ သစ်ပင်များ
ကို သူ့အမျိုးအလိုက် အစေ့နှင့် ဘုရားသခင်ပေါက်စေ၏။
ဃ။ “ကောင်းကင်၌ နေ့၊ ည၊ နှစ်၊ ရာသီ၊ အချိန်အခါ ကို ပြ
သည့် အလင်းအိမ်တည်စေ” ဟု ဘုရားသခင် မိန့်တော်မူ
လျှင် နေ၊ လ၊ ဂြိုလ်နက္ခတ် နှင့် ကြယ်များ တည်ရှိ လာ
သည်။ ဘုရားသခင် ဖန်ဆင်းသည့် နေအလင်း နှင့် အပူရှိန်
ကြောင့် ပင်လယ်ရေထဲ၊ လေထဲနှင့် မြေပေါ်၌ အသက်ရှင်
သော သတ္တဝါများ ရှင်သန်လာခြင်းဖြစ်သည်။
ဘုရားသခင် ပိုင်းခြားသည့် ခွဲခြားခြင်း ၄ ဆင့် အားဖြင့်
သေနေသောကမ္ဘာမှ အသက်ရှင်သည့် သစ်ပင်နှင့်သတ္တဝါ
များဖြစ်ပေါ် တည်ရှိလာခြင်း ဖြစ်သည်။ က၊ ၁:။
အသက်ရှင်ခြင်း ၄ ဆင့်
က။ Lowest life အနိမ့်ဆုံး အသက်
စားပင်၊ သီးပင်၊ သစ်ပင်၊ ပန်းပင် အမျိုးမျိုးတို့သည် မြင့်သော
သက်ရှိများအတွက် ဖန်ဆင်းထားခြင်းဖြစ်သည်။
အနိမ့်ဆုံးအသက်၌ ဝိညာဉ်မရှိ၊ အသိညဏ်မရှိ၊ ရွေ့လျား
ပြေးလွှားခြင်း မရှိချေ။ ရှင်သည့်နေရာ၌ အမြဲနေသည်။
ခ။ Higher life မြင့်သောအသက်
ကောင်းကင်တမန်များနှင့် သတ္တဝါများသည် အမြင့်ဆုံး အ
သက်အတွက် ဖန်ဆင်းထားခြင်း ဖြစ်သည်။ အသိညဏ် ရှိ
သည်၊ ခံစားစိတ်ရှိသည်၊ ရွေ့လျားပြေးလွှားသည်၊ အနိမ့်ဆုံး
အသက်ကို စားသောက်ရှင်သန် ပျော်မွေသည်။ ကောင်းကင်တမန်များမှာ နာမ်ဝိညာဉ် ပုဂ္ဂိုလ်များဖြစ်သည်။
တိရစ္ဆာန်၌ ဝိညာဉ်မရှိခြင်းကြောင့် နာမ်ဝိညာဉ် ဘုရားနှင့် မဆက်သွယ်နိုင်ပါ။
ဂ။ Highest life အမြင့်ဆုံး အသက်
လူ ကို God ’s image = ဘုရားသခင်၏ သဏ္ဌာန်တော်၊
God ’s likeness = ဘုရားသခင်၏ အဖြစ်တော်နှင့် အညီ
ဘုရားသခင်နှင့် မျိုးတူအောင် ဖန်ဆင်းထားခြင်းကြောင့် လူသည် ဘုရားနှင့် ထိတွေ့နိုင်၊ ဆက်သွယ်သဟာယဖွဲ့နိုင်၊
ဘုရားသခင်ကို လက်ခံနိုင်၊ ဘုရားသခင်နှင့် ပေါင်းဖက်နိုင်၊
ဘုရားသခင်၏ ဝိညာဉ်နှင့် တစ်ဝိညာဉ်တည်း ဖြစ်နိုင်၊ ဘုရား
သခင်၏ အသက်နှင့် ရှင်နိုင်အောင် ဖန်ဆင်းထားသည်။ လူသည် ဖန်ဆင်းခံ ရခါစက အမြင့်မြတ်ဆုံး၊ ထက်မြတ်ဆုံး၊
ဘုန်းတန်ခိုးအကြီးဆုံး၊ ညဏ်ပညာအကြီးဆုံး၊ လွတ်လပ်
ဆုံး၊ လုပ်နိုင်စွမ်းအကြီးဆုံးဖြစ်သည်။
လူကို ဘုရားသခင်၏ ဘုန်းတန်ခိုး God ’s glory နှင့်
ဘုရားသခင်၏ ပညာ God ’s wisdom ပေးလျက် ဘုရား
သခင်ကို ကိုယ်စားပြုပြီး ကမ္ဘာကြီးကို အုပ်စိုးဖို့၊ နိုင်ဖို့ ဘုရား
သခင်၏ ခန့်ထားခြင်း ခံရသည်။
လူသည် ဖန်ဆင်ခံ ရခါစက အပြစ်ကင်းစင်သည်၊ သန့်ရှင်း ဖြောင့်မတ်သည်၊ မအို၊ မနာ၊ မသေနိုင်ပါ။ ကမ္ဘာ
ပေါ်တွင် လူ သည် ဘုရားသခင် ၏ ခန့်ထားခြင်း ခံရသည့်
king ဘုရင်
god ဘုရား
lord အရှင်သခင်
commander လေထဲ၊ မြေပေါ်နှင့် ရေအောက်ရှိ သက်ရှိ
သက်မဲ့ အားလုံးကို စီမံကွပ်ကဲပိုင် သည့် God ’s
representative ဘုရားသခင် ၏ ကိုယ်စားလည်တော်
ဖြစ်သည်။
လူကို ဘုရားသခင် ဖန်ဆင်းရခြင်းသည် လူကဘုရား
သခင်နှင့် ရင်းနှီးတော်စပ်ဖို့၊ ဘုရားသခင်ကို အမွေရဖို့၊ ဘုရား
သခင်၏ နိုင်ငံတော်ကို ဘုရားနှင့် အတူ တွဲဖက်စိုးစံဖို့ ဖြစ်
သည်။
လူ ကို ကမ္ဘာ မြေပြင်ပေါ် ထားခြင်းသည် ဘုရား
သခင်၏ အသက်နှင့် လူသည် အသက်ရှင်ပြီး ဘုရားသခင် ၏ ဘုန်းတန်ခိုးကို ကိုယ်တွေ့ ထင်ရှားဖို့ ဖြစ်သည်။ ဤကမ္ဘာ
မြေကြီးသည် ဘုရားသခင် ၏ ကျောင်းတော်ကြီး ဖြစ်သည်။
လူကို ဘုရားသခင် သင်တန်းပေးစရာ ရှိပြီး၊ ထပ်မံ မြင့်တင်ဖို့
ပေးစရာ များစွာ ရှိသေးသည်။
လူသည် အပြစ်ကင်းစင်ပြီး သန့်ရှင်း ဖြောင့်မတ်ခြင်း ရှိငြား
လည်း၊ မအို၊ မနာ၊ မသေနိုင်လည်း လူ၌ ဘုရားသခင် ၏ ရည်ရွယ်ချက် မပြည့်စုံသေးပါ၊ ဘုရားသခင် အလိုတော် ရှိသည့် အဆင့်သို့ မရောက်ပါ။
ဧဒင်ဥယျာဉ် ၌ ဘုရားသခင် စိုက်ပျိုးထားသည့် အ
သက်ပင် Tree of life သည် ဘုရားသခင်၏ အသက်ဖြစ်
သည်။ ဘုရားသခင်၏ အလိုတော်နှင့် ရည်ရွယ်ချက်မှာ လူ ကို ဘုရားသခင်၏ အသက်ရစေပြီး ဘုရားသခင်၏ ဂုဏ်ရည်
နှင့် အသက်ရှင်စေချင်သည်။
ဃ။ Uncreated divine life ဖန်ဆင်းရှင် ၏ နာမ်သက်
ဖန်ဆင်းရှင်၏ နာမ်သက် ၌ “ ဖြစ်စေ” တန်ခိုး အစွမ်း ရှိ
သည်။ ဖန်ဆင်းရှင်ဘုရား၏ အသက်၌ ရှိသော ဂုဏ်ရည်၊ အစွမ်း၊ ချစ်ခြင်းမေတ္တာ၊ သန့်ရှင်းခြင်း အရည်အသွေးများမှာ
ထာဝရ တည်သည်။ ညစ်ညူး လျော့နည်း ဖောက်ပြန်ခြင်း
မရှိပါ။ အကန့်အသတ်မဲ့ ဖြစ်သည်။ မြေလျှိုး မိုးပျံနိုင်သည်။
လူ ကို ဘုရားသခင် ချစ်သောကြောင့် လူအား ဘုရားသခင် ၏ အသက် ရစေချင်သည်၊ လူအား မိမိ ကိုယ်ကို ဘုရားသခင် ပေးသည်။
God gives His life and Himself to man
အထက်၌ ဖော်ပြသော အသက် ၄ မျိုးတွင် ပထမ သုံမျိုးမှာ ဖန်ဆင်းခံ အသက်များ ဖြစ်သည်။ လူကို ဖန်ဆင်း
ခံ အရာများနှင့် တတိယဆင့် အသက်တာ ရရုံဖြင့် ကျေနပ်
ဖြုန်းတီး မနေစေချင်ပါ။ လူကို ဖန်ဆင်းရှင်၏ နာမ်သက် Uncreated divine life နှင့် အသက်ရှင်စေချင်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် အသက်ရှင် စေချင်သည်။
တရား ၄ မျိုး
ခန္ဓာ > စိတ် > ဝိညာဉ်
က။ ဖန်ဆင်းစက လူအပေါ် ဘာတရားမျှ ချုပ်ကိုင်ခြင်း မရှိ
ပါ။ လူ အာဒံနှင့် ဧဝတို့သည် နတ်ဆိုးစကားကို နားထောင်
ခြင်းကြောင့် လူ၏ ခန္ဓာကိုယ်ထဲ အပြစ်တရား = sin ဝင်ကာ
လူ၏ စိတ်ထဲ အသိတရား အပိုတိုးလာသည်။
ခ။ လူ၏ ဝိညာဉ်မှာ အပြစ်ကြောင့် ဘုရားနှင့် အဆက်ပြတ်
ကာ နာမ်အာရုံများ ရပ်တံ့သေဆုံးသွားသည်။ ထို့ကြောင့် လူ
၌ အားကိုးရာ၊ မှီခိုရာ၊ ခိုလှုံရာ မရှိတော့သည့် အတွက် အသိ
တရားက ဆရာလုပ်လာသည်။ အသိတရားက ကောင်း၊ မ
ကောင်း၊ မှန်၊ မမှန် ဘယ်လောက် ပြောပြော ခန္ဓာကိုယ် က
မလုပ်နိုင်၊ အသိတရား ကလည်း လုပ်နိုင်သည့် အစွမ်းတန်ခိုး
မပေးနိုင်၊ ဆရာပဲ လုပ်တတ်သည်။
အပြစ်တရားသည် အပြစ်လုပ်စေသော တန်ခိုးဗီဇ =
အဆိပ်အတောက် ဖြစ်ခြင်းကြောင့် လူ၏ ကိုယ်အင်္ဂါ အ
တွေး၊ စိတ်ထား၊ မျက်စိ၊ နား၊ နှုတ်လျှာ၊ ပါးစပ်၊ ခြေ၊ လက်
တို့ကို အပြစ်လုပ်ဖို့ လှုံ့ဆော်စေခိုင်းသည်။ လူ၏ ကိုယ်ခန္ဓာ
တစ်ခုလုံး အပြစ်၏ကျေးကျွန်ဘဝသို့ ကျဆင်းသွားသည်။
လူထဲရှိ အသိတရားက တန်ခိုးမရှိ၊ အပြစ်တရား က
တန်ခိုးကြီးနေသည်ကို လူကနားမလည်၊ မပိုင်းခြားတတ်
ခြင်းကြောင့် လူတိုင်း ခြာခြာလည်နေကြသည်။ တစ်နေ့
ထက်တစ်နေ့ လူသည် ဆိုးသွမ်း၊ ယုတ်မာ၊ ယိုယွင်း၊ ကြမ်း
ကြိုတ်လာကြသည်။
အသိတရားက အပြစ်တရားကို ထိန်းမရနိုင်တော့ပါ။
အပြစ်တရားက တစ်နှစ်ထက် တစ်နှစ်ပို ယုတ်မာ ကြီးထွား
လာသည့်အတွက် ဒုစရိုက်မှုများ၊ မတရားမှုများ နှင့် ဒုက္ခ
ဆင်းရဲ တိုးပွားလာသည်။
ဂ။ ပညတ်တရား
အပြစ်ဒုစရိုက် ပွားများပြန့်နှံ့နေသည့် လူအတွက် B.C.
1480 တွင် ဘုရားသခင်၏ ပရောဖက်များအားဖြင့် ပညတ်
တရားများကို လူသားများအား ဘုရားသခင် စတင်ပေးခဲ့
သည်။ လူကို ဖန်ဆင်းပြီး နှစ် ၂၀၀၀ ကျော်ပြီးမှ လူအား ပညတ်တရားများ စပေးခြင်းဖြစ်သည်။ ထို့နောက်မှ ယုဒ
ဘာသာ၊ ဟိန္ဒူဘာသာ၊ ဗုဓ္ဒဘာသာ၊ ခရစ်ယာန်ဘာသာ နှင့် AD ၆၀၀ ကျော်မှ မူစလင်ဘာသာ ပေါ်ထွန်းခဲ့သည်။
ဘာသာတရားအားလုံးက လူသည် အပြစ်ကျူးလွန်နေ
ကြောင်း
အပြစ်ကျူးလွန်လျှင် ပြစ်ဒဏ်ခံရမည့်အကြောင်း
ငရဲမှာ ပြစ်ဒဏ်ခံရဖို့ရှိကြောင်း
စိုက်ရင် ရိတ်ရမယ်၊ လုပ်ရင်ခံရမယ့် ကံတရားရှိကြောင်း၊
လူသည် နောင်တမလွန် ဘဝ ရှိကြောင်း
သေပြီးလျှင် မပြီးသေးကြောင်း
လူ မသေမှီ ပြစ်ဒဏ် မှ လွတ်မြောက်စေမည့် ဘုရားကို
အရင်ရှာတွေ့အောင် တရားများက သတိပေးနှိုးဆော်သည်။
ဘာသာတရားများက လူကို မကယ်တင်နိုင်ပါ။ လူ ပေးဆပ်ရမည့် ပြစ်ဒဏ်နှင့် အကုသိုလ်ကို ဘာသာတရား က
ပေးချေ ခွင့်လွတ်ပိုင်ခွင့်မရှိပါ။ ဘာသာတရားက လူကို ကောင်းမွန်အောင် ပြုပြင်ထိန်းသိမ်း နိုင်စွမ်းမရှိပါ။
ဘုရားသခင် တစ်ပါးတည်းသာ လူ၏ အပြစ်ကြွေး ကို ဖြေရှင်းခွင့်လွတ် ပေးနိုင်သည်။
ဘာသာတရားသည် ကြေးမုံမှန်နှင့် တူသည်။
မိမိမျက်နှာ၌ ရှိသည့်ဝက်ခြံများ၊ ပေကြန် ရုပ်ဆိုး
စေသည့် အရာများကို ကြေးမုံမှန်က ဖော်ပြနိုင်ပေမယ့် ပျောက်ကင်းစင်ကြယ်လှပအောင် မလုပ်ပေးနိုင်ပါ။
ဘာသာတရားက ဆေးရုံတွင်ရှိသော ဓါတ်မှန်ရိုက်
စက်၊ ultra sound အာလ်စရာဆောင်းစက်၊ သွေးစစ်ဆေး
သည့် စက်ကိရိယာများ နှင့်တူသည်။ လူ၌ ရောဂါရှိကြောင်း ရှာဖွေစစ်ဆေး ဖော်ပြနိုင်ပေမယ့် ရောဂါပျောက်ကင်းအောင်
မကုသပေးနိုင်ပါ။
ဥပမာ -
ဘာ့ကြောင့် အဝလွန်နေသလဲ? အစားကြီးလို့
ဘာ့ကြောင့် ဗိုက်နာသလဲ? အစားကြမ်းလို့
ဘာ့ကြောင့် အဆီပိတ်သလဲ? အဆီစားများလို့
ဘာ့ကြောင့် အဆုပ်ရောဂါ ဖြစ်သလဲ ? ဆေးလိပ်သောက်လို့
ဘာ့ကြောင့် အသဲနာသလဲ ? ခွင့်မလွတ်တတ်လို့
ဘာ့ကြောင့် ကောင်းကိုက်သလဲ ? သူတပါး ပြစ်မှားတာကို မေ့မပစ်လို့
ဘာ့ကြောင့် ချစ်မခံရသလဲ? သူတပါးကို မချစ်ခဲ့လို့
ဘာ့ကြောင့် သနားမခံရသလဲ? သူတပါးကို မသနားလို့
ဘာ့ကြောင့် ဂရုစိုက် မခံရသလဲ? ဘယ်သူ့ကိုမှ ကိုယ်က ဂရုမစိုက်ခဲ့လို့
ဘာကြောင့် မိမိအပေါ် စေတနာမရှိကြသလဲ? ဘယ်သူ့ကိုမှ မိမိက စေတနာမထားခဲ့လို့
ဘာ့ကြောင့် ပညာမဲ့နေသလဲ? ပညာမရှာခဲ့လို့
ဘာ့ကြောင့် ဘုရားမဲ့နေသလဲ ? ဘုရားမရှာခဲ့လို့
ဘာ့ကြောင့် စိတ်ဆင်းရဲနေရသလဲ? စိတ် ဆင်းရဲခြင်း မျိုးစေ့ ကြဲခဲ့လို့
တရားက သင်စိုက်သည့်အတိုင်း ရိတ်ရခြင်းဖြစ်တယ်လို့
ဖော်ပြရုံသာရှိတယ် မဖြေရှင်းပေးနိုင်ပါ။
တရားဆိုသည်မှာ ဆေးရုံတွင်ရှိသည့် CAT scan လူ အတွင်းရှိ ဦးနှောက်၊ အဆုပ်၊ အသည်း၊ နှလုံး၊ ကျောက်ကပ်၊
အူကလီဇာများကို ကန့်လန့်ဖြတ်၊ အလျား၊ အနံ ရှုထောင့်
အဘက်ဘက် မှ ပိုင်းဖြတ် ဓါတ်မှန် ကြည့်နိုင်သည့် စက် ဖြစ်
သည်။ သွေးကြော အတွင်း၊ အပြင်တွင် ရှိသော အကြိတ်အ
ခဲ၊ နေရာနှင့် အရွယ်အစား ကို အတိအကျ ရှာဖွေ မြင်တွေ့
နိုင်သည်။ သို့သော် ရောဂါကို ထုတ်ပယ်ကုသ မပေးနိုင်ပါ။
တရားက လူ၌ရှိသည့် အပြစ်အနာအဆာကိုပေါ်လွင်
ထင်ရှားစေသည်။ တရားက လူကိုမသနားတတ်၊ မကယ်နိုင်၊
သန့်ရှင်း စင်ကြယ်အောင် မလုပ်ပေးနိုင်၊ သေခြင်း မှ မလွတ်
စေနိုင်၊ ကြုံတွေ့ရသည့် သေဘေးနှင့် ဝဋ်ဆင်းရဲမှ လွှဲဖယ်
မပေးနိုင်၊ ကျခံရမည့် ပြစ်ဒဏ်နှင့် အမင်္ဂလာမှမလွတ်မြောက်
စေနိုင်ပါ။ ဂလာ၊ ၂:၁၆၊ ၃:၁၀-၁၄,၁၈,၂၄-၂၆၊ ၄:၉,၁၀,၂၄၊ ၅:၁,၄၊ ဗြဲ၊ ရး၁၈,၁၉၊ ၉:၉,၁၅၊ ၁၀:၁-၂၃။ ရော၊ ၃:၁၉-၃၁၊ ရး၇-၂၃၊ ၈:၁-၄,၇၊၁၀:၂၈။ ၁ယော၊၃:၄။
တရားပြောသောစကားသည်
တရားသည်
ဟုတ်မှန်သည်
ဖြောင့်မတ်သည်
သန့်ရှင်းသည်
ကောင်းသည်
တကယ်ဖြစ်သည်၊ ဖြစ်မည်
စုံလင်သည်
ထာဝရ တည်သည်
စစ်သည်
ယုံထိုက်သည့် သစ္စာ စကားဖြစ်သည်
တရားပေးခြင်း၏ ရည်ရွယ်ချက်
၁။ သမ္မာကျမ်း တစ်အုပ်တည်း ၌ ပညတ်တရား ၃ ထောင်
ကျော် ရှိသည်။ ဘုရားသခင်လိုချင်သည့် စံနှုံးမြင့်မားကြောင်း
ဆိုလိုသည်။
၂။ သန့်ရှင်းမြင့်မားသည့် ဘုရားသခင်၏ စံနှုံးကို ညစ်ညူး
ယုတ်ညံ့သည့် လူသားက မကျင့်လျှောက်နိုင်ကြောင်း၊
၃။ တရားအားလုံးကို လူကကျူးလွန်ချိုးဖောက်ပြီး
ကြောင်း ပြသည်။
၄။ ထို ပညတ်တရား ၃ ထောင်ထဲက မိမိကြိုက်ရာ ရွေး ကျင့်
လျှောက်ခွင့် မရှိကြောင်း
၅။ လူသားအားလုံး သေဒဏ်စီရင်ခံရပြီးကြောင်း ဖော်ပြ
ခြင်း ဖြစ်သည်။
၆။ ခွင့်လွတ်သည့် ကယ်တင်ရှင်ကိုသာ လူလိုအပ်ကြောင်း ပြညွန်သည်။
ဃ။ အသက်ရှင်စေသော ဝိညာဉ်တော်၏ တရား
ဘုရား > ဝိညာဉ် > စိတ် > ခန္ဓာ
ဘုရားသခင်စေလွတ်လိုက်သည့် ဘုရားသခင်၏ ဝိညာဉ်တော်ကို မိမိစိတ်ဝိညာဉ်အတွင်း၌ လက်ခံသူသည် ဘုရားသခင်အားဖြင့် ဝိညာဉ်အသက်သစ် မွေးဖွားရရှိ လာ
သည်။
ဝိညာဉ် အသက်သစ် မွေးဖွားသူသည် -
+ သန့်ရှင်းသော ဝိညာဉ်တော်ကို ရသည်
+ သေခြင်းမှ ပြန်ရှင်သော ခရစ်တော်ကို ရရှိသည်
+ ခမည်းတော်ဘုရားကို ရရှိသည်
+ စိတ်သစ် ရပြီး
+ ဘုရား ပကတိကို ရပြီ
+ ဝိညာဉ်သစ် ရပြီ
+ ဖန်ဆင်းရှင်ဘုရား၏ နာမ်သက် ရပြီ
+ အသက်ရှင်စေသော ဝိညာဉ်တော်၏ တရား ရပြီ
ယေရှုကို သေခြင်းမှ အသက်ရှင်စေသော ဝိညာဉ်တော်၏
တရားသည် အလွန့်အလွန် တန်ခိုးကြီးခြင်းကြောင့် ကျွန်ုပ်
စိတ်ထဲရှိ အသိတရားနှင့် ကျွန်ုပ်ကိုယ်ခန္ဓာထဲရှိ အပြစ်တရား
ကို အောင်သည်။ အသက်ရှင်စေသည့် ဝိညာဉ်တော်၏ တရားသည် လူကို ဖြစ်မြောက် အောင်မြင်စေသော တန်ခိုး
ပေးသည်။
လူအပေါ် သက်ရောက်သော - အသိတရား၊ အပြစ်တရားနှင့် လူကျင့်စောင့်လိုက်လျှောက်သည့်ပညတ်
တရားတို့သည် လူကို ကျရှုံးစေသော အနုတ်လက္ခဏာ တန်ခိုး = negative power ဖြစ်သည်။
သန့်ရှင်းသောဝိညာဉ်တော်၏ သွန်သင်ပဲ့ပြင် ဦး
ဆောင်ခြင်းကို ကျွန်ုပ်တို့ ခံယူပါက ကျွန်ုပ်တို့၏ ဝိညာဉ် အ
တွင်းမှ ဘုရားသခင်အသက်ဖြင့် ခရစ်တော်ရှင်ပေးခြင်း ကြောင့် လောကကို ကျွန်ုပ်တို့ အောင်မြင်ခြင်း ဖြစ်သည်။ ဂလ၊ ၂:၂၀၊ ၃:၂၄-၂၆။ ၈:၂,၆,၉,၁၁။
လူပေါ် သက်ရောက်သည့် တရားထဲတွင် အသက်ရှင်စေသာ
ဝိညာဉ်တော်၏ တရားသာ ယခုဘဝ၊ နောင်ဘဝ၊ ရုပ်သက်
နှင့် နာမ်သက်အတွက် ထာဝရတည်သည့် အရည်အချင်း
ဂုဏ်ရည်များကို မိမိထဲ၌ ဖြစ်စေသည့် တန်ခိုး၊ မိမိ ကို တည်
ဆောက်၊ ပုံသွင်း၊ ပြည့်စုံစေသော တရား ဖြစ်သည်။ ရော၊ ၈:၂,၆,၉-၁၁။
ခန္ဓာ ၄ မျိုး
၁။ ဖန်ဆင်းစ က - လူ ကိုယ်ခန္ဓာသည် ဘုရားသခင်၏ ဘုန်း၊
တန်ခိုး၊ ပညာနှင့် ပြည့်စုံသည်။ လူ၌ သန့်ရှင်းဖြောင့်မတ်ခြင်း
ရှိသည့် အလွန်ကောင်းသော ခန္ဓာကိုယ်ဖြစ်သည်။ လူ၌ မ
ကောင်းတာ မရှိပါ၊ လူ၌ အိုခြင်း၊ နာခြင်း၊ သေခြင်း မရှိပါ။ အပြစ်ကင်းစင် သောခန္ဓာဖြစ်သည်။
ဖန်ဆင်းစ လူ၏ ကိုယ်ခန္ဓာ၌ ဖန်ဆင်းရှင် ဘုရားသခင်၏
နာမ်သက် = God ’s uncreated divine life တစ်ခုသာ ရရှိဖို့
လိုသေးသည်။ ဒေ၊၃:၁၁။ He has also set eternity in the heart of men (NIV)
၂။ လူ အာဒံ နှင့် ဧဝ တို့သည် နတ်ဆိုးစကား ကို နားထောင်
သည့်အတွက် သူတို့ထဲ နတ်ဆိုးဝင်ရောက်သွားကာ၊ အပြစ်
တရား ဝင်သွားခြင်းကြောင့် သူတို့ ကိုယ်ခန္ဓာမှာ အပြစ်၏
ကိုယ် body of sin ဖြစ်သွားသည်။ ကျွန်ုပ်တို့ အားလုံး အာဒံ
မှ မွေးဖွားလာခြင်းကြောင့် အပြစ်၏ ကိုယ်ကို မိဘ ဘိုးဘေး
မှ အမွေရ လာကြသည်။ ရောမ၊၆:၆။ ဧ၊၄:၁၈။ ယေ၊၁ရး၉
အပြစ်၏ ကိုယ်ထဲတွင် အပြစ်လုပ်စေသော ငါ၊ ဇာတိ၊ ဗီဇ၊ အတ္တ၊ မာန်မာန၊ ------------------------------- ပြည့်နေသော အပြစ်တုံးကြီး ဖြစ်သည့်အတွက် အပြစ်လုပ်
နေကြခြင်းဖြစ်သည်။ အပြစ်သား အဖြစ်မွေးလာခြင်းကြောင့်
အပြစ်လုပ်မိခြင်းသည် သဘာဝကျပါသည်။ အပြစ်၏ကိုယ်
နှင့် နေသောသူတို့သည် ဘုရားမရှိခြင်းကြောင့် သေလျှင် ငရဲထဲမှာ ဘုရားနှင့် ထာဝရအဆက်ပြတ်မည်။ ထို့ကြောင့်
၃။ အပြစ်၏ကိုယ်နှင့် မနေချင်သူတို့ကို ဘုရားရွေးပြီး ယေရှု
ထဲ ထည့်ကာ၊ ကားတိုင်တွင် သုတ်သင်သတ်ပစ်လျက် မြှုပ်နှံ
သဂြိုလ်လိုက်ပြီ။ ယေရှုနှင့်အတူ သေပြီးသောသူသည် body
of death အသေကောင် ခန္ဓာကိုယ်ထဲ ဝိညာဉ်သစ်၊ စိတ်သစ်
နှင့် ဘုရားပကတိ ရပြီ။
မိမိ၌ ဖန်ဆင်းရှင်၏ နာမ်သက် uncreated divine life, သန့်
ရှင်းသောဝိညာဉ်တော်၊ သေခြင်းမှ ပြန်ရှင်သော ခရစ်တော်၊
ဘုရားသခင်နှင့် အသက်ရှင်စေသော ဝိညာဉ်တော်၏ တရား
ရှိပြီ။
ဘုရားကို လက်ခံရရှိငြားလည်း လူများစွာတို့သည် စီရင်ခြင်း
ခံရသောခန္ဓာဖြင့် မိမိ၏ အသံ၊ အသိ၊ အစွမ်း၊ နှုတ်လျှာ၊ ခြေ၊
လက်၊ အချိန် --------------- ကို ဘုရားသခင် ထံ ဆက်သ အ
မှုဆောင် နေကြသည့်အမှားကို မှားကြောင်း မသိကြချေ။
Body of death ခန္ဓာကိုယ်အသေနှင့် unrenewed mind အသစ် မပြောင်းလဲသေးသောစိတ်ဖြင့် ဆက်သ အမှု
ဆောင်နေခြင်းကို သန့်ရှင်းသောဘုရားလက်မခံပါ။
ရော၊ ရး၂၄၊ ၁၂:၂ ။ ဧ၊၄:၂၃၊ ၅:၁၀။ ၁ယော၊ ၂:၁၅။
၄။ living sacrifice = အသက်ရှင်သောယဇ်ဖြစ်သည့် ခန္ဓာ
ကိုယ်မျိုးကိုသာ သန့်ရှင်းသောဘုရားသခင် လက်ခံသည်
ရော၊၁၂:၁
ဝိညာဉ် > စိတ် > ခန္ဓာ > လူမျိုးတကာ
မိမိဝိညာဉ် အတွင်း၌ရှိသော အသက်ရှင်စေသော ဝိညာဉ်တော်၏ တရားနှင့် ခရစ်တော်အား မိမိ၏ body of death = ခန္ဓာကိုယ်အသေထဲ ရှင်ခွင့်ပေးခြင်းဖြင့်သေနေ
သောမိမိ၏ ခန္ဓာကိုယ်သည် အသက်ရှင်ခြင်းယဇ် ဖြစ်လာ
သည်။ မိမိ၏စိတ်မှာလည်း အသက်ရှင်စေသော ဝိညာဉ်
တော်တရားနှင့် ခရစ်တော်အား ရှင်ခွင့်ပေးမှ အသစ် ပြုပြင်
သော စိတ်နှလုံးဖြစ်လာသည်။ ဒါမှ နေ့စဉ် အချိန်တိုင်း မိမိ
၏ အတွေးမှ ဘုရားသခင်ကို ခရစ်တော်စဉ်းစား အောက်
မေ့ လာသည်။
မိမိ၏ စိတ်ခံစားမှုမှ သူတပါးကို ခရစ်တော်ချစ်သနား လာ
သည်။
မိမိ၏ မျက်စိမှ ဂရုဏာအကြည့်ဖြင့် ခရစ်တော်ကြည့် လာ
သည်။
မိမိ၏ နားမှ စာနာစိတ်ဖြင့် ခရစ်တော် နားထောင်လာသည်။
မိမိ၏ နှုတ်လျှာမှ သစ္စာစကား၊ မျှော်လင့်ခြင်းစကား ကို ခရစ်တော် ပြောလာသည်။
မိမိ၏ ခြေမှ လိုအပ်ချို့တဲ့သူများထံ ခရစ်တော် သွားပြီး ကူညီတော့သည်။
မိမိ၏ လက်မှတဆင့် အားနည်းချိနဲ့သူများကို ခရစ်တော် အစေခံတော့သည်။
လူတွေရဲ့ ကယ်တင်ခြင်း ခံစားရရှိဖို့ အကျွန်ုပ်၏ ကိုယ်အင်္ဂါမှ ဘုရားသခင်၏ အသက်စီးထွက်ရာ ပြွန်အဖြစ် ဘုရားသခင် သုံးတော့သည်။
အကျွနိုပ်၌ ငါမရှင်တော့ပါ၊ ငါသေသွားပြီ။ မိမိကိုယ်
ကို အကျွန်ုပ် မပိုင်ပါ။ မေတ္တာရှင်ဘုရားက အကျွန်ုပ်ကို ပိုင်
ပြီ။ ကျွန်ုပ်၏ ဝိညာဉ်၊ စိတ်နှင့် ကိုယ်အင်္ဂါ အားလုံးမှ ခရစ်
တော် ရှင်နေသည်။ ရော၊ ၆:၁၃,၁၆,၁၉။ ၈:၁၀,၁၁၊ ၁၂:၁။ ၁ပေ၊ ၂:၅။
အသက်ရှင်သောယဇ် ဖြစ်သော ခန္ဓာကိုယ် မျိုးသာ ဘုရားသခင် လက်ခံသည့် အသက်ရှင်ခြင်း ဖြစ်သည်။ ခရစ်တော်အား အသက်ရှင်ခွင့် ပေးသူသာ မာရ်ငါးပါးကို အောင်မြင်သည်။ ခရစ်တော်အား အသက်ရှင်ခွင့် ပေးသူသာ ဝိညာဉ်အသီး သီး သည်။
မိမိ၏ ဝိညာဉ်၊ စိတ်နှင့် ကိုယ်အင်္ဂါအားလုံး မှ ခရစ်
တော် နှင့် သန့်ရှင်းသော ဝိညာဉ်တော်အား အဆက်မပြတ်
continuously and constantly အစဉ်အမြဲ ရှင်ခွင့် ပေးလျှင်
ဘုရားသခင် ဖြစ်စေချင်သည့် သတ္တဝါသစ် godman ဘုရား
သခင် ၏ ဂုဏ်ရည်နှင့် ပြည့်သောလူ မိမိ၌ ဖြစ်လာသည်။
သတ္တဝါသစ် = godman ဘုရားသခင်၏ ဂုဏ်ရည် နှင့် ပြည့်သူသာ ဤ ကမ္ဘာမြေ တပြင်လုံးကို နတ်ဆိုးလက်မှ
ပြန်သိမ်းယူပြီး ဘုရားသခင်၏ နိုင်ငံတော်ပြန်တည်ထောင် နိုင်သူ ဖြစ်သည်။ ထို့ကြောင့်
ပထမ ခန္ဓာကိုယ်သုံးမျိုးသည် ဘုရားသခင်အတွက် အသုံးမဝင်ပါ။ နတ်ဆိုးကို မနိုင်၊ မိမိကိုယ်ကို မနိုင်၊ အပြစ် ကို မနိုင်၊ လောကကို မနိုင်သော ခန္ဓာကိုယ် အမျိုးအစားများ ဖြစ်သည်။
မှား သော အသက်ရှင်နည်း
ဤ လောကတွင် အသက်ရှင် နေသူတိုင်း သဘာဝ
ဘေး ဧကန်မုချ ကြုံတွေ့ရမည်။ အကျွန်ုပ်ကြုံတွေ့ ရသလို
သင်လည်း ကြုံတွေ့ဖို့ရှိသည်။ ဘုရားသခင်၏ အသက်နှင့်
ဘုရားသခင်၏ ဝိညာဉ်ကို သင်လက်ခံပြီးပါက၊ ယခင်က
သင့်ကို ချစ်ခင်သူများပင် သင့်ကို စိမ်းကားနောက်ဆုတ် သွား
ကြမည်။ မိသားစုပင် သင့်ကို နားလည်လွဲမည်။ နတ်ဆိုးနှင့် အပေါင်းပါများက ဝေဖန်၊ ကဲ့ရဲ့၊ ရှုံ့ချ၊ ပြစ်တင်မည်။ နတ်ဆိုး
နှင့် လောကက သင့်ခန္ဓာကိုယ် ချိနဲ့၊ အားလျော့၊ ပျက်စီး၊
နာကျင်အောင် သွေးဆောင်တိုက်ခိုက်မည်၊ သင့် အသက် ဝိညာဉ်ကိုပင် တိုက်ခိုက်နုတ်ပစ်မည်။
သဘာဝအသက်၊ သဘာဝစိတ်နှင့် သင်အသက်ရှင် လျှင် သင်စိတ်တို၊ စိတ်နာ၊ စိတ်ပျက်လိမ့်မည်။ စိတ်နှင့် ခန္ဓာ
ကိုယ် ရောဂါဝေဒနာစွဲကပ်မည်။ သင်၏စိတ်နှင့် ခန္ဓာ၌ဘုရား
တန်ခိုး မရှိခြင်းကြောင့် ဘဝတိုက်ပွဲကို သင်ရှုံး နေခြင်းဖြစ်
သည်။
ခရစ်တော်ကို လက်ခံပြီးသော ဘုရားသခင်၏ သားသမီးများ
စွာ ဘဝတိုက်ပွဲကျရှုံးနေသည့်အတွက် ဘုရားသခင်ဝမ်းနည်း
သည်။ မဖြစ်သင့်၊ မဖြစ်ထိုက်ပါ။
မိမိမှားကြောင်း မသိမချင်း အမှားထဲမှ မလွတ်မြောက်နိုင်။
ဘာ့ကြောင့် ကျရှုံး သလဲ
၁။ သဘာဝအသက်နှင့် ရှင်နေခြင်းကြောင့် သဘာဝဘေး
ဒုက္ခကို မအောင်မြင် နိုင်ခြင်း ဖြစ်သည်။
၂။ ဘုရားနှင့် ဘုရားအသက် လက်ခံရရှိပြီးလည်း ဘုရား
အသက်ကို လူ့နည်း၊ လူ့အစွမ်းဖြင့် ရှင်ခြင်းကြောင့် မအောင်
မြင် နိုင်ခြင်းဖြစ်သည်။
၃။ ကိုယ်ရချင်တာ၊ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာတွေ
ကို ဘုရားသခင်ထံ ဆုတောင်းခိုင်း နေခြင်းကြောင့် ကျရှုံး
ခြင်း ဖြစ်သည်။ မြင့်မြတ်သည့် ဘုရားက နိမ့်ကျသည့် လူ့
ဘဝ မျှော်မှန်းချက်မျာအတွက် လာလုပ် ပေးမည်မဟုတ်ပါ။
ဘယ်လို အောင်မြင်နိုင် မလဲ
ဘုရားသခင် အသက်ထဲမှာ မာရ်ငါးပါးကို အောင်
သော တန်ခိုး၊ ပညာသာမက၊ ချစ်ခြင်း၊ ကောင်းမြတ်ခြင်း၊ ကျေးဇူးပြုခြင်း၊ အစေခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ သန့်ရှင်း
ခြင်း၊ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်းနှင့် ပြည့်စုံသည်။ ဘုရားသခင်၏ အသက်ကို ခရစ်တော်က သင့်ကိုယ်စား၊ သင့်
အတွက်၊ သင့်ထဲမှ ရှင်ပေး မည်။ သင့်ဝိညာဉ်မှ သင့်စိတ်နှင့်
ကိုယ် အင်္ဂါနှင့် အစိတ်အပိုင်း အားလုံးမှ ရှင်ပေးမည်။
သင်က လုံးလုံးလျားလျား အပ် submission မှ ရှင်
ပေးမည်။ သင့် အကြံညဏ်နှင့် ဖက်စပ်မလုပ်ပါ။ သင့် အကြံ
ညဏ်၊ အစွမ်းနဲ့ ဖက်စပ် မလုပ်ပါ။ အကန်းယုံ၊ အကန်း ခုန်ခြင်းကို ဘုရားလက်မခံပါ။
မိမိအတွက် ဘုရား၏ ရည်ရွယ်ချက်နှင့် စီမံကိန်းကို
မိမိအား သန့်ရှင်းသောဝိညာဉ်တော်က သွန်သင်ဖွင့်ပြရုံ မက၊
မိမိ၌ စုံလင်လာအောင် ဖြည့်ပေးသေးသည်။ အကျွန်ုပ်တို့၏
အတ္တ၊ ငါ၊ ဇာတိ ------- များကို မစွန့်မချင်း မဖြည့်ပေးပါ။
မိမိ၏ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ဇာတိ၊ အတ္တ၊ ငါ၊
မာန်မာန၊ လောဘ၊ ဒေါသ၊ မောဟ၊ကိလေသာညစ်ညူးခြင်း၊
ဟန်ဆောင်ခြင်းများ၊ တပ်မက်ခြင်းများ၊ စွဲလန်းခြင်းများ၊
ထောင်လွှားခြင်းများ၊ မေတ္တာမဲ့ခြင်းများ၊ သစ္စာမဲ့ခြင်းများ၊
ခါးသီးခြင်းများ၊ အယူလွဲခြင်းများ၊ မိုက်မဲခြင်းများ၊ ဝါကြွား
ခြင်းများ၊ မတရားမှုများ၊ မထီမဲ့မြင်ပြုခြင်းများ၊သဝဋ်တိုခြင်း
များ၊ ဖောက်ပြန်ခြင်းများ၊ ဘုရား ရှိခိုးယောင်ဆောင်ခြင်း
များ၊ ဘုရားနာမသုံးပြီး လုပ်စားခြင်းများ၊ ကွဲပြားခြင်းများ၊
ကိုးကွယ်လွဲခြင်းများ၊ ------------------- စသည့် အပြစ်များကို
နေ့တိုင်း တစ်မျိုးပြီးတစ်မျိုး သင့်အား ဖွင့်ပြနောင်တရစေ
လျက် စွန့်ပစ်ခိုင်းမည်။
သင်မသိဘဲ၊ မယုံ ဘဲ၊ သဘောမတူ ဘဲ၊ သင် ခွင့်ပြု
ခြင်း မပါဘဲ - သန့်ရှင်းသော ဝိညာဉ်တော်က ဘာမျှမလုပ် ပေးပါ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ယဉ်ကျေးသိမ့်မွေ့
သည်၊ အဓမ္မ မလုပ်ပါ၊ သင်မသိဘဲ ခိုးမလုပ်ပါ။
သင့်ကို အသိပေးပြီးမှ သင်သဘောတူမှ၊ သင် ခွင့်ပြု
မှ လုပ်ပေးသည်။
သင်၏ ငါနှင့် အပြစ်များကို စွန့်ပစ် emptying ပြီးမှ ဘုရား
သခင်၏ ဂုဏ်ရည်များကို သင့်ဝိညာဉ်ထဲ ဖြည့်ပေး filling မည်။
Emptying precedes filling.
စွန့်ပစ်ခြင်း အရင်စွန့်လွတ်ပြီးမှ ထာဝရတည်သည့် အရည်
အချင်းများ ဖြည့်ပေး မည်။
I have nothing ယေရှုခရစ်၏ စိတ်သဘောမျိုး အကျွန်ုပ်၌ မရှိပါ။
I am nothing ဘုရားရှေ့မှာ အကျွန်ုပ်သည် ဘာမျှ မဟုတ်
ပါ။
I can do nothing ဘုရားနှစ်သက်အောင် ကျွန်ုပ်ဘာမျှ မ
လုပ် တတ်ပါဟု သင်သည် ဗလာနတ္ထိမဖြစ်မချင်း သင့်ထဲ၌ ဘုရားသခင် လုပ်စရာနေရာလပ် မရှိပါ။ သင့်ထဲမှာ ငါနှင့် ပြည့်နေသ၍ သင့်ထဲမှာ ခရစ်တော်မရှင်သေးပါ။
သင့် အတွက် မရှင် ပေး ပါ။
သင့် အတွက် မရှင်လို ပါ။
You in Christ , Christ in you.
ခရစ်တော်၌ သင်တည်မှ သင့်ထဲ၌ ခရစ်တော် ရှင်ပေးမည်။
ဤ နှစ်ပိုင်းရှိမှ complete ပြည့်စုံမည်။
တပိုင်း တဝက်သာယူလျှင် မပြည့်စုံနိုင်တော့ပါ။
ဤ စကားများသည် သန့်ရှင်းသောဝိညာဉ် ပြောနေ
သော ဝိညာဉ်စကားများ ဖြစ်သည်။ ဝိညာဉ်လူသာ နားလည် နိုင်သည်။ ဝိညာဉ်လူ၌ ဖြစ်နေသည်။
ဗူးသစ်ထဲ၌ လက်ခံနိုင်သော စပျစ်ရည်သစ်ဖြစ်သည်။ ဝိညာဉ်
တော် ဖွင့်ပြသည့်စကားသစ်များကို ဗူးဟောင်းထဲ ထည့်မရ ပါ။
ဇာတိလူ၌ မဖြစ်သေးပါ။ လူဟောင်း စိတ်ဟောင်းဖြင့်
ကြားနာရုံ သက်သက်လောက်နှင့် ပြောင်းလဲခြင်း၊ ဖြစ်လာ
ခြင်း မရှိတော့ချေ။
မိမိ၌ ဘုရားသခင်၏ ရည်ရွယ်ချက် မဖြစ်သေးပါ လား ?
မိမိ၌ ခရစ်တော်၏ စိတ်သဘော မဖြစ်သေးပါ လား ?
ဘာ့ကြောင့် ကျွန်ုပ်၌ မဖြစ်သေးတာလဲ ? ဟု သင် ၌
သံဝေဂ မရမချင်း မိမိမှားတာ ကို မှားကြောင်း မသိမမြင်၊ ဝန်မခံ၊ မိမိကိုယ်ကို စိတ်မကုန်မချင်း အစစ်အမှန်ကို သင် ရှာ မတွေ့နိုင် ပါ။
ရှိရင်းစွဲနေရာကို မစွန့်ရင် ဘုရားသခင် ချမှတ်တဲ့ ပန်တိုင်သို့
မတက်လှမ်း နိုင်ပါ။
အနုတ်လက္ခဏာ ခံစားမှု့တွေဟာ သင့်စိတ် နှင့်ခန္ဓာ ကို
သတ်နေတဲ့အဆိပ်အတောက်များ ဖြစ်တယ်။
လူကို ဖန်ဆင်းခြင်း၏ ရည်ရွယ်ချက်
ဘုရားသခင် ပြောသည့် အသက်ရှင်ခြင်း ၄ ဆင့် ကို
ပိုင်းခြား လေ့လာပါ။ မူလ အစကပင် လူကို ကောင်းကင်
တမန်များနှင့် နတ်ဆိုးများထက် မြင့်မြတ်အောင် ဖန်ဆင်း
ထား ရုံမက၊ ဘုရားသခင်၏ ဘုန်း၊ တန်ခိုး၊ ပညာပေးပြီး
ဖန်ဆင်းခံ သတ္တဝါများ နှင့် ကမ္ဘာမြေ တပြင်လုံးကို လူအား
အုပ်စိုးခွင့်၊ နိုင်ခွင့် ပေးထားသည်။
လူအာဒံသည် ဘုရားသခင်ခန့်ထားသည့် ဤလောက
၏
king = မင်း
lord = အရှင်သခင်
god = ဘုရား
commander = လေ၊ မြေ၊ ရေ နှင့် အရာခပ်သိမ်းကို စီမံ ကွပ်ကဲ အုပ်ချုပ်ရေးမှူးချုပ် ဖြစ်သည်။
လူ၏ အဓိကအလုပ်သည် ဘုရားသခင်ကို ယဉ်ပြိုင် ဆန့်ကျင် ပုန်ကန်သည့် နတ်ဆိုးများကို အုပ်စိုးဖို့၊ နိုင်ဖို့ ဖြစ်သည်။
ထို အချိန်က လူအာဒံ၌ အပြစ်ကင်းသည့် သန့်ရှင်း၊ ကောင်းမွန်သော ကိုယ်ခန္ဓာနှင့် ဘုရားသခင်၏ဘုန်း၊ တန်ခိုး၊
ပညာသာ ရှိသည်။ သူတို့၌ ဘုရားသခင်၏ အသက်နှင့်ဘုရား
မကိန်းဝပ် သေးပါ။ သို့ပေမယ့် နတ်ဆိုးကို နိုင်နိုင်စွမ်းရှိ
သည်။
ဘုရားသခင် ဘုန်း၊ တန်ခိုး၊ ပညာ ရှိ သည့် လူ အာဒံ
ထက် ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ဘုရားသခင်၏ အ
သက်ကို ရရှိသော ကျွန်ုပ်တို့က အဆထောင်ပေါင်းများစွာ
------- အလွန့် ------- အလွန် ------- သာလွန် super မြင့်မြတ်
ကြီးမား အစွမ်းထက်သည်။
ထို့ကြောင့် မိမိ၏ စိတ်ထဲ၊ ခန္ဓာထဲ၊ မိသားစုထဲ၊ ခြံထဲ၊
အသင်းတော်ထဲ ------- အသိုက်အဝန်းထဲ၊ ခရီးသွားမည့်
လမ်းတလျှောက်ထဲ ------- ရှိ မကောင်းဆိုးဝါး၊ ဉာဉ်ဆိုး၊
နတ်ဆိုးများ ကို ဘုရားသခင်အား လူက ရှင်းခိုင်းဖို့ တာဝန် လွှဲ လျှင် -
ဘုရားသခင် တာဝန်ယူ မလား ? မယူပါ
ဤ လောကရှိ အရာခပ်သိမ်းကို လူကအုပ်စိုးဖို့၊နိုင် ဖို့
လူ ကို ဘုရားသခင် တာဝန်ပေးထားသည်။
လူက ဘုရားသခင်အား နတ်ဆိုးနှင့် မကောင်းဆိုးဝါး
များကို ချေမှုန်းဖယ်ရှား ခိုင်းလျှင်ဘုရားသခင် လုပ်မလား ?
မလုပ်ဘူး ------- မလုပ်ဘူး ------- မလုပ်ပါ။
ဘာ့ကြောင့် ဘုရား မလုပ် သလဲ
ဖန်ဆင်းရှင် ဘုရားက ဖန်ဆင်းခံသတ္တဝါ နတ်ဆိုး ကို အနိုင် မကျင့်ပါ။
ဂရုဏာရှင်သည် ကြီးနိုင် ------- ငယ်ညှင်း မလုပ်တတ်ပါ။
တရားမင်းသည် မတရားမကျင့်ပါ။
ပညာရှိသည် ပိုင်စိုးပိုင်နင်း မလုပ်တတ်ပါ။
သန့်ရှင်း မြင့်မြတ်သောအရှင်သည် ယုတ်ညံ့နိမ့်ကျသည့် အလုပ် မလုပ်ပါ
ယာဝေ YAHWEH ဘုရားသခင်သည် ညဏ်ပညာ၊ စည်းစနစ်နှင့် တရားနှင့် ညီသောဘုရား ဖြစ်သည်။
လူကဲ့သို့ ရမ်းလုပ်ရမ်းပြောခြင်း မရှိပါ။
ဘုရားသခင်ကို လူက ဆုတောင်း ခိုင်းစေတိုင်း လုပ် သည့် လူ၏ အစေအပါးဟု သင်ထင်လျှင် မှားပြီ။ ယာဝေ ထာဝရဘုရားသည် သင်ယုံချင်တာ ကို ယုံ၊ သင် ခိုင်းချင်တာ ကို လုပ်သော ဘုရားမဟုတ်ပါ။
ဘုရာသခင် ၏ ရည်ရွယ်ချက်
မူလ အစကပင် လူကို အဆင့်အမြင့်ဆုံး၊ ဘုန်းတန်ခိုး၊ ပညာ
အရှိဆုံး -------- ကောင်းကင်တမန်များနှင့် နတ်တို့ထက်
မြင့်အောင် ဖန်ဆင်းထားခြင်းမှာ ----------နတ်ဆိုး နှင့် အ
ပေါင်းအပါများကို လူက အုပ်စိုးဖို့၊ နိုင်ဖို့၊ စီရင်ဖို့ ဖြစ်သည်။ ၁ကော၊ ၆:၂,၃၊ ၂ပေ၊၂:၄,၅၊ ၁ပေ၊ ၂:၄-၁၀။
ယခု လူထဲ
God’s life ဖန်ဆင်းရှင် ဘုရား ၏ နာမ်သက်
God’s nature ဘုရား ပကတိ၊ သဘောသဘာဝ
God’s likeness ဘုရားသခင် ၏ အဖြစ်တော်
God’s image ဘုရားသခင် ၏ သဏ္ဌာန်တော်
God’s present ဘုရားသခင် ကိုယ်တော်တိုင် တည်ရှိခြင်း
God’s fullness ဘုရားသခင် ၏ စုံလင် ပြည့်ဝခြင်းများ ကိုကာယကံရှင် လူ၏ အသိ၊ ဆန္ဒ၊ သဘော
တူ ခွင့်ပြုခြင်းဖြင့် နေ့စဉ် သန့်ရှင်းသောဝိညာဉ်တော်က
ဖွင့်ပြ၊ သွန်သင်၊ ပဲ့ပြင်၊ ပုံသွင်း၊ ဖြည့်ပေး နေ သည်။
ကာယကံရှင် လူက မသိဘဲ၊ မလိုချင်ဘဲ၊ ခွင့် မပြုဘဲ၊
ဆန္ဒ မပါဘဲ -------- ဘုရားသခင်၏ ဝိညာဉ်တော်က ခိုးမလုပ်
တတ်ပါ။ မိမိထဲ သန့်ရှင်းသော ဝိညာဉ်တော် သွန်သင်၊ ပဲ့ပြင်၊
ဖြည့်ပေး သမျှ ဘုရားသခင်၏ အရည်အချင်းအားလုံး လူထဲ ထာဝရတည်သည်၊ မိမိ၏ ကိုယ်ပိုင်အရည်အချင်းဖြစ် သွား
သည်။
မိမိကို ဘုရားသခင်ဖြစ်စေချင်သည့် သတ္တဝါသစ် =
godman ဘုရားလည်းဖြစ် လူလည်းဖြစ် သူသာ နတ်များကို
နိုင်သည်။ ဤ ကမ္ဘာမြေ တပြင်လုံးကို နတ်ဆိုး၏ အပေါင်းပါ
များ လက်မှ ပြန်သိမ်းယူကာ၊ ဘုရားသခင်၏ နိုင်ငံတော် ပြန်
တည်ထောင် နိုင်မည်။
သတ္တဝါသစ် = godman ဖြစ်သူသာ ခရစ်တော်နှင့် တွဲဖက် စိုးစံခွင့်ရှိသည်။ ယခု ခရစ်တော်နှင့် အတူ ကောင်း
ကင် ပလ္လင်ပေါ်ထိုင်ခွင့် ရသည်။ ခရစ်တော်နှင့်အတူ ထာဝရ ဘုရင်အဖြစ် အုပ်စိုး King of kings ဖို့ ယခုကပင် လူသည် ဘုရားသခင် ၏ အစမ်းခန့်၊ အလုပ်သင် ဖြစ်နေသည်။
ခရစ်တော်သည် godman = ဘုရားလည်းဖြစ် လူ လည်းဖြစ်သည်။ ခရစ်တော်၏ သတို့သမီးဖြစ်သူ သည် ခရစ်တော်နှင့် အရည်အချင်းတူ၊ မျိုးတူ၊ဘုရားလည်း ဖြစ် လူ
လည်း ဖြစ်သည်။ ထို့ကြောင့် Identification with Christ = ခရစ်တော်နှင့် ထပ်တူထပ်မျှ ဖြစ်ပါလို့ ဘုရားသခင်ပြောခြင်း
ဖြစ်သည်။
ခရစ်တော်အတိုင်း ဘုရားသခင်၏ ဂုဏ်ရည်နှင့် ပြည့်
စုံ သူသည် ခရစ်တော်လို မြေလျှိုးမိုးပျံ နိုင်သောတန်ခိုးလည်း
ရှိသည်။ လုံခြုံစွာပိတ်သောတံခါးနှင့် ပြတင်းပေါက်များကို ဖွင့်စရာမလိုဘဲ အဆောက်အဦး ကျောက်နံရံကို ဖြတ်ဝင်၊ ဖြတ်ထွက် နိုင်သည်။ ခရစ်တော်နည်းတူ ကိုယ်ဖျောက် နိုင်
ပြီး၊ ကိုယ်ထင်ရှားလည်း ပြနိုင်သည်။ ခရစ်တော်၏ အရည်
အချင်းမျိုး ရှိသူများသာ ခရစ်တော်နှင့်တွဲဖက် အမွေခံ၊ တွဲ
ဖက် စိုးစံသူများဖြစ်သည်။ ထာဝရ အနာဂတ်တွင် ခရစ်တော်
က
King of kings ဘုရင်တကာ ၏ ဘုရင်
Lord of lords အရှင်တကာ ၏ အရှင်
God of gods ဘုရားတကာ ၏ ဘုရား
ဖြစ်သည့် အခါ ------- ဗဟုကိန်း = plural နှင့် ရေး ထားသည့်
kings = ဘုရင် တကာ များ
lords = အရှင် တကာ များ
gods = ဘုရား တကာ များ
ယခု ခရစ်တော်၏ ပြန်ရှင်ခြင်းအသက်နှင့် ရှင်လျက်
In Christ = ခရစ်တော်၌ တည်နေသူများဖြစ်သည်။
ဘုရားသခင် ကျေနပ်စေသည့် အသက်မျိုးရှင်သော godman
ဘုရား၏ ဂုဏ်ရည်နှင့် ပြည့်သူပဲ ကောင်းကင်သစ်၊ မြေကြီး
သစ် ဖန်ဆင်းပြီးချိန်၌ တစ်ကမ္ဘာမှ တစ်ကမ္ဘာသို့ မိနစ် ပိုင်း
အတွင်း မြေလျှိုးမိုးပျံ သွားပြန်နိုင်သည်။
Half gospel သတင်းကောင်းတခြမ်းသာ ယုံကြည် လျက် ဘုရားသခင်၏ ခွင့်လွတ်ခြင်းလောက်နှင့် မိမိကိုယ်ကို
ကြေနပ်နှစ်သိမ့်နေသူများတို့သည် ခရစ်တော်၏ ကြီးရင့်ခြင်း
ပမာဏသို့ မရောက်ဘဲ ကျပ်မပြည့်ခြင်းကြောင့် အသစ် ဖန်
ဆင်းသည့် ဂြိုလ် ကမ္ဘာသစ်၌ သံလှံတန်ဖြင့် ဆုံးမ အုပ်စိုး
ခြင်းခံရမည်။
သမ္မာတရား truth တခြမ်းသာယုံကြည်သောလူများ
သေလွန်လျှင် လူတော့ပြန်ဖြစ်မည်။ မွေးလာစဉ်က ဗလာ
နတ္ထိ၊ ဘုန်းမရှိ၊ တန်ခိုး မရှိ၊ ပညာ မရှိ၊ ငြိမ်သက်ခြင်း မရှိ၊
ချစ်ခြင်း မရှိ၊ အလှအပ မရှိ၊ ကြက်သရေ မရှိ ခဲ့သည့် အတိုင်း မြေကြီးသစ် ရောက်တော့ ဗလာနတ္ထိ ဖြစ်မည်။ ထို့ကြောင့်
ယခု ကျေးဇူးတော် ခေတ်တွင် -------- လူ ကျင့်ကြံ
ကြိုးစား ၍ မရ၊ မဖြစ် နိုင်တာများကို --------- သေခြင်း မှ ပြန်ရှင်သော ခရစ်တော်နှင့် သန့်ရှင်းသောဝိညာဉ်တော် က မိမိအတွက် အသက်ရှင်၊ လုပ်ဆောင်ဖြည့်ပေးနေချိန်
ဖြစ်သည်။
ယာဝေ ထာဝရဘုရားသည် အတိတ်၊ ပစ္စုပ္ပန်၊
အနာဂတ် - အချိန် သုံးပိုင်းစလုံး - အသက်ရှင်လျက်ကျွန်ုပ်
တို့ အတွက် ---- လုပ်ပေးခဲ့ ပြီးတာကတခြမ်း ယခုလုပ်ပေး နေဆဲက ကျပ်ပြည့်ဖို့ နောက်လ ---- နောက်နှစ်လည်း စုံလင်
အောင် ဆက်လုပ်ပေးဦးမည်။
½ truth is lies
သမ္မာတရားတခြမ်းသာပြောခြင်းသည် မုသာဖြစ် ၏။
½ obedience is disobedient
ဘုရားစကားတခြမ်းသာနာခံခြင်းသည် မနာခံခြင်း ဖြစ်သည်။
လူတစ်ဦးသည် သူ့ဖာသာ မည်မျှကြိုးစားလည်း သမ္မာတရား
တစိတ်တပိုင်းသာ သိနိုင်သည်။ အကယ်၍ ဆရာတစ်ဦး တည်းထံ သင်တသက်တာလုံး ဆည်းပူးနားထောင်လျှင် တစိတ်တပိုင်းသာ သင်သိပြီး ကျပ်မပြည့် နိုင်တော့ချေ။
ထို့ကြောင့် စွမ်းရည်သတ္တိ မတူ၊ အတတ်ပညာ မတူ၊
အသိအမြင် မတူသည့် ဘုရားသခင်၏ လူအမျိုးမျိုး ကို ယုံ
ကြည်သူများ တိုးတက်ကြီးထွားလာဖို့ အသင်းတော်၌ ဘုရား
သခင် ခန့်ထားခြင်း ဖြစ်သည်။
၁ယော၊ ၁:၂-၃, ၅-၇, ၉။ ၂:၂၇။ ယော၊၁၅:၁,၄,၅,၂၆။ ၁၄:၁၀။ ၁ရး၂၀,၂၃။ ရော၊၈:၂,၆,၉-၁၁, ၁၃,၁၄,၁၆,၂၃,၂၆,၂၇။ ဧ၊၂:၁၈။ ၃:၁၄,၁၆,၁၇-၁၉။ ၄:၆-၁၆။ ဖိ၊၂:၁၃။ ၁ကော၊၂၄,၉-၁၅။၁၂:၄-၁၀,၁၁။ ၁၅:၄၅။
၂ကော၊၁:၂၁-၂၂။ ၃:၃,၆,၈,၁၇,၁၈။ ၁၃:၁၄။ ဂလ၊ ၃:၁၄။ ၅:၁၆,၁၈,၂၂,၂၅။ တ၊၂:၄,၃၈။ ၆:၃,၅။ ၁၀:၃၈,၄၅။၁၅:၈။ရး၅၅။၁၁:၂၄။ ၁၃:၃,၄,၅၂။
ဘုရားသခင်၏ အသက်ကို ကျွန်ုပ်တို့ထဲမှာ ကျွန်ုပ်တို့ အ
တွက် ကျွန်ုပ်တို့မှ အခြားလူထဲသို့ ခရစ်တော် ရှင်ပေးသည်။ ရွှေလင်းယုန်
အရင်းအမြစ်
Monday, March 23, 2020
ဘုရားသခင်၏ ရည်ရွယ်ချက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment