Monday, November 2, 2020

ဘုရားသွန်သင်ခြင်း

=> ရော​မ​ဩ​ဝါ​ဒ​စာ ၁၂:၂၁
အ​ဆိုး​အား​ဖြင့် အ​ရှုံး​မ​ခံ​နှင့် အ​ကောင်း​အား​ဖြင့် အ​ဆိုး​ကို​နိုင်​လော့။

=> ရော​မ​ဩ​ဝါ​ဒ​စာ ၁၃:၈
အ​ချင်း​ချင်း ချစ်​ခြင်း​မေ​တ္တာ​မှ​တစ်​ပါး အ​ဘယ်​ကြွေး​မျှ မ​တင်​စေ​နှင့်။ သူ​တစ်​ပါး​ကို​ချစ်​သော​သူ​သည် အ​ကျင့်​တ​ရား​နှင့်​ပြည့်​စုံ​ပြီ။

=> ရော​မ​ဩ​ဝါ​ဒ​စာ ၁၃:၁၄
သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယူ​တင်​ဝတ်​ဆောင်​ကြ​လော့။ ကိုယ်​ကာ​ယ၏​တပ်​မက်​ခြင်း​အ​လို​ငှာ မ​ကြံ​စည်​ကြ​နှင့်။

=> ရော​မ​ဩ​ဝါ​ဒ​စာ ၁၄:၇-၈
ငါ​တို့​တွင် အ​ဘယ်​သူ​မျှ ကိုယ်​အ​ဖို့​အ​လို​ငှာ အ​သက်​မ​ရှင်။ အ​ဘယ်​သူ​မျှ ကိုယ်​အ​ဖို့​အ​လို​ငှာ မ​သေ။
အ​သက်​ရှင်​လျှင်၊ သ​ခင်​ဘု​ရား​အ​ဖို့​အ​လို​ငှာ ရှင်၏။ သေ​လျှင်​လည်း၊ သ​ခင်​ဘု​ရား​အ​ဖို့​အ​လို​ငှာ သေ၏။ ထို​ကြောင့် အ​သင်​ရှင်​သည်​ဖြစ်​စေ၊ သေ​သည်​ဖြစ်​စေ၊ သ​ခင်​ဘု​ရား​ဆိုင်​တော်​မူ၏။

=> ကော​ရိ​န္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် ၆:၁၅
သင်​တို့​ကိုယ်​ခ​န္ဓာ​သည် ခ​ရစ်​တော်၏ အင်္ဂါ​ဖြစ်​ကြောင်း​ကို မ​သိ​ကြ​သ​လော။ သို့​ဖြစ်​လျှင်၊ ခ​ရစ်​တော်၏​အင်္ဂါ​ကို ယူ၍ ပြည်​တန်​ဆာ၏​အင်္ဂါ ဖြစ်​စေ​အပ်​သ​လော။ မ​ဖြစ်​စေ​အပ်။

=> ကော​ရိ​န္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် ၆:၁၉
အ​ဘယ်​သို့​နည်း။ သင်​တို့​ကိုယ်​ခ​န္ဓာ​သည် ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော၊ သင်​တို့​အ​ထဲ၌ ကျိန်း​ဝပ်၍ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၏ ဗိ​မာန်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ မိ​မိ​တို့​ကို မိ​မိ​တို့ မ​ပိုင်​ကြောင်း​ကို​လည်း​ကောင်း၊ မ​သိ​ကြ​သ​လော။

=> ကော​ရိ​န္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် ၆:၂၀
သင်​တို့​သည် အ​ဖိုး​နှင့် ဝယ်​တော်​မူ​သော​သူ ဖြစ်​သော​ကြောင့်၊ ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​သော သင်​တို့၏ ကိုယ်​ခ​န္ဓာ​နှင့် စိတ်​ဝိ​ညာဉ်​အား​ဖြင့် ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ထင်​ရှား​စေ​ကြ​လော့။

=>


No comments:

Post a Comment