Thursday, March 17, 2022

အတားအဆီး ဖြိုချသူတစ်ယောက်

အခန်း (၁)

အတားအဆီး ဖြိုချသူတစ်ယောက်

မကြာခဏ ကျွန်တော်တို့တွေက ပတ်ဝန်းကျင်၊ ငယ်စဉ်ဘဝ ကြီးပြင်းခဲ့ပုံ၊ အခြားလူတွေ မိမိအပေါ်ထားတဲ့မျှော်လင့်ချက်တွေကြောင့် မိမိဘဝကို ကန့် သတ်ခွင့်ပြုတတ်ကြတယ်။ အနီးအနားက အရာတွေနဲ့ နေသားတကျ ဖြစ်လာကြတယ်။ သင့်အနေနဲ့ ဝက်သစ်ချပင်ကို ၂ ပေ ခန့် အရွယ် အိုးထဲမှာ စိုက်ပျိုးမယ်ဆိုရင် ဝက်သစ်ချပင်က၄င်းကို ဖန်ဆင်း ခဲ့တဲ့အတိုင်း ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါဟာ မျိုးစေ့က တစ်ခုခုမှားယွင်း နေလို့ မဟုတ်ပါဘူး။ ၄င်းကို စိုက်ပျိုးထားတဲ့ ပတ်ဝန်းကျင်ကြောင့်ပါ။ လူအများအတိုင်း လိုက်ရောညီထွေ နေထိုင်ဖို့ က လွယ်ကူပါတယ်။ ဒါပေ မယ့် ဘုရားက သင့်ကိုသာမန်လူအဖြစ် ဖန်ဆင်းခဲ့တာ မဟုတ်ပါဘူး။ သင့်ကို ထင်ပေါ်စေဖို့၊ သာမန်ထက်ပိုစေဖို့၊ သင့်အမှတ်အသားကို ယခုမျိုးဆက်မှာ ချန်ထားရစ်ဖို့ ဖန်ဆင်းခဲ့တာပါ။ သင့်အထဲမှာ ကြီးမြတ် တဲ့ မျိုးစေ့တွေ ရှိနေပါတယ်။ သင့်ကို ပြုစုပျိုးထောင်ခဲ့တဲ့ သူတွေထက် သင်က ပိုအဝေးရောက်အောင် သွားသင့်ပါတယ်။ ပိုကောင်းမွန်သော၊ ပိုအောင်မြင်သော ဘဝအဆင့်အတန်းသစ်တစ်ခုမှာ သင်နေထိုင်သင့် ပါတယ်။ သင့်ပတ်ဝန်းကျင်မှာ မကောင်းတဲ့အရာ စွဲလမ်းနေသူတွေ၊ မိမိကိုယ်ကို တန်ဖိုးမထားတဲ့သူတွေ၊ စိတ်ဓာတ်ကျမှုတွေ၊ ဆင်းရဲမှုတွေ ရှိကောင်းရှိနေနိုင်ပါတယ်။ ဒါတွေကို သင်ရပ်တန့် လို့ မရပါဘူး။ အဓိက အချက်က ဒါတွေကို သာမန်ပါပဲလို့ သင့်အတွေးထဲမှာ လက်ခံခွင့်မပြု ပါနဲ့။ ဒါတွေဟာ သင့်ဖြစ်တည်မှုပဲလို့ လက်ခံလိုက်မယ်ဆိုရင် သင့် ပန်းတိုင်နဲ့ လွဲချော်သွားမှာပါ။

ကျမ်းစာမှာ ကျွန်တော်တို့ က လောကီနှင့် မဆက်ဆံ၊ လောကီ ထဲက ရွေးကောက်ခံရသောသူဖြစ်တယ်လို့ ပြောထားတယ်။ သင်လည်း အကန့် အသတ်ရှိတဲ့ ပတ်ဝန်းကျင်ထဲ ရောက်နေပေမယ့် ဒီပတ်ဝန်းကျင် ကို သင့်အထဲသို့ ဝင်မလာစေပါနဲ့။ ရုန်းကန်မှု၊ ချို့တဲ့မှု၊ ဆင်းရဲမှု တွေကို မြင်တာများလာရင် သင့်အတွေးထဲမှာ “ငါလည်း ဒီလိုပါပဲ။ အမြဲရှန်းကန်နေရမှာ။ ငါ့မှာ လုံလုံလောက်လောက် ရှိမှာမဟုတ်ဘူး”လို့ တွေးမိသွားနိုင်တယ်။ ဒါဟာ မှားတယ်။ ဒီပတ်ဝန်းကျင်မှာ သင်ရှိနေ ပေမယ့် ဒါဟာ သင့်ဖြစ်တည်မှု မဟုတ်ပါဘူး။ ဒါဟာ သာမန်လိုဖြစ်နေ နိုင်ပေမယ့် သတင်းကောင်းကတော့ သင်က အတားအဆီး ဖြိုချသူ တစ်ယောက်ပါ။ သင့်မှာ အတားအဆီးတွေကို ဖြိုချပြီး ရှေ့ ဆက်သွား နိုင်ဖို့ အစွမ်း၊ မျက်နှာသာပေးမှု၊ အရည်အချင်းတွေ ရှိပါတယ်။ ဘုရား က သင့်ကို အသက်မှုတ်သွင်းပေးထားတယ်။ သင့်ကို အမြီးမဖြစ်စေပဲ ဦးခေါင်းဖြစ်တယ်လို့ ဘုရားပြောနေတယ်။ ရွက်ကြမ်းရေကျို သာမန် အရာအပေါ် သင့်အတွေးတွေ မမူတည်သွားစေပါနဲ့။ ဒါတွေကြောင့် သင့်ဖြစ်တည်မှုကို ပြောင်းလဲခွင့်မပြုပါနဲ့။

တစ်ခါတလေ လူတွေက ကျွန်တော်တို့ကို ဘောင်ခတ်ဖို့ ကြိုးစားကြမှာပါ။ သူတို့ က “မင်း စီးပွားရေး လုပ်နိုင်မှာ မဟုတ်ပါဘူး၊ အရင်းအနှီးမှ မရှိတာ။ အိမ်ကောင်းကောင်း ဝယ်နိုင်မှာ မဟုတ်ဘူး။ နေပြန်ကောင်းမှာ မဟုတ်ဘူး။ မှန်ကန်တဲ့ အိမ်ထောင်ဖက်နဲ့ ဆုံတွေ့ တော့မှာ မဟုတ်ဘူး” လို့ပြောတတ်ကြတယ်။ သူတို့အတွေးတွေက ကန့် သတ်ခံထားရတော့ သင့်အပေါ်လည်း ကန့် သတ်ဖို့ ကြိုးစားလာ မှာပါ။ သင့်အနေနဲ့ ဆုံးဖြတ်ချက်ခိုင်ခိုင်ထားပြီး“ငါ့အနီးအနားကလူတွေ သာမန်လို ဖြစ်နေလို ငါပါသာမန်လို အဖြစ်မခံဘူး။ မကောင်းတဲ့အရာ စွဲလမ်းမှု၊ စိတ်ဓာတ်ကျမှု၊ မျှော်လင့်ချက် နည်းမှုတွေကို ငါငြင်းပယ် တယ်။ ငါက အတားအဆီး ဖြိုချသူမှန်း ငါသိနေတယ်။ အဆင့်အတန်း သစ်တစ်ခုကို ငါချမှတ်မှာပါ” လို့ ပြောပါ။

ဒါတွေအားလုံး သင့်အတွေးမှ စတင်ပါတယ်။ သာမန်အရာကို လက်မခံတော့ဘူးလို့ မဆုံးဖြတ်သရွေ့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ သင့်ကိုယ်သင် ကန့်သတ်ထားတာတွေကို … ဖြုတ်ချလိုက်ပါတော့။ သင့်မှာ အလားအလာများစွာ ရှိတယ်။ ကန် သတ်ထားတဲ့ ဘောင်တွေ ကို ဖြိုချပြီး အသစ်သောအရာ တစ်ခုခုကို စမ်းလုပ်ကြည့်ပါ။ ရန်သူက သင့်အလားအလာတွေ မထွက်လာဖို့ကြိုးစားမှာပါ။ မကောင်းမှုတွေ၊ မကောင်းတဲ့စကားတွေ၊ လူတွေ၊ ပတ်ဝန်းကျင်တွေကို အသုံးပြုပြီး သင့်အား နောက်တစ်ဆင့် မတက်ရောက်နိုင်ဖို့ လုပ်ဆောင်မှာပါ။ လူ အများစုက မိမိကိုယ်ကို အစွမ်းအစကုန်သွားပြီ၊ သာမန်လူသားပါပဲ၊ ကြီးမြတ်တဲ့အရာတွေ မလုပ်နိုင်ပါဘူးဆိုပြီး အတွေးဝင်နေပါတယ်။ ဘာဖြစ်လာသလဲဆိုတော့ အတားအဆီးတွေကို ဖြိုချရမယ့်အစား ပတ်ဝန်းကျင်နဲ့ နေသားတကျ ဖြစ်သွားခဲ့ကြတယ်။


ကန့်သတ်ချက်တွေကို ဖယ်ရှားလိုက်ပါ
သန်းတွေအကြောင်း လေ့လာချက်တစ်ခုကို ကျွန်တော်ဖတ်ရ တယ်။ သုတေသီတွေက သန်းတွေကို ဘူးထဲထည့်ကာ အဖုံးပိတ်လိုက် တယ်။ သန်းတွေက ခုန်ပေါက်ဖို့ ကြိုးစားကြပေမယ့် အဖုံးနဲ့ အကြိမ်ကြိမ် တိုက်မိခဲ့ကြတယ်။ နောက်ဆုံး သူတို့ထွက်လို့မရမှန်း သိခဲ့ကြတယ်။ တစ်ချိန်မှာ သုတေသီတွေက အဖုံးကို ဖယ်လိုက်ကြတယ်။ အံ့အား သင့်စွာ သန်းတွေက ခုန်ထွက်ဖို့ မကြိုးစားကြတော့ဘူး။ အဖုံးကို ဖယ် ရှားလိုက်ပေမယ့် သန်းတွေက လုံးဝမခုန်ကြတော့ပါဘူး။

တစ်ခါတလေ သန်းတွေလိုပဲ ကျွန်တော်တို့က ပတ်ဝန်းကျင် ကြောင့်၊ ထပ်ခါထပ်ခါ ကျရှုံးခဲ့မှုကြောင့်၊ လူတွေ ပြောစကားတွေကြောင့် အတွေးထဲမှာ “ငါတော့ ကြီးမားတဲ့အရာ မလုပ်နိုင်တော့ပါဘူး။ ငါ့အိပ်မက်တွေ မပြည့်စုံတော့ပါဘူး။ ငါပြန်ကျန်းမာတော့မှာ မဟုတ်ပါဘူး" ဆိုပြီး အတွေးဝင်မိတတ်ကြတယ်။ အရင်က မဖြစ်ခဲ့ဘူး။ သင်ကြိုးစား ပေမယ့် အဖုံးနဲ့ အကြိမ်ကြိမ်တိုက်ခဲ့ရပြီ။ ဒါပေမယ့် အခုတော့ အဖုံးကို ဖယ်ရှားလိုက်ပြီဆိုတာ ကျွန်တော်ပြောပြရစေ။ နောက်တစ်ကြိမ် ထ ကြိုးစားကြည့်ပါ။ သင့်ကို ကန့် သတ်ထားဖို့ ၊ ရပ်တန့်ဖို့ ဖန်ဆင်း ထားတာမဟုတ်ဘူး။ သင့်စိတ်အတွေးတွေကို ပြန်လည်နေရာချလိုက်ပါ။

ကျွန်တော့်မိတ်ဆွေလည်း ဒီလိုဖြစ်ခဲ့တာပါ။ သူ့ဘဝအစက အရမ်းကြမ်းတမ်းခဲ့တယ်။ ဆင်းဆင်းရဲရဲနဲ့ အုပ်ထိန်းသူမရှိပဲ ကြီးပြင်း ခဲ့ရတယ်။ အဖေက ဘဝမှာ မရှိခဲ့ဘူး။ အမေကလည်း ကိုယ့်ကိစ္စနဲ့ ကိုယ် ရုန်းကန်နေရတယ်။ ဒီလိုဆင်းရဲတဲ့အခြေအနေကြောင့် မြို့ နယ်က သူ့ ကို ဒုက္ခသည်လို့ခေါ်ဆိုကြတယ်။ ဒီစကားဟာ သူငယ်စဉ်ကတည်းက ကြားခဲ့ရတော့ သူ့အတွေးထဲမှာ အမြဲဝင်နေခဲ့တယ်။ “ငါ့အနာဂတ်က ဘာမှ မဟုတ်ပါဘူး။ ငါက ဒုက္ခသည်ပါ” ဆိုပြီး အတွေးစွဲနေခဲ့တယ်။ ပြဿနာတွေကြုံရဒုက္ခရောက်ရနဲ့ အများနည်းတူ လိုက်လုပ်နေခဲ့ပါ တယ်။ သူ့ အနားကလူတွေက ရှုံးနိမ့်သူစိတ်ဓာတ်ကျသူမကောင်းမှု စွဲလမ်းသူတွေပါ။ သူလည်း နေသားတကျဖြစ်ခဲ့တယ်။ ပတ်ဝန်းကျင်နဲ့ ကျင့်သားရခဲ့တယ်။ သင့်ဘဝက သင့်အတွေးနောက်ကို လိုက်နေမှာပါ။ သူ့ကိုယ်သူ ဒုက္ခသည်လို့ထင်ခဲ့တော့ ... အမှန်တကယ် သူဒုက္ခတွေ ကြုံခဲ့ရတယ်။ သင်လည်း အစွမ်းအစတွေ ကုန်သွားပြီလို့ ယုံကြည်ရင် တကယ်ကုန်သွားမှာပါ။ သင်ပြန်ပြီး မကျန်းမာတော့ဘူးလို့ ယုံကြည်ရင် သင်ပြန်ကျန်းမာမှာ မဟုတ်ပါဘူး။ သင့်အတွေးက ကန့်သတ်ချက်ရှိ

နေတော့ အမြင့်ဆုံးအလားအလာတွေနဲ့ ဝေးကွာသွားစေမှာပါ။ သင့်ကို ဟန် တားစေတဲ့ အတွေးတွေကို ဖယ်ရှားပစ်ရန် ရဲဝံ့ရ ပါမယ်။ သင့်အစွမ်းအစနဲ့ ဘယ်လိုလုပ်ရမလဲ သင်သိမှာမဟုတ်ပါဘူး။ ဒါပေမယ့် သင့်အစွမ်းအစနဲ့ မဟုတ်ပါဘူး။ စကြဝဠာရဲ့ အကြီးမားဆုံး အားအင်က သင့်ဘက်မှာရှိပါတယ်။ ဘုရားက သင့်ကို ပိုမိုမြင့်မားစေဖို့၊ အတိတ်က အတားအဆီးတွေ ဖြိုချဖို့၊ မကောင်းတဲ့ အကျင့်ဆိုးတွေဖြတ်ပစ်ဖို့၊ သားစဉ်မျိုးဆက် ကျိန်ခြင်းမှ လွတ်မြောက်ဖို့ ဖန်ဆင်းခဲ့ တာပါ။ လူတွေက သင့်ကို ဒုက္ခသည်၊ သာမန်လူ၊ ချို့ တဲ့သူလို့ ခေါ်ဆို ကြပေမယ့် ဘုရားက သင့်ကို တတ်စွမ်းနိုင်သူ၊ ဘိသိက်ခံရသူ၊ တီထွင် တတ်သူ၊ လက်ရာမြောက်သူလို့ ခေါ်ဆိုပါတယ်။ သတင်းကောင်းက လူတွေဟာ သင့်ပန်းတိုင်ကို မသတ်မှတ်ပေးပါဘူး။ ဘုရားပဲ သတ်မှတ် ပေးတာပါ။ လူတွေပြောတဲ့စကား၊ လက်ရှိနေထိုင်နေတဲ့ ပတ်ဝန်းကျင်၊ သင်ကြီးပြင်းလာခဲ့မှုတွေက သင့်ပန်းတိုင်နဲ့ ဝေးကွာအောင် မလုပ်နိုင် ပါဘူး။ ဘုရားက သင့်ဘဝမှာ ဖြစ်ပျက်သမျှတိုင်း၊ မကောင်းမှုတိုင်း၊ ကြီးပြင်းခဲ့ရပုံ၊ လူတွေသင့်အပေါ် လုပ်ခဲ့တာ မလုပ်ခဲ့တာတွေကို အကုန်မှတ်ထားပါတယ်။ ဒါတွေအားလုံးကို သူ့အကြံအစည်ထဲမှာ ထည့်သွင်းထားပါတယ်။ သင်သာ ယုံကြည်ခြင်းရှိမယ်ဆိုရင် ဒါတွေက သင့်ကို ဟန့် တားစေမယ့်အစား အရှေ့ ကို တွန်းပို့ မှု ဖြစ်လာစေမှာပါ။ သင့်ကို အနိုင်ယူမယ့်အစား ပိုမိုသန်မာစေမှာပါ။ ဘုရားက သင့်အပေါ် ဆိုးကျိုးဖြစ်စေခဲ့တဲ့အရာကို အားသာချက်အဖြစ် ဘယ်လိုအသုံးပြုရမလဲ သိနေပါတယ်။

တစ်နေ့ ဒီလူငယ်လေးက ကျောင်းမှာ ပြဿနာတက်လို့ ကျောင်းအကြံပေး (school counselor) ဆရာမနဲ့ တွေ့ ခဲ့ရတယ်။ ဆရာမက သူ့ ကို ဆုံးမခဲ့ပေမယ့် နားမထောင်ခဲ့ဘူး။ ဒါပေမယ့် သူမက လက်မလျှော့ခဲ့ပါဘူး။ ဆက်ပြီး သူ့ကို ဆုံးမခဲ့တယ်။ နောက်ဆုံးမှာ သူက “ကျွန်တော့်ကို ဘာလို အနှောင့်အယှက်ပေးနေတာလဲ။ ကျွန် တော်က ဘာမှမလုပ်နိုင်ဘူး။ ငယ်ငယ်ကတည်းက ဒုက္ခသည်လို့ ဝိုင်း ပြောခံရသူပါ” လို့ ပြောတယ်။ ဆရာမက သူ့ မျက်လုံးကိုကြည့်ကာ “ငါပြောပြမယ်။ မင်းက ဒုက္ခသည်မဟုတ်ဘူး။ မင်းက ဖြစ်နိုင်ခြေရှိတဲ့ ကလေးပါ” လို့ ပြောခဲ့တယ်။ ဒီစကားကို သူကြားတော့ သူ အထဲမှာ တစ်ခုခုက လှုံ့ ဆော်လာခဲ့တယ်။ ဒါနဲ့ သူက ထိုင်နေရာမှ ထပြီး “ဖြစ်နိုင် ခြေရှိတာ ဘာကိုဆိုလိုတာလဲ” လို့မေးခဲ့တယ်။ သူမက “မင်းမှာ အလားအလာ အပြည့်ရှိတယ်။ မင်းက တော်တယ်။ အရည်အချင်းရှိတယ်။ မင်းဖြစ်လာနိုင်တာတွေ အများကြီးရှိပါတယ်” လို့ ပြောခဲ့တယ် .. သူ့ ဘ၀တစ်လျှောက်လုံး မကောင်းတာပဲ ကြားခဲ့ရတာပါ။ ဒါကြောင့် သူ့ အတွေးက “ငါရုန်းကန်နေရမှာ။ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး” လို့ စွဲနေခဲ့တာပါ။ ဒါပေမယ့် အဲဒီနေ့ မှာတော့ သူစွဲနေခဲ့တဲ့အတွေးကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။ သူ့ အတွေးတွေကို ပြန်လည်နေရာချနိုင်ခဲ့ပါပြီ။

ယနေ့ မှာတော့ အဲဒီလူငယ်လေးက ကိုယ်ပိုင်လုပ်ငန်း ပိုင်ဆိုင် ခဲ့ပြီး အရမ်းအောင်မြင်နေခဲ့ပါပြီ။ ဒါ့အပြင် သူက ကျောင်းတွေကို သွားပြီ ဒုက္ခသည်လို့ သတ်မှတ်ခံနေရတဲ့ ကျောင်းသားတွေကို အားပေးစကား ပြောနေရပါပြီ။ ဆရာမက သူ့ ကို ပြောခဲ့သလို “မင်းက ဒုက္ခသည်မဟုတ် ဘူး။ မင်းက ဖြစ်နိုင်ခြေရှိသူပါ” ဆိုပြီး ကျောင်းသားတွေကို သူပြောဆို ပေးနေပါတယ်။ ကျွန်တော့်မိတ်ဆွေလို သင့်အနားရှိ လူတွေက သင့်ကို သာမန် ရွက်ကြမ်းရေကျိုဆိုပြီး သတ်မှတ်ကောင်း သတ်မှတ်ကြမှာပါ။ သူတို့ အတွက် သာမန်ဖြစ်မှု၊ ပန်းတိုင်ကြီးကြီး မထားမှု၊ သာမန်အလုပ် အပေါ် ကျေနပ်နေမှုက နေသားတကျ ဖြစ်နေမှာပါ။ ဒီလို စိတ်ဓာတ် မျိုးကို သင်လက်မခံလိုက်ပါနဲ့။ ဒါက သင့်ဖြစ်တည်မှု မဟုတ်ဘူး။ သင်က တမူထူးခြားသူ၊ အတားအဆီး ဖြိုချသူပါ။ သင့်ရဲ့ပညာရေး၊ ကြီးပြင်းခဲ့ရပုံ၊ ပတ်ဝန်းကျင်တွေက သင့်ကို မကန့်သတ်နိုင်ပါဘူး။ ဘုရားက သင့်ကို ပိုမိုအမြင့်ရောက်စေဖို့ သတ်မှတ်ထားတယ်။နောက် တစ်ဆင့် တက်ရောက်ဖို့ သတ်မှတ်ထားပါတယ်။

အတားအဆီး ဖြိုချသူတစ်ယောက် ဖြစ်စေပါ
ကျန်တော့်အဖေလည်း ဒီအတိုင်းဖြစ်ခဲ့တာပါ။ သူက စီးပွားရေး ကပ်ဆိုက်ချိန်အတွင်း ဝါခင်းလုပ်ကိုင်တဲ့ ဆင်းရဲသားမိသားစုမှ ကြီးပြင်း ခဲ့ရပါတယ်။ ခရစ်စမတ်အချိန်ရောက်တိုင်း ကျောင်းမှာ အဆင်းရဲဆုံး မိသားစုတွေကို ပေးလေ့ရှိတဲ့ ခရစ်စမတ်ခြင်းတောင်းကို သူရခဲ့တယ်။ သူ့အနေနဲ နွားနို့ တစ်ခွက်ကို အပြည့် မဝယ်သောက်နိုင်ခဲ့ပါဘူး။ နို့ တစ်ခွက်ရဲ လေးပုံတစ်ပုံကိုသာ ဝယ်ပြီး ရေရောသောက်ခဲ့ရပါတယ်။

အဖေအသက် ၁၇ နှစ်အရွယ်မှာ အဖေက မိသားစုဝင်ထဲ ပထမဆုံး ယေရှုကို သိကျွမ်းခဲ့ပါတယ်။ ပြီးတော့ သူ့အနာဂတ်အတွက် နောက် ထပ် အကြီးမားဆုံး ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့တယ်။ အဖေက ကျွန် တော့် ကို ပြန်ပြောပြတယ် “ဂျိုးလ်၊ အဲဒီနေ မှာ အဖေဆုံးဖြတ်ချက်ချခဲ့တာက အဖေ့သားသမီးတွေကို အဖေ့လို ဆင်းဆင်းရဲရဲ မနေရစေဘူး” ဆိုပြီး အဖေက သူ စိတ်အတွေးကို ပြောင်းလဲခဲ့ပါတယ်။ သူ့ ပတ်ဝန်းကျင်က လူတွေဟာ လူကောင်းတွေဖြစ်ပေမယ့် ကန့်သတ်ချက်တွေ ရှိခဲ့တယ်။ သူတို့အတွေးတွေက မလုံလောက်မှု၊ ရုန်းကန်မှု၊ ချို့တဲ့မှုတွေကို စိတ်စွဲနေကြတာပါ။ ပြဿနာက ဒါတွေကို သင့်ဘဝပါပဲလို့ လက်ခံ မယ်ဆိုရင် သင်ဘာမှလုပ်မိမှာ မဟုတ်ပါဘူး။ သာမန် ရွက်ကြမ်းရေကျို ဘဝနဲ့ ပတ်ဝန်းကျင်အပေါ် နေသားတကျသွားဖို့ က လွယ်ကူပါတယ်။

အဖေ ဆယ်ကျော်သက်အရွယ်လောက်ရောက်တော့ သူ့ စိတ် ထဲမှာ တစ်ခုခုက လှုပ်ရှားလာတယ်။ ကြီးမြတ်ခြင်း မျိုးစေ့တွေပါ။ သူ့ ဘဝအခြေအနေတွေက ရှိတဲ့နေရာမှာ ရပ်တန့်စေဖို့ပဲ ဖြစ်စေတယ်။ ဝါခင်းထဲမှာပဲ သူ့ဘဝကို အဆုံးသတ်ရမယ်ပေါ့။ ဒါပေမယ့် ပတ်ဝန်း ကျင်နဲ့ နေသားတကျ ဖြစ်သွားမယ့်အစား အဖေ့စိတ်နေသဘောထားက “ဒါငါ့ရဲ့ ပန်းတိုင်မဟုတ်ဘူး။ ဒါကို ငါကျော်လွှားနိုင်တယ်။ ရွက်ကြမ်း ရေကျိုဘဝကို ငါငြင်းပယ်တယ်။ သူများသုံးပြီးသားအရာတွေ ဝတ်ဖို့၊ ခရစ်စမတ်ခြင်းတောင်းကို လက်ခံဖို့ ငြင်းပယ်တယ်။ ငါ့မှာ ကြီးမြတ်တဲ့ မျိုးစေ့တွေရှိနေတယ်။ ငါ့မှာ အလားအလာကောင်းတွေရှိတယ်။ တီထွင် ကြံဆမှုတွေ ရှိတယ်။ အမြင့်ဆုံးသော ဘုရားက ငါ့ကိုအသက်မှုတ်သွင်း ပေးထားတယ်” ပေါ့။ ဆယ်ကျော်သက်အရွယ်မှာပဲ အဖေက ဝါခင်းကို စွန့်ခွာခဲ့တယ်။ ကားကြုံစီးပြီး ထောင်တွေဘိုးဘွားရိပ်သာတွေကျောင်းတွေမှာ ဘုရားအကြောင်း ဝေဌခဲ့တယ်။ မိသားစုရဲ့ ဆင်းရဲခြင်း ကျိန်စာကို ဖြတ်တောက်နိုင်ခဲ့ပြီး ကျွန်တော်တို့ကို နောက်တစ်ဆင့် ပို့ဆောင်ပေးခဲ့တယ်။ အဖေက အတားအဆီး ဖြိုချသူတစ်ယောက်ပါ။ သူ ဘဝက သာမန်ထက် ပိုလွန်မှန်း သူသိခဲ့ပါတယ်။

ပတ်ဝန်းကျင်နဲ့နေသားတကျဖြစ်ပြီး သူများတွေလို နေထိုင်မယူ အစား သင့်ကိုယ်သင် အတားအဆီး ဖြိုချသူတစ်ယောက်၊ တမူထူးခြားသူ တစ်ယောက်လို့ မြင်လိုက်ပါ။ သင်က ထင်ပေါ်ရမယ့်သူ၊ အမြင့်တက် ရောက်မယ့်သူပါ။ သင့်မိသားစုဝင်တွေက စိတ်ဓာတ်ကျနေနိုင်ပေမယ့် သင်က မကျဘူး။ သင်က ဒါကို ဖြတ်နိုင်တယ်။ သင်က ပျော်ရွှင်တယ် သင့်မှာ ပျော်ရွှင်မှုအပြည့်ရှိတယ်။ လူတိုင်းက မကောင်းတာ စွဲလမ်းနေ ပေမယ့် သင်မပါဘူး။ သင်က လွတ်မြောက်တယ်။ အခြားသူတွေကို ကူညီပေးတယ်။ လူတိုင်းက ရုန်းကန်နေရပြီး ရှေ့ ဆက်မသွားနိုင်ပေမယ့် သင်မပါဘူး။ သင်က ကောင်းချီးခံစားရတယ်။ ကောင်းတဲ့ အရာတွေ သင့်နောက်ကို လိုက်နေတယ်။ သင့်အစွမ်း၊အရည်အချင်းတွေက ပို ကြီးမားတဲ့နည်းလမ်းတွေနဲ့ ပေါ်ထွက်လာမှာပါ။ ဘာဖြစ်လို့ လဲ။ သင်က တမူထူးခြားသူပါ။ ဒါဟာ မောက်မာခြင်း၊ အခြားသူတွေထက် ပိုတော် ပိုတတ်ခြင်းလို့ ထင်မြင်ခြင်းမဟုတ်ပဲ မိမိစိတ်ထဲမှာ တိတ်တဆိတ် ယုံကြည်မှုရှိနေခြင်းကြောင့်ပါ။

အဖေသာ ဆင်းရဲခြင်းနဲ့ ပညာရေးကန့် သတ်မှုကို ဘဝပေးတဲ့ ကံကြမ္မာဆိုပြီး လက်ခံခဲ့မယ်ဆိုရင် ကျွန်တော် ဒီနေ့ဒီနေရာမှာ ရှိနေ ခဲ့မှာ မဟုတ်ပါဘူး။ သင်ကော ဘုရားရဲ့အကောင်းဆုံးတွေထက် နည်း ပါးတဲ့အရာတွေကို လက်ခံနေတာလား။ ကန် သတ်ချက်ရှိတဲ့ ပတ်ဝန်း ကျင်ထဲမှာ သင်နေသားတကျ ဖြစ်သွားခဲ့ပြီလား။ သင့်နှလုံးသားထဲမှာ ကြီးမားတဲ့ အိပ်မက်တွေရှိတယ်။ သင့်အထဲမှာ လုပ်ငန်းသစ်၊ စီမံခန့် ခွဲရေး ရာထူးတစ်နေရာစာအုပ်တစ်အုပ်၊ အိမ်ကောင်းကောင်းတစ်လုံး ရှိနေပေမယ့် ဘာထူးခြားမှုမှ မတွေ့ ရဘူး။ သင့်မိသားစုရဲ့ လုပ်ဆောင် နိုင်တာကိုပဲ လုပ်နေခဲ့တယ်။ မဟုတ်ဘူး၊ ဒီမှာ အထိုင်မကျလိုက်ပါနဲ ပုံစံခွက်ထဲက ထွက်လာခဲ့ပါ။ ဘဝနေဝင်ချိန်မှာမလုပ်လိုက်ရလို့ နောင်တ ပြီး အဆုံးသတ်တာထက် ပိုဝမ်းနည်းဖွယ်ကောင်းတဲ့အရာ ရှိမှာမဟုတ် ပါဘူး။

အဖေ မကွယ်လွန်မီ နှစ်အနည်းငယ်အလိုမှာ အဖေ့ရဲ့ ဇာတိမြို့ ကို သွားခဲ့ပါတယ်။ အဖေကြီးပြင်းခဲ့တဲ့နေရာကို ကျွန်တော့်တို့ အား ပြပေးချင်လို့ ပါ။ အရင်က ဝါခင်းဆီကို ကျွန်တော်တို့ သွားခဲ့တယ်။ အိမ်တော့ မရှိတော့ပေမယ့် ရေတွင်းတော့ ရှိနေသေးတယ်။ အဖေက သူဝါခင်းမှာ အလုပ်လုပ်ခဲ့ရပုံ၊ ကျောင်းသွားခဲ့ရပုံတွေကို ပြောပြတယ်။ အနီးအနားမှာ အဖေ့သူငယ်ချင်းတွေရှိနေမလားဆိုပြီး ရှာဖွေခဲ့ပါတယ်။ ဒါနဲ့ အရမ်းဟောင်းနွမ်းနေတဲ့ အိမ်တစ်လုံးကို တွေ့ခဲ့ပါတယ်။ လူနေ မယ်လို့တောင် မထင်ရပါဘူး။ အိမ်အရှေ့မှာ အဖေ့ရွယ်တူ လူကြီး တစ်ယောက်က အဝတ်အစားမပါပဲ ထိုင်နေတာကို တွေ့ခဲ့ပါတယ်။ အဖေက သူ့ဆီသွားပြီး နှုတ်ဆက်တော့ ငယ်သူငယ်ချင်းဖြစ်နေမှန်း သိခဲ့ပါတယ်။ နှစ်ပေါင်း ၆ဝ လောက် သူတို့ မတွေ့ခဲ့ရတာပါ။ အဲဒီ လူက ကျွန်တော်တို့ကို အိမ်ထဲဝင်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ အိမ်က တော် တော်ဆိုးရွားနေတာပါ။ ခေါင်းမိုးက ရေစက်တွေခံဖို့ ပုံးတွေချထား တယ်။ ပြတင်းပေါက် အပျက်တွေလည်း စုပုံထားတယ်။ ဒီလိုနဲ့ အနီးအနား ဆက်သွားကာ အဖေ့ရဲ့ အခြားသူငယ်ချင်းတွေကို ထပ်မံဆုံတွေ့ခဲ့ပါ တယ်။ အလွန်ဆင်းရဲပြီး သာမန်လိုနေထိုင်ကြတဲ့ သူတွေပါ။

သူတို့ က လူကောင်းတွေပါ။ ဒါပေမယ့် သူတို့ ဘဝမှာ အောင် မြင်မှု အနည်းငယ်ပဲ ရှိခဲ့ကြတာပါ။ ဘဝပေးတဲ့ ကန့် သတ်ချက်အပေါ် လက်ခံမိတဲ့ အမှားကို လုပ်ကာ ပတ်ဝန်းကျင်နဲ နေသားတကျ ဖြစ်ခဲ့ရ တာပါ။ တစ်ယောက်က သူဆိုရင် ဟိုနားဒီနား တောက်တိုမယ်ရ အလုပ်တွေလုပ်ခဲ့ရကြောင်း၊ နောက်တစ်ယောက်က သူ့ အသက် ၂၈ နှစ် မှာ အလုပ်ပြုတ်ပြီးကတည်းက ပန်းတိုင်မရှိ၊ အိပ်မက် မရှိ၊ အရင်းအနှီး မရှိခဲ့ကြောင်း ကျွန်တော့်ကို ပြောပြကြတယ်။ အခုချိန်မှာတော့ သူတို့ ရဲ့ အစွမ်းအစ အလားအလာတွေကို မဖော်ထုတ်နိုင်ခဲ့ပဲ ဘဝနေဝင်ချိန် နီးကပ်လာခဲ့ပါပြီ။

အဲဒီနေက ကျွန်တော့်ကို အမှတ်ရစေပါတယ်။ အဖေလည်း အဲဒီပတ်ဝန်းကျင်မှာ ဘယ်လိုကြီးပြင်းခဲ့ရတာကို ကျွန်တော် မြင်ယောင် မိပါတယ်။ အဲဒီပုံစံခွက်၊ စီးပွားရေး ကပ်ဆိုက်ချိန်၊ ဆင်းရဲမှုတွေမှ ရုန်းထွက်နိုင်ခဲ့ပြီး ကမ္ဘာကြီးကို တို့ထိခဲ့ကာ ဘုရားကျောင်းကြီး များကို ဦးဆောင်နိုင်ခဲ့တယ်။ သူ့ ဘဝကို တမျိုးပြောင်းလဲနိုင်ခဲ့ပါတယ်။ အဖေသာ ဘဝပေးတဲ့ရှုံးနိမ့်မှုတွေကို လက်ခံလိုက်ရင် ဘာဖြစ်လာမလဲ ဆိုတာ ကျွန်တော်မြင်ယောင်မိပါတယ်။ အဖေသာ ဆုံးဖြတ်ချက်မခိုင်ပဲ “ငါဒီလိုရွက်ကြမ်းရေကျို ဘဝမှာ မွေးဖွားခဲ့ပေမယ့် ဒီမှာအထိုင်မကျဘူး” လို့ မပြောခဲ့ရင်၊ သူ့ စိတ်အတွေးတွေကို မပြောင်းလဲခဲ့ရင် အဖေလည်း အခြားသူတွေအတိုင်း အဲဒီမှာ ထိုင်နေခဲ့ရမှာပါ။

ဘဝအပေါ် ဖြတ်သန်းရံ ဖြတ်သန်းပြီး သင့်ပန်းတိုင်နဲ့ မလွဲ သွားစေပါနဲ့ ။ သင့်ကို ရပ်တန် နေဖို့ ၊ ရှိတဲ့နေရာမှာ တစ်နှစ်ပြီးတစ်နှစ် အထိုင်ကျစေဖို့ ဖန်ဆင်းထားတာ မဟုတ်ပါဘူး။ သင့်ကို ထူးချွန်စေဖို့ ဖန်ဆင်းထားတာပါ။ သင့်အထဲမှာ ထွက်ပေါ်လာနိုင်တဲ့ အလားအလာ တွေ ရှိပါတယ်။ တံခါးသစ်တွေ ဖွင့်ပေးမယ့်၊ အခွင့်အသစ်တွေ ယူလာ ပေးမယ့် စွမ်းရည်တွေ သင့်မှာ ရှိပါတယ်။ ရှိတဲ့နေရာမှာ အထိုင်ကျဖို့ ဆင်ခြေတွေ မပေးပါနဲ့ တော့။ ပျက်ဆီးခြင်း၊ မကောင်းတာ စွဲလမ်းခြင်း၊ စိတ်ဓာတ်ကျခြင်းတွေရှိတဲ့ ကန့် သတ်ချက်ပတ်ဝန်းကျင်မှာ သင်ရောက် ကောင်း ရောက်နေမှာပါ။ သတင်းကောင်းကတော့ အဲဒီမှာ သင်နေဖို့ မဟုတ်ပါဘူး။ ဒါက သင့်ပန်းတိုင် မဟုတ်ပါဘူး။ တစ်စုံတစ်ယောက်က သင့်ကို “ဒုက္ခသည်”လို့ နာမည်တပ်ပေမယ့် စင်္ကြဝဌာဖန်ဆင်းရှင်က သင့်ကို 'ဖြစ်နိုင်ခြေရှိသူ” ဆိုပြီး နာမည်တပ်ပါတယ်။ သင့်မိသားစု၊ သင့် မိတ်ဆွေတွေ လုပ်နိုင်တဲ့အတိုင်းအတာအတိုင်း သင်လုပ်နိုင်ခဲ့ပေမယ့် အဲဒီမှာ မရပ်တန့်လိုက်ပါနဲ့။ သင်က တမူထူးခြားသူပါ။ ရှေ့ဆက် ထပ်သွားရမှာပါ။ ယုံကြည်ခြင်း ခြေလှမ်းကို ဆက်လှမ်းရဲပါ။ အမြဲရှေ့ ဆက်နေပါတယ်။ ၁၀ နှစ်လောက် စောင့်မနေပါနဲ့။ အခြေ ဘဝက အနေတွေက သင့်ဘက်မှာ မရှိပေမယ့် အမြင့်ဆုံးသော ဘုရားက သင့်ဘက်မှာ ရှိနေပါတယ်။ သင့်ဘဝအပေါ် ဘုရားရဲ့ ကောင်းမြတ်ခြင်းက သင့်အစွမ်းအစနဲ့ မသွားနိုင်တဲ့နေရာဆီ ပို့ဆောင်ပေးမှာပါ။ အတား အဆီး ဖြိုချသူတစ်ယောက် ဖြစ်ဖို့ ဆိုရင် ဆင်ခြေတွေ မပေးပါနဲ့တော့။


မဖြစ်နိုင်မှုများကို အံတုပါ 
၁၉၀၀ ဝန်းကျင်လောက်က ကန်ဆက်စ် (Kansas) မှာ ကြီးပြင်းခဲ့တဲ့ ၈ နှစ်အရွယ် ကလေးတစ်ယောက်အကြောင်း ကျွန်တော်ဖတ်ခဲ့ ရတယ်။ ဆောင်းရာသီအချိန်မှာ သူနဲ့သူ့ညီက ကျောင်းကို စောစော သွားပြီး မီးဖိုအိုကြီးထဲ ထင်းမွှေးပေးကြတယ်။ ဒါမှ ကျောင်းခန်းထဲမှာ အခြားကျောင်းသားတွေရောက်လာချိန် နွေးနွေးထွေးထွေးရှိစေချင်လို ပါ။ တစ်နေ့မှာတော့ တစ်ယောက်ယောက်က မတော်တဆ ရေနံဆီ ထည့်တဲ့ခွက်ထဲကို ဓာတ်ဆီထည့်ထားမိခဲ့တယ်။ နောက်တစ်နေ့ သူက ထင်းမွှေးဖို့လုပ်တော့ မီးထပေါက်ခဲ့ပါတယ်။ သူ့ညီကတော့ သေဆုံး သွားခဲ့ရတယ်။ ဆရာမက အမြန်ဆုံးရောက်လာပြီး သူမေ့မျောနေ တာကို တွေ့ ခဲ့ရတယ်။ သူ အောက်ပိုင်းတစ်ခုလုံးတော့ မီးလောင်သွား ခဲ့ရတယ်။ ဒူးအောက်ပိုင်းတစ်ခုလုံး အသားတွေ မရှိခဲ့တော့ဘူး။ အသက်မသေရင်တောင် ဒုက္ခိတဖြစ်ကာ လမ်းလျှောက်နိုင်မှာ မဟုတ် တော့ဘူးလို့ သူ့အမေကို ပြောပြကြတယ်။ ဆရာဝန်တွေက သူ့​ြေခြေ ထောက်ကို ဖြတ်တောက်ဖို့ရန် အကြံပြုခဲ့တယ်။ ဒါပေမယ့် ဒီလူငယ် လေးက စိတ်ဓာတ်ကြံ့ခိုင်သူပါ။ တစ်နေ့ သူလမ်းပြန်လျှောက်ရုံမက ပြေးပါပြေးနိုင်ရမယ်လို့ လူတိုင်းကို ပြောခဲ့ပါတယ်။ သူ့ အကြိုက်ဆုံး ကျမ်းချက်ကတော့ ဟေရှာယ ၄၀ “ထာဝရဘုရားကို မျှော်လင့်သော သူတို့မူကား အားပြည့်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ” ဖြစ်တယ်။ အသက် ၈ နှစ်အရွယ် မှာပင် သူက ယုံကြည်ခြင်းရှိခဲ့တယ်။ မဖြစ်နိုင်တာကို အံတုနိုင်မယ်လို့ သူယုံကြည်ထားတယ်။

လပေါင်းများစွာအကြာ သူဆေးရုံဆင်းခဲ့ပါတယ်။ ခြေထောက် တွေတော့ ပြန်လှုပ်လို့မရသေးပါဘူး။ ဆရာဝန်တွေက သူ့တေမိဘတွေ အား သူ့ခြေထောက်ကြွက်သားတွေကို နှိပ်ပေးဖို့ အကြံပြုကြတယ်။ နေ့စဉ် အမေက သူ့ကို လူနာထိုင်ဝှီးချဲပေါ်တင်ကာ အပြင်ခေါ်သွား လေ့ရှိတယ်။ တစ်နေ့ တော့ သူ့ အမေသတိမထားမိစဉ် သူက ခြံစည်းရိုး ကိုကိုင်ပြီး ထဖို့ကြိုးစားခဲ့တယ်။ ဖြည်းဖြည်းချင်း သူက ထရွတ်တိုက် ဆွဲသွားခဲ့တယ်။ ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် လမ်းလျှောက်နည်းကို သူ ပြန်သင်ခဲ့ပါတယ်။ မီးလောင်ပြီး ၂ နှစ်အကြာမှာ ပထမဆုံးအကြိမ် သူမတ်တပ်ရပ်နိုင်ခဲ့တယ်။ မကြာခင်မှာပဲ .. သူပြေးပါပြေးနိုင်ခဲ့တယ်။ ကောလိပ်အပြေးအသင်းမှာ ဆုတံဆိပ်များစွာရရှိခဲ့ပြီး Kansas Flyer လို့ လူသိများလာခဲ့တယ်။ ၁၉၃၄ ခုနှစ်တွင် မီးလောင်ပြီး လမ်းလျှောက် နိုင်ဖို့ မဖြစ်နိုင်ဘူးလို့ အပြောခံရတဲ့ ဂလင်းကန်နင်းဟန် (Glenn Cunningham) က မိုင်နှုန်းပြေးပြိုင်ပွဲတွင် ကမ္ဘာ့စံချိန်ချိုးနိုင်ခဲ့ပါတယ်။ အတားအဆီး ဖြိုချသူတစ်ယောက်ဖြစ်ဖို့ ဆိုရင် ဆင်ခြေတွေ မပေးပါနဲ့။ သင်မရခဲ့တာ၊ မလုပ်နိုင်တာ၊ ဖြစ်နိုင်ခြေနည်းတာတွေကို တွေးမနေပါနဲ့ ။ သင်နဲ့ ဘုရားက အင်အားကြီးနေပါပြီ။ သင့်မှာ လိုအပ် တာတွေ ရှိတယ်။ သင်က အတားအဆီးဖြိုချသူတစ်ယောက်ပါ။ မဖြစ် နိုင်တာကို သင်အံတုနိုင်ပါတယ်။ ကင်ဆာရောဂါကို သင်နိုင်ပါတယ်။ မကောင်းတဲ့စွဲလမ်းမှုကို သင်ချိုးဖျက်နိုင်ပါတယ်။ လုပ်ငန်းသစ်ကို သင် စတင်နိုင်ပါတယ်။ ကျွမ်းကျင်သူတွေ ပြောတာထက် သင်ဝေးဝေးရောက် နိုင်ပါတယ်။ Glenn လိုပဲ သင့်ရဲ့စိတ်ကို ပြန်လည်နေရာချလိုက်ပါ။ လူတွေသင့်အပေါ် ဝေဖန်တာတွေကို တွေးနေမယ့်အစား ဘုရားပြောတဲ့ အရာ “ပြေးသော်လည်း မပင်ပန်း” တွေးလိုက်ပါ။ “မင်းကတော့ မကောင်းတဲ့စွဲလမ်းမှုကို ဖြတ်တောက်နိုင်မှာ မဟုတ်ပါဘူး” လို့တွေး မယ့်အစား “ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်း နိုင်၏။ သားသည် (ခရစ်တော်သည်) သင်တို့ကို လွှတ်လျှင် သင်တို သည် ဧကန် အမှန်လွတ်ကြလိမ့်မည်” လို့ပြောပါ။ “အိုး. . မင်းတော့အစွမ်းအစ ကုန်သွားပြီ။ မင်းခေတ်ကုန်သွားပြီ” လို့ တွေးနေမယ့်အစား “ဖြောင့်မတ်သောသူတို့ ၏လမ်းသည် တက်သောအာရုဏ်ကဲ့သို့ ဖြစ်၍ နေထွက်သည့်တိုင်အောင် တိုးပွားထွန်းလင်းတတ်၏။ ဘုရားငါ့အပေါ် ထားတဲ့အကြံအစည်တွေက မကောင်းတာမဟုတ်၊ ကောင်းဖို့ပါ။ ငါ့ကို အနာဂတ်နဲ မျှော်လင့်ချက်ပေးဖို့ ပါ” လို့ကြေငြာပြောဆိုပါ။ သင့်စိတ် အတွေးတွေကို မပြောင်းလဲသရွေ့ တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ Glenn က ကုတင်ပေါ်လှဲနေပြီး “ငါ့အဖြစ် ဆိုးလိုက်တာ။ ငါ့ခြေထောက် တွေ သွားပါပြီ။ ငါဘာမှမလုပ်နိုင်တော့ဘူး” လို့ တွေးနေလို့ ရပါတယ်။ ဒါဆိုရင် သူ့ အကြောင်းကို လူတွေ ဒီနေ့ ပြောနေတော့မှာ မဟုတ်ပါဘူး။

သင့်ကို နှောင့်နှေးစေတဲ့အရာတွေ ရှိနေပါသလား။ ပတ်ဝန်း ကျင်နဲ့ နေသားတကျဖြစ်ပြီး လူတွေပြောတဲ့အရာက သင့်ဘဝကို ကန့် သတ်သွားပြီလား။ ဘုရားက ပြောနေတယ် “ ဒီနေ့ က နေ့ ရက်သစ်ပါ။ သင်က အတားအဆီးဖြိုချသူတစ်ယောက်ပါ။ သင်ထင်ထားတာထက် ပိုဝေးကွာတဲ့နေရာဆီ ငါခေါ်သွားမယ်။ အဆင့်အတန်း အသစ်တစ်ခု သတ်မှတ်နိုင်ဖို့ ငါကူညီပေးမယ်။ သင်က မဖြစ်နိုင်တာကိုအံတုနိုင်မယ်” သင့်ဘက်က လုပ်စရာရှိတာလုပ်ပါ။ ဒီမျိုးစေ့ကို သင့်ဝိညာဉ်ထဲ အမြစ် တွယ်စေပါ။ အရှုံးမပေးပါနဲ့ ။ ဘုရားနဲ့ သဘောတူညီလိုက်ပါ။

ကြီးမားတဲ့မျိုးစေ့ကို လှုံ့ဆော်ပါ
နှစ်ပေါင်းများစွာ ပညာရှင်များက ၄ မိနစ်အတွင်း ဘယ်သူမှ တစ်မိုင်ရောက်အောင် မပြေးနိုင်ဘူးလို့ ပြောထားခဲ့တယ်။ သူတို့က လူခန္ဓာကိုယ်အား လေ့လာခဲ့ကြပြီး ပြင်းထန်တဲ့ဖိအားအောက်မှာ ခန္ဓာကိုယ် ပြိုလဲသွားနိုင်တယ်လို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် လူငယ် ရော်ဂျာ ဘန်နစ်စတာ (Roger Bannister) က ဒါကို မယုံခဲ့ပါဘူး။ နိုင်ရဘူးဆိုပြီး သူ့ အတွေးထဲ မဝင်စေခဲ့ပါဘူး။ ၁၉၅၄ ခုနှစ် မေလမှာ သူက ၄ မိနစ်အတွင်း တစ်မိုင်ရောက်အောင် ပြေးပြနိုင်ခဲ့ပြီး သမိုင်းဝင်သွားခဲ့ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက ၄၆ ရက်အကြာမှာ နောက်တစ်ယောက်က ဒီစံချိန်ကို ချိုးနိုင်ခဲ့ပါတယ်။ - အတွင်းမှာ လူပေါင်း ၃၃၆ ယောက်က ၄ မိနစ်အတွင်း တစ်မိုင်ရောက် အောင် ပြေးနိုင်ခဲ့ကြပါတယ်။ ဒါတွေဟာ ဟိုးအရင်နှစ်တွေက မဖြစ်ခဲ့ အခုမှာ ထပ်ခါထပ်ခါဖြစ်နေပါတယ်။ ဘာကြောင့်ပါလဲ။ လူတွေအတွေး ထဲမှာ အတားအဆီးကို ချိုးဖျက်ထားခဲ့လို့ ပါ။ နှစ်ပေါင်းများစွာ အပြေး သမားတွေက ပညာရှင်တွေပြောတာကို ယုံကြည်မိခဲ့ကြတယ်။ သူတို အတွေးထဲမှာလည်း မဖြစ်နိုင်တော့ဘူးလို့ ယုံကြည်မိခဲ့ကြတယ်။ ဒါနဲ့ ဒီအတားအဆီးကို ဖြိုချပြီးချိန်မှာတော့ မဖြစ်နိုင်တဲ့အရာကို သူတို့ လုပ်နိုင်ခဲ့တယ်။ သင်ကော သင့်အိပ်မက်တွေမပြည့်စုံတော့ဘူး၊ ပြန်ပြီ နေမကောင်းတော့ဘူးလို့ အတွေးဝင်နေခဲ့ပြီလား။ Roger လိုပဲ သင့် အတွေးတွေကို နေရာပြန်ချမယ်၊ ပိုကောင်းတာတွေးမယ်၊ သင်လုပ်နိုင် ရမယ်၊ ကြီးမားတဲ့မျိုးစေ့တွေ သင့်မှာရှိတယ်လို့ ယုံကြည်မယ်ဆိုရင် မဖြစ်နိုင်ဘူးလို့ သင်ထင်ခဲ့တဲ့အတားအဆီးတွေကို သင်လည်း ချိုးဖျက် လာနိုင်မှာပါ။

လှပတဲ့အချက်ကတော့ - အတားအဆီးတစ်ခုကို ချိုးဖျက်ပြီးရင် နောက်လူတွေအတွက် လွယ်ကူသွားစေတာပါ။ သင့်ကလေးတွေဆွေ မျိုးတွေအတွက် လမ်းခင်းပေးလိုက်တာပါ။ ဒါက အဆင့်အတန်းသစ် တစ်ခုလို့ ဆိုလိုခြင်းပါ။ ကျွန်တော့်အဖေလည်း ဒီလိုလုပ်ခဲ့တာပါ။ ဆင်းရဲခြင်း ကျိန်စာကို ဖြတ်တောက်ပြီး မိသားစုကို နောက်တစ်ဆင့်ဆီ ပို့ဆောင်ပေးခဲ့ပါတယ်။ ဒီအတားအဆီးကို သူချိုးဖျက်ခဲ့ခြင်းကြောင့် ကျွန်တော်က ပိုမိုဝေးကွာစွာ လျှောက်လှမ်းနိုင်ခဲ့တယ်။ အဖေဆုံးသွားချိန် ဘုရားကျောင်းက လူ ၈ဝဝဝ ခန့် ဆန့်ပါတယ်။ ကျွန်တော်အနေနဲ့ အထိုင်ကျပြီး “မဆိုးပါဘူး။ ငါ့မိဘတွေလိုပဲ ငါလုပ်နိုင်တာပဲ” လို့ တွေး မိလို့ရပါတယ်။ ဒါပေမယ့် ကျွန်တော်လည်း သင့်ကိုပြောတဲ့အတိုင်း လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ စွမ်းရည်ကို လှုံ့ဆော်ပြီး “ဘုရား သခင်၊ ကျွန်တော်က မိဘတွေလုပ်နိုင်ခဲ့တဲ့အတိုင်း ဆက်ရှိနေဖို့ မဟုတ် ပါဘူး” လို့ ပြောခဲ့တယ်။ ယုံကြည်ခြင်း ခြေလှမ်းကို ကျွန်တော်လှမ်းခဲ့ပြီး ဘုရားက အရင် Compaq Center ကြီးကို ကျွန်တော်တို့ ကို ပေးခဲ့တယ်။ အရှင်ဘုရားကျောင်းထက် အဆပေါင်းများစွာ ကြီးမားခဲ့တဲ့ အဆောက် အအုံကြီးပါ။ ဒီလိုပဲ ဖြစ်သင့်တာပါ။ ဘုရားက … အမြဲရှေ့ ဆက်နေတဲ့ ဘုရားပါ။ မျိုးဆက်တိုင်းကို ဘုရားက တိုးမြှင့်စေချင်ပါတယ်။

ကျမ်းစာထဲမှာ ‘ဟေဇကိ' ဆိုတဲ့ လူတစ်ယောက်က ဆိုးရွားတဲ့ မိသားစုကနေ ကြီးပြင်းလာခဲ့ရတယ်။ သူ့ အဖေက ယုဒဘုရင် ‘အာခတ်' ဖြစ်ပြီး လူတွေကို ရုပ်တုကိုးကွယ်ဖို့ ပြုလုပ်ခဲ့တယ်။ အရမ်းဆိုးရွားပြီး လူတွေကို နှိပ်စက်တဲ့သူပါ။ ဘုရားကို မရိုသေတဲ့အတွက် နိုင်ငံမှာ ဆင်းရဲမွဲတေလာခဲ့ရတယ်။ စစ်တပ် တပ်က ယုဒကို လာတိုက်ခိုက် တိုင်း အမြဲရှုံးနိမ့်ခဲ့ရတယ်။ အာခတ်တော့ သင်ခန်းစာရပြီး ဘုရားဆီ ပြန်လှည့်ကာ အကူအညီတောင်းမယ်လို. သင်ထင်မှာပါ။ ပြောင်းပြန် ပါပဲ။ သူက ဗိမာန်တော်တံခါးကို ပိတ်ခိုင်းပြီး ရတနာတွေကို ရောင်းစား ခဲ့ပါတယ်။ ဟေဇကိက ဒီလိုပတ်ဝန်းကျင်မျိုး၊ ရှုံးနိမ့်မှုမျိုး၊ ရွက်ကြမ်းရေ ကျိုးကြားထဲ ကြီးပြင်းလာခဲ့ရတာပါ။ သူ့ အဖေလိုမျိုး သူဖြစ်လာလို့ ရပါ တယ်။ ပတ်ဝန်းကျင်နဲ့ နေသားတကျဖြစ်သွားလို့ ရပါတယ်။ ဒါပေမယ့် ဟေဇကိက ဒီသဘောတရားကို နားလည်တယ်။ သူဘုရင်ဖြစ်လာတဲ့ အခါမှာ လမ်းတွေ၊ စီးပွားရေးတွေကို ပြန်လည်မပြုပြင်မီ ပထမဆုံး ဗိမာန်တော်ကို ပြန်ဖွင့်ပေးခဲ့တယ်။ သူ့ နိုင်ငံကို ဘုရားဆီ ပြန်လှည့်စေ ခဲ့တယ်။

သူ့အဖေက မကောင်းတဲ့သူ၊ လူတွေအပေါ် နှိပ်စက်တဲ့သူ ဖြစ်ပေမယ့် ဟေဇကိရဲ့ စိတ်နေသဘောထားက “ငါဒီလိုပတ်ဝန်းကျင် မှာ မွေးဖွားခဲ့ပေမယ့် ဒီလိုအထိုင်မကျဘူး။ ဒီမျိုးဆက်ကျိန်စာကို ငါ ဖြတ်တောက်မယ်။ မျိုးဆက်သစ်ကောင်းချီးမင်္ဂလာကို ငါစတင်မယ်” လို့ ထားရှိခဲ့တယ်။ ဟေဇကိက အတားအဆီးဖြိုချသူတစ်ယောက်ပါ။ သင်လည်း အကန့် အသတ်ရှိတဲ့ ပတ်ဝန်းကျင်ကို ရောက်ကောင်း ရောက် နေမှာပါ။ ဟေဇကိသာ ဒီနေ့ရှိနေမယ်ဆိုရင် သူက “ ဒီလိုမျိုး ဆက်နေစရာ မလိုဘူး”လို့ လာပြောမှာပါ။ သင်ဘယ်လိုစတင်သလဲက အရေးမကြီးပါဘူး။ ဘယ်လိုအဆုံးသတ်မလဲက အရေးကြီးတာပါ သင့်ကိုယ်သင်နဲ့ သင့်မိသားစုအတွက် လုပ်ဆောင်ပါ။ ပုံစံခွက်ထဲက ထွက်လိုက်ပါ။ မကောင်းတဲ့အရာတွေကို နောက်မျိုးဆက်သစ်ဆီ လ ကမ်းမနေပါနဲ့။ တမူထူခြားတဲ့သူ သင်ဖြစ်နိုင်ပါတယ်။ သင့်မိသားစုကို ဘုရားအား လေးစားဖို့၊ ကောင်းချီးမင်္ဂလာ၊ မျက်နှာသာရရှိမှု၊ အောင် မြင်ခြင်းလမ်းကြောင်းဆီ ပို့ပေးနိုင်တဲ့သူ သင်ဖြစ်နိုင်ပါတယ်။

သင့်အတွေးတွေကို ပြန်လည်နေရာချဖို့ ကျွန်တော်တောင်းဆို ပါတယ်။ သင့်ကိုနှောင်းနှေးစေတဲ့အရာတွေကို ဖယ်ရှားပစ်ပါ။ သင်က ဒုက္ခသည်မဟုတ်၊ ဖြစ်နိုင်ခြေရှိသူပါ။ ကြီးမြတ်တဲ့ သင့်မျိုးစေ့တွေကို လှုံ့ ဆော်ပါ။ အတားအဆီးဖြိုချသူတစ်ယောက် ဖြစ်စေပါ။ ဒီလိုသာလုပ်မယ် ဆိုရင် ကျွန်တော်ယုံကြည်လျှက် အခိုင်အမာပြောဆိုပါတယ် - ဘုရားက သင့်ဘဝအပေါ် အသစ်သောနည်းဖြင့် အသက်မှုတ်သွင်းပေးမယ်၊ အတိတ်ရဲ့ အတားအဆီးတွေ အခက်အခဲတွေကို သင်ကျော်လွှားနိုင်ပြီး အိပ်မက်တွေပြည့်စုံကာ ဘုရားသင့်ကိုဖန်ဆင်းခဲ့တဲ့အတိုင်း သင်ဖြစ်လာ ရမှာပါ။

အခန်း (၂)

သင့်ကို အပြည့်အစုံ တပ်ဆင်ထားတယ်

ဘုရားက သင့်ကိုဖန်ဆင်းတဲ့အခါ သင့်ပန်းတိုင်ဆီရောက်ရှိဖို့ အတွက် လိုအပ်တာမှန်သမျှကို သင့်အထဲမှာ ထည့်ပေးထားခဲ့တယ်။ ဘုရားက မဟာဗျူဟာကျကျ အလုပ်လုပ်တဲ့ ဘုရားပါ။ ရည်ရွယ်ချက် မရှိပဲ မလုပ်ပါဘူး။ သင့်ကို ဖန်ဆင်းရံဖန်ဆင်းပြီး “ကဲ. . သူဘာဆက် လုပ်မလဲဘာဆက်ဖြစ်မလဲ ကြည့်ကြစို့” လို့ မပြောပါဘူး။ ဘုရားက တိကျပါတယ်။ အသေးစိတ်ကအစ ဘုရားက ရည်ရွယ်ချက်ရှိရှိ လုပ် ဆောင်ပါတယ်။ သင့်ဘဝအတွက် အစီအစဉ်ဆွဲတဲ့အခါမှာ ဘုရားက သေသေချာချာ လေ့လာခဲ့တယ်၊ သင်ဘာတွေလိုမလဲ၊ ပန်းတိုင်ဆီ ရောက်ဖို့ ဘယ်လိုလုပ်ရမလဲ စဉ်းစားပေးခဲ့ပြီးမှ ကမ္ဘာမြေဆီသို့ သင် ရောက်လာတာပါ။ သင်လိုအပ်တဲ့ အရည်အချင်း၊ တီထွင်ကြံဆမှု၊ အင်အားတွေကို ဘုရားက ပေးခဲ့တယ်သင့်မှာ မှန်ကန်တဲ့ အရွယ်အစား မှန်ကန်တဲ့ရုပ်ရည်၊မှန်ကန်တဲ့ပင်ကိုစရိုက်၊ မှန်ကန်တဲ့မိသားစုရှိပါတယ်၊ သင့်ကို ချို့ တဲ့စွာ ပြုလုပ်ထားတာ မဟုတ်ပါဘူး။ သင့်အတွက် ဒီဇိုင်း ထားသောပြိုင်ပွဲဝင်ရန် သင့်ကို အပြည့်အဝ တပ်ဆင်ပေးထားခဲ့ပါတယ်။

အခြားသူတစ်ယောက်ဖြစ်ဖို့ ဆန္ဒပြုနေတာတွေကို ရပ်လိုက်ပါ။ “ငါ့မှာပိုကောင်းတဲ့ ပင်ကိုစရိုက်ရှိခဲ့ရင် ကြီးမြတ်တဲ့အရာတွေ ငါလုပ်နိုင် မှာ။ ငါသာ တခြားမိသားစုကနေ မွေးဖွားခဲ့မယ်ဆိုရင်... ငါသာ အရွယ်အစား သိပ်မသေးဘူးဆိုရင်. . ” ဆိုတာတွေပေါ့။ အမြင်သစ်ကို ထားရှိလိုက်ပါ။ သင်အရပ်ပိုရှည်ဖို့လိုမယ်ဆိုရင် ဘုရားက သင့်ကို အရပ်ရှည်ရှည် ဖန်ဆင်းခဲ့မှာပါ။ သင့်ပင်ကိုစရိုက်က တမူထူးခြားဖို့ လိုမယ်ဆိုရင် ဘုရားက ပေးထားခဲ့မှာပါ။ သင့်သာ တခြားနိုင်ငံသား ဖြစ်ဖို့လိုမယ်ဆိုရင် တခြားနိုင်ငံကနေ သင်မွေးဖွားခဲ့မှာပါ။ ဘုရားက အမှားမလုပ်ပါဘူး။ သင်က မချို့ ယွင်းပါဘူး။ သင့်ကို ကြောက်မက်ဖွယ်အံ့ဩဖွယ် ဖန်ဆင်းပေးထားခဲ့တယ်။

ဘုရားက စကြဝဠာကို ဖန်ဆင်းတဲ့အခါ၊ ကြယ်တွေကို ဖန်ဆင်း တဲ့အခါမှာ “ထိုအမှုအရာ ကောင်းသည်” လို့ ပြောခဲ့တယ်။ တောင်တန်းပင်လယ်နေဝင်ချိန်တွေကို ဖန်ဆင်းတဲ့အခါမှာလည်း “ထိုအမှုအရာ ကောင်းသည်” လို့ ဘုရားပြောခဲ့တယ်။ သတ္တဝါတွေဖြစ်တဲ့ ခြင်္သေ့၊ လင်းယုန်၊ လိပ်ပြာတွေ ဖန်ဆင်းတဲ့အခါမှာလည်း ဘုရားက “ထို အမှုအရာ > ကောင်းသည်” လို့ ပြောခဲ့တယ်။ ဒါပေမယ့် ဘုရားက သင့်ကို ဖန်ဆင်းတဲ့အခါ သင့်ရဲ့ ခမ်းနားထည်ဝါမှု၊ သန်မာမှု၊ စွဲဆောင်မှုအရည် အချင်းရှိမှုကို မြင်တဲ့အခါမှာတော့ ဘုရားက “အလွန်ကောင်းသည်” လို့ ပြောခဲ့တယ်။ ဘုရားက နေ၊လ၊ စကြဝဠာတွေကို အလွန်ကောင်းတယ်လို့ မပြောခဲ့ဘူး။ Rocky တောင်တန်းကို ကြည့်ပြီး အလွန်ကောင်းတယ်လို့ မပြောခဲ့ဘူး။ သင့်ကို ဖန်ဆင်းတဲ့အခါမှသာ “အလွန်ကောင်းသည်” လို့ ဘုရားပြောခဲ့ပါတယ်။

ဧဖက် (ကျမ်းစာ) မှာ သင့်ကိုလက်ရာမြောက်တဲ့အရာတစ်ခုလို့ ပြောထားတယ်။စကြဝဠာဖန်ဆင်းရှင်က သင့်ကိုအလွန်ကောင်းတယ်လို့ ပြောလိုက်ခြင်းက သင်ကမှန်ကန်တဲ့အရာလို့ ဆိုလိုခြင်းပါ။ တစ်ခုခုချို့ တဲ့နေသလို၊ မလုံလောက်သလို၊ အခြားသူ မလုပ်နိုင်တာကို သင်မလုပ် နိုင်သလို အသက်မရှင်လိုက်ပါနဲ့။ တခြားသူမှာ ရှိတဲ့အရာက သင့်မှာ ဝင်ရောက်လာခဲ့လို့ပါ။
မိမိဖြစ်တည်မှုအတိုင်း ဖြစ်ပါစေ။ သင်၏ဖြစ်တည်မှုအတိုင်း နေရင် သင်ကအစွမ်းထက်ပါတယ်။ အဓိကအချက်က ဘယ်သူမှ သင့်ဖြစ်တည်မှုအပေါ် အနိုင်ယူလို့မရပါဘူး။ သင်ကလွဲပြီး ဘယ်သူကမှ သင်နဲ့ မတူနိုင်ပါဘူး။ သင့်မှာ အားသာချက် ပါတယ်။ သင့်ဖြစ်တည်မှုအပေါ် ဖြစ်စေဖို့ ဘိသိက်ပေးထားပါတယ်။

ကျွန်တော်ဦးဆောင်တဲ့အခါမှာ စကားပြောရတာ ပိုကောင်း လာတယ်။ အသံသိပ်မကျယ်တော့ဘူး။ စိတ်ပူပန်မှု သိပ်မရှိတော့ဘူး၊ ငယ်ငယ်တုန်းက ကျွန်တော်ထင်ခဲ့တာက အမှုတော်ဆောင်ဖြစ်ဖို့ ဆိုရင် အသံကျယ်ကျယ်၊ ခွန်းအားအပြည့်၊ လှုပ်ရှားမှုအပြည့် ရှိရမယ်ပေါ့။ အဲဒီလိုမျိုး အမှုတော်ဆောင်နေတဲ့ အသိမိတ်ဆွေတွေ ကျွန်တော့်မှာ ရှိပါတယ်။ ဒါက သူတို့ ရဲ့ ဖြစ်တည်မှုဖြစ်လို့ အစွမ်းထက်တာပါ။ ကျွန် တော်သိခဲ့ရတာက မိမိဖြစ်တည်မှုအတိုင်း ဖြစ်နေမယ်ဆိုရင် အသံတိုး နေရင်တောင်အစွမ်းထက်နေအုန်းမှာပါ။ အရွယ်သေးငယ်နေရင် တောင် အစွမ်းထက်နေအုန်းမှာပါ။ နောက်ကွယ်မှာ နေရရင်တောင် အစွမ်းထက်နေအုန်းမှာပါ။ အဓိကအချက်က မိမိဖြစ်တည်မှုအတိုင်း ဖြစ်နေဖို့ ပါ။ မိမိဖြစ်တည်မှုအတိုင်း ဖြစ်မှသာ သင့်ဘိသိက်က လှုပ်ရှား သက်ဝင်လာမှာပါ။ သင့်ဘဝအတွက်တမူထူးချားသော မျက်နှာသာရရှိမှု၊ ကောင်းချီးမင်္ဂလာ၊ ကျေးဇူးကရုဏာတွေ ရှိနေပါတယ်။

မကြာခဏ ကျွန်တော့်တို့က ကိုယ့်ထက်တော်တဲ့သူ၊ အောင် မြင်သူ၊ ကောင်းချီးခံစားရသူကို မြင်တဲ့အခါမှာ မနာလိုမှုက ဝင်လာပြီး “ဘာကြောင့် ငါကျ မလုပ်နိုင်ရတာလဲ။ သူတို့ မှာရှိတာ ငါလိုချင်တယ်” ပေါ့။ ဒါတွေကို သတိမထားဘူးဆိုရင် သိပ်မကြာခင် သူတို့ နဲ့ ယှဉ်ပြိုင် လာမယ်သူတို့ထက် သာချင်လာမယ်၊ သူတို့ထက် ကောင်းတာကို ဝတ်ချင်လာမယ်သူတို့ထက် ပိုလုပ်ချင်လာမယ်။ ပြဿနာက သင့် ပြ ၀ိုင်ပွဲမှာမပါဝင်တဲ့သူနဲ့ သွားပြီး သင်ယှဉ်ပြိုင်နေတာပါ။ သင့်ပြိုင်ပွဲက သင့်အတွက် သီးသန့်လုပ်ထားတာပါ။ သင့်မိတ်ဆွေတွေ၊ အိမ်နီးနား ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ညီအစ်ကိုမောင်နှမတွေနဲ့ သင်ယှဉ်ပြိုင်နေရတာ မဟုတ်ပါဘူး။ သင့်ကိုယ်သင်သာ ယှဉ်ပြိုင်ရမှာပါ။ မိမိ ဖြစ်တည်မှုအပေါ် သင်တတ်နိုင်သမျှ ဖြစ်နိုင်ဖို့ပါပဲ။

ကျွန်တော်က Bishop Jakes လိုမျိုး တရားမဟောနိုင်ပါဘူး၊ Steve Crawford လိုမျိုး သီချင်းမဆိုနိုင်ဘူး၊ ကျွန်တော့်အစ်ကို Paul လိုမျိုး ခွဲစိတ်ကုသမှု မလုပ်နိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်က တစ်စုံ တစ်ယောက်ကို ခွန်အားပေးနိုင်တယ်၊ လူအချို့ ကို အားတက်အောင် ပြုလုပ်ပေးနိုင်တယ်၊ ပြုံးပြနိုင်တယ်။ ဒါတွေကို ကျွန်တော်ကျွမ်းကျင် ပါတယ်။

သင်နဲ မပြိုင်သင့်တဲ့သူကို သွားပြိုင်ပြီး အာရုံမလွဲသွားပါနဲ ။ သင့်ပြိုင်ပွဲအတွက် သင့်ကိုအပြည့်အစုံ တပ်ဆင်ထားမှန်း သင်နားလည် သွားတဲ့အခါ လူတွေနဲ့ယှဉ်ပြိုင်နေမယ့်အစား သင်က သူတို့အတွက် ဂုဏ်ယူပေးမှာပါ။ မှန်ကန်တဲ့စိတ်နေသဘောထားက “သူတို့ပြိုင်ပွဲကို ငါပြိုင်နေတာမဟုတ်ဘူး။ ငါ့ပန်းတိုင်အတွက် ငါ့ကိုတပ်ဆင်ပေးထား တယ်” လို့ ဖြစ်တယ်။

သင့်ပြိုင်ပွဲကို ယှဉ်ပြိုင်ပါ
ကျမ်းစာမှာ ဘုရင်ရှောလုက ဒီလိုကြောင့် နန်းကျခဲ့ရတာပါ။ ဒါဝိဒ်က အမြင့်ရောက်လာတဲ့အခါ၊ ဩဇာလွှမ်းမိုးလာတဲ့အခါမှာ ဒါဝိဒ် အပေါ် ဂုဏ်ယူပေးရမယ့်အစား ရှောလုက မနာလိုမှုဖြစ်လာခဲ့တယ်။ လူတွေက“ရှောလုက ရန်သူအထောင်ထောင် သတ်လေစွ”လို့ ချီးကျူးတဲ့ အခါမှာ ရှောလုက ပျော်ရွှင်နေခဲ့တယ်။ “လူတွေငါ့အပေါ် ဂုဏ်ပြုနေ တာပဲ။ ကြီးမြတ်တဲ့အရာကို ငါလုပ်ခဲ့တာပဲ”ပေါ့။ ဒါနဲ့ လူတွေကဆက်ပြီး “ဒါဝိဒ်က ရန်သူအသောင်းသောင်း သတ်လေစွ” လို့ ချီးကျူးတဲ့အခါ မှာတော့ ရှောလုက သူ့ ထက်သာတာကို လက်မခံနိုင်ခဲ့ပါဘူး။ ဒါဝိဒ်နဲ့ သူက ပြိုင်ပွဲမတူမှန်း သူနားမလည်ခဲ့ပါဘူး။ ဒါဝိဒ်နဲ့ ယှဉ်ရမှာ မဟုတ် ဘူး။ သူသာ ဒါဝိဒ်အပေါ် ဂုဏ်ယူပျော်ရွှင်ခဲ့မယ်ဆိုရင် သူ့ ပန်းတိုင်နဲ့ လွဲချော်ရမှာ မဟုတ်ပါဘူး။

လူတွေနဲ့ ကျွန်တော်တို့နှိုင်းယှဉ်ကြတဲ့အခါမှာ အာရုံတွေ လွဲကုန်မယ်၊ မကြာခင်မှာပဲ ကျွန်တော့်တို့ ရည်ရွယ်ချက်ဆီ မတွန်းပို့ ပေးတဲ့ အရာတွေနဲ့ပဲ အချိန်ကုန်သွားကြမှာပါ။ တစ်စုံတစ်ယော ပြောဖူးတယ် “အောင်မြင်သူတွေဟာ သူတို့ ပန်းတိုင်အပေါ် အာရုံစိုက် လွန်းလို့ ဘေးကလူတွေ ဘာတွေလုပ်နေသလဲဆိုပြီး အချိန်မပေးကြဘူး သင့်ပြိုင်ပွဲကိုသာ ပြေးပါ။ တစ်စုံတစ်ယောက်က သင့်ကိုကျော်ဖြတ်သွာ ရင်လည်း မကြောက်ရွံ့ လိုက်ပါနဲ့ ။ ခွန်အားယူလိုက်ပါ။ ဘုရားက သူတို့ အတွက် ပြုလုပ်ပေးခဲ့သလို သင့်အပေါ်မှာလည်း ပြုလုပ်ပေးနိုင်တယ် သင့်ထက် အရှေ့ ရောက်နေတဲ့သူတွေအပေါ် ဂုဏ်မပြုနိုင်ဘူးဆိုရင် သူတို့ရောက်နေတဲ့နေရာဆီ သင်ရောက်ရှိတော့မှာ မဟုတ်ပါဘူး။ သင့်ကို ကျော်တက်သွားတဲ့သူတွေအတွက် ဝမ်းသာပျော်ရွှင်ပေးရမယ့်စာမေးပွဲကို သင်ဖြတ်ကျော်ရမှာပါ။ မနာလိုစိတ်က ဝင်လာနိုင်ပါတယ်။ အပြစ်ရှာချင်တယ်။ ဝေဖန်ချင်လာတယ် “သူတို့နဲ့ မထိုက်တန်ပါဘူး။ အရည်အချင်းလည်း မရှိပဲ။ ငါကြားထားတဲ့ သူတို့ မကောင်းကြောင်း တွေကို ပြန်ပြောပြမယ်” အဲလိုမျိုး ထောင်ချောက်ထဲ မဝင်လိုက်ပါနဲ့ ၊ ဘုရားက သူတို့ အပေါ်ကောင်းလို့ သင့်အပေါ် မကောင်းတော့ဘူးလို့ မဆိုလိုပါဘူး။ သူတို့အတွက် ပျော်ရွှင်ပေးလိုက်ပါ။

တစ်စုံတစ်ယောက်က ကောင်းချီးခံစားရတယ်၊ အမြင့်ရောက် နေတယ်ဆိုရင် “သူတို့တွေ ကံကောင်းလိုက်တာ” လို့တွေးမိတာက လွယ်တယ်။ သင်မသိသေးတာက သူတို့ ဘဝရဲ့ ကောင်းမြတ်ခြင်းတွေက နာကျင်မှုမရှိပဲ ရလာခဲ့တာမဟုတ်ပါဘူး။ ရုန်းကန်မှုမရှိပဲ သူတို့ရာထူး တိုးခဲ့ကြတာ မဟုတ်ဘူး။ စိတ်ဓာတ်ကျမှုတွေကို ရင်ဆိုင်ခဲ့ရတယ်။ အရှုံးပေးချင်စိတ်ရှိချိန်မှာ သူတို့ အရှေ့ ကို ဆက်သွားခဲ့ကြတယ်။ သူတို့ ရောက်နေတဲ့နေရာကိုရောက်ရှိဖို့အတွက် … ဘာတွေပေးဆပ်ခဲ့ရသလဲ ဆိုတာ သင်မသိပါဘူး။ တစ်ခါတလေ ကျွန်တော်တို့ တွေက အဆုံးကိုသာ မြင်တတ်ကြတယ်။ သူတို့ အရာရာ အဆင်ပြေနေကြတာ၊ ဇာတ်လမ်း ပျော်ရွှင်နေကြတာ၊ ကောင်းချီးခံစားနေကြတာကိုပဲ မြင်ကြတယ်။ ကျွန်တော်တို့ မမြင်မိတာက ဇာတ်လမ်းရဲ့ အလယ် ပိုင်းဖြစ်တဲ့ မျက်ရည်တွေ၊ အထီးကျန်ညတွေ၊ ရုန်းကန်မှုတွေပေါ့။ ဘုရားက သူတို့ အပေါ် ပြုလုပ်ပေးခဲ့တဲ့အရာအပေါ် ဂုဏ်ယူပြီး သဘော ထားကြီးလိုက်ပါ။ ရှောလုလို မဖြစ်စေပါနဲ့။ တစ်စုံတစ်ယောက်က သင့်ထက်သာသွားလို့ ချဉ်သွားကာ သင့်ပန်းတိုင်ကို မလွဲမိစေပါနဲ့ ။ သူတို့ အောင်မြင်မှုက ဘုရားသင့်အပေါ် ပြုလုပ်မယ့်အရာကို မရပ်တန့် စေပါဘူး။ ဘုရားက သူ့တေရဲကောင်းမြတ်ခြင်းတွေ အားလုံးကို သူတို အပေါ်မှာပဲ အကုန်သုံးလိုက်တာ မဟုတ်ပါဘူး။

ဒါက စာမေးပွဲပါ။ သူတို့နဲ့ ယှဉ်ပြိုင်ပြီး အမှီလိုက်ဖို့ သင့် စွမ်းအင်အားလုံးကို အသုံးပြုလိုက်မှာလား။ ဒါမှမဟုတ် ဘုရားက သူတို့ အပေါ် ပြုလုပ်ခဲ့တာကို ဂုဏ်ပြုပေးမှာလား။ မိတ်ဆွေအစစ်အမှန်က သင်လဲကျနေချိန်၊ အမှားလုပ်မိချိန်မှာ ပေါ်လာတဲ့လူဆိုပြီး သတ်မှတ် လို့ မရပါဘူး။ သင်အမှားလုပ်မိရင် လူတွေက စိတ်မကောင်း ဖြစ်မယ်။ သင့်ကို ကူညီဖို့ လာမယ်။ သင့်မိတ်ဆွေ အစစ်အမှန်ကတော့ သင်အောင် မြင်နေချိန်မှာ ပေါ်လာတဲ့သူတွေပါ။ သင်ရာထူးတိုးချိန်မှာ သင့်ကို ဂုဏ်ပြုပေးကြတယ်။ သင့်အပေါ် ဘုရားကောင်းချီးပေးလို့ သူတို့ ပျော်ရွှင်ကြတယ်။ အိမ်အသစ်ဆီ သင်ပြောင်းရွေ့လို့ အောင်ပွဲခံကြတယ်။ ဒီစကားပုံကို သင်ကြားဖူးမှာပါ “ထိပ်ပိုင်းရောက်ရင် အထီးကျန်ရတယ်” ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းက သင့်အောင်မြင်မှုအပေါ် ကျေနပ်ကြမှာ မဟုတ်ပဲ မကြာခဏ လူတွေက မနာလိုဝန်တို၊ ဝေဖန်မိကြမှာပါ။ ဒီစာ မေးပွဲကို ကျော်ဖြတ်လိုက်ပါ။ တစ်စုံတစ်ယောက်က သင့်ကို ကျော်တက် သွားရင်လည်း ဂုဏ်ပြုလိုက်ပြီး သင့်ပြိုင်ပွဲကိုသာ ဆက်ပြေးပါ။ ဘယ်ဖက် ညာဖက် မကြည့်ပါနဲ့။ သင့်ကို ဘုရားဖန်ဆင်းတဲ့အတိုင်း သာ ဖြစ်စေပါ။

တစ်နေ့ ကျွန်တော်က အိမ်နားဝန်းကျင်မှာ အပြေးလေ့ကျင့် နေခဲ့ပါတယ်။ ကျွန်တော့်အရှေ့မှာ လူတစ်ယောက်လည်း အပြေး လေ့ကျင့်နေတာကို မြင်ခဲ့ပါတယ်။ သူ့ ကို အမှီလိုက်မယ်လို့ ကျွန်တော် တွေးလိုက်တယ်။ ကျွန်တော်ကွေ့ ရမယ့်လမ်းကိုရောက်ဖို့ ၁ မိုင် လောက်လိုသေးပါတယ်။ ကျွန်တော် အမြန်နှုန်းတင်ပြီး ပြေးကာ တဖြည်းဖြည်း မှီလာခဲ့တယ်။ ကျွန်တော့်စိတ်ထဲနေလို့ကောင်းကာ “ငါလုပ်ရပ်ကို ကြည့်လိုက်ပါ” လို့ တွေးမိပါတယ်။ နောက်ဆုံးမှာ ကျွန်တော် သူ့ကို ကျော်တက်နိုင်ခဲ့တယ်။ သူ့ ကို ကျွန်တော်နိုင်ခဲ့ပြီ။ သူကတော့ ကျွန်တော် ပြိုင်နေမှန်း မသိခဲ့ပါဘူး။ ကျွန်တော်ကတော့ ကျေနပ်ခဲ့တယ်။ အဲခွ အချိန်မှာ ကျွန်တော်သိလိုက်တာက သူ ကိုအမှီလိုက်ဖို့ အာရုံစိုက်လွန်း လို့ ကျွန်တော်ကွေ့ ရမယ်လမ်းကို ကျော်သွားခဲ့ပါတယ်ဒါနဲ့ ကျွန်တော် အနောက်ဘက်ပြန်လှည့်ခဲ့ရပါတယ်။

လူတွေနဲ့ လိုက်ပြိုင်နေရင် ဒီလိုပဲ ဖြစ်လာမှာပါ။ ဒါက အာရုံကို လွှဲစေတာပါ။ ကျွန်တော်တို့က ကိုယ်နဲ့မဆိုင်တဲ့ပြိုင်ပွဲတွေကို ပြေးနေ ကြပါတယ်။ အချိန်တော်တော်များများ မသိတဲ့လူတွေနဲ. ယှဉ်ပြိုင် နေကြတယ်။ အဲဒီလူသာ ကျွန်တော်ပြိုင်နေမှန်းသိရင် သူ့ပြေးအားကို တင်လိုက်မှာပါ။ အာရုံတွေ မလွဲစေပါနဲ့ ။ သင့်ပြိုင်ပွဲကိုသာ ပြေးပါ။

သင့်ဖြစ်တည်မှုအပေါ်၊ သင်မဟုတ်တဲ့အရာအပေါ် သိထားပါ ကျမ်းစာမှာ နှစ်ခြင်းဆရာ ယောဟန်က လူတွေကိုနှစ်ခြင်း ပေးကာ လူအများရဲ့ အာရုံစိုက်ခြင်း ခံခဲ့ရပါတယ်။ တစ်နေ့တော့ ဂျူးဘာသာရေးခေါင်းဆောင်ကြီးတွေ ရောက်လာပြီး သူ့ ကို ခရစ်တော် လားလို့ မေးကြတယ်။ ချက်ချင်းဆိုသလိုယောဟန်က ပြန်ဖြေလိုက်တယ် “ငါက မေရှိယ(ကယ်တင်ရှင်)မဟုတ်ဘူး” သင့်ဖြစ်တည်မှုကို သိရှိရုံမက သင်မဟုတ်တဲ့အရာကိုလည်း သိရှိဖို့ အရေးကြီးပါတယ်။ ဒါကို မသိဘူး ဆိုရင် သင်မဟုတ်တဲ့အရာအပေါ် ဖြစ်ဖို့ ကြိုးစားရင်း ဘဝမှာအချိန် ကုန်သွားမှာပါ။ ယောဟန်က မေရှိယ မဟုတ်ဘူးဆိုပြီး ငြင်းဆိုလိုက် ပါတယ်။ သူပြောချင်တာက “ငါ့အနေနဲ့ မေရှိယ ဖြစ်စရာမလိုပါဘူး။ ဘုရား ငါ့ကိုဖန်ဆင်းထားတဲ့အရာအပေါ် ငါကျေနပ်တယ်” လို့ပြောနေ တာပါ။

သင်လည်း သင်မဟုတ်တဲ့အရာအပေါ် ဖြစ်လာဖို့ကြိုးစား နေမယ်ဆိုရင် သင်စိတ်ပျက်မိမှာပါ။ ဘုန်းကျက်သရေလည်း မရှိပါဘူး။ တောင်ပေါ် တက်နေသလို အမြဲရှန်းကန်နေရမှာပါ။ ရှောလုက ဒီသဘော တရားကို နားလည်ခဲ့မယ်ဆိုရင် သူ့နန်းပလ္လင်ကို ဆက်ထိန်းထားနိုင် ခဲ့မှာပါ။ သူသာ “ငါက ဒါဝိဒ်ဟုတ်ဘူး။ ဒါဝိဒ်က ရန်သူတစ်သောင်း အနိုင်ရပြီး ကြီးမြတ်တဲ့အရာတွေကိုလုပ်ခဲ့တယ်။ ငါက ရန်သူတစ်ထောင် ကို အနိုင်ရတယ်။ ငါ့ကို ဘုရားကောင်းချီးပေးတယ်” ဆိုပြီး လက်ခံ လိုက်မယ်ဆိုရင် သူ့ ဇာတ်သိမ်းက တစ်မျိုးပြောင်းသွားခဲ့မှာပါ။

အချိန်တော်တော်များများ ကျွန်တော်တို့ က သူများနဲ့ မနှိုင်းယှဉ် သရွေ့ ပျော်ရွှင်ကြပါတယ်။ ရှောလုက ဒါဝိဒ်ရဲ့ သတင်းတွေကြားတော့ ကျွန်တော်ထင်တယ် ရှောလုတော့ ဒီလိုမေးမိမှာပါ “ ဒါဝိဒ်က ဘယ်နှစ် ယောက်တောင် အနိုင်ရခဲ့တာလဲ” လူတွေက “ရန်သူတစ်သောင်းပါ” လို့ ဖြေလိုက်ချိန်မှာတော့ ရှောလုရဲ့ အမြင်တွေ ပြောင်းလဲသွားခဲ့တယ်။ ရှောလုက သူ့ အောင်မြင်မှုအပေါ် မကျေနပ်ခဲ့ဘူး။ မနာလို ဝန်တိုလာ တယ်။ အခြေခံအားဖြင့် ရှောလုက သူ့ ဘဝတစ်လျှောက်လုံး ဒါဝိဒ်လို ဖြစ်ဖို့ ပဲ ကြိုးစားနေခဲ့တော့တယ်။ သူ့ အနေနဲ့ “ငါက ဒါဝိဒ် မဟုတ်ဘူး။ ဘုရားက သူ့ကို အခြားနည်းလမ်းနဲ့ကောင်းချီးပေးထားတာပဲ” လို့ နားလည်လိုက်ရမှာပါ။

ကျွန်တော်တို့ က ဘုရားရဲ့ အချုပ်အခြာအာဏာကို နားလည် ဖို့ လိုမယ်။ ကျွန်တော်တို့အမြင်မှာ မတရားတာလည်း ဖြစ်နိုင်တယ်။ အမြဲ တမ်းအဓိပ္ပာယ်ရှိနေမှာ မဟုတ်ဘူး။ ဒါပေမယ့် ဘုရားရဲ့ နည်းလမ်းက ကျွန်တော်တို့ နဲ့ မတူဘူး။ ကျမ်းစာမှာ ဘုရားက ကျွန်တော်တို့ အားလုံး ကို မတူညီတဲ့ အစွမ်းတွေ၊ အရည်အချင်းတွေကို ပေးထားတယ်လို့ ပြောထားတယ်။ လူတိုင်းက အတူတူ ရနေမှာ မဟုတ်ဘူး။ ဘုရား သင့်ကို ပေးထားတဲ့အရာက သင့်ပန်းတိုင်ကို ပြည့်စုံဖို့ အတွက် လိုအပ်တဲ့အရာ ပါ။ သင်က ရှောလုလို တစ်ထောင်ပဲ အနိုင်ရရ၊ ဒါဝိဒ်လို တစ်သောင်းပဲ အနိုင်ရရ၊ မှန်ကန်တဲ့အမြင်ကတော့ “ဘုရားပေးတဲ့အရာအပေါ် အကောင်းဆုံး ငါလုပ်ဆောင်မယ်” လို့ ဖြစ်တယ်။ မယှဉ်ပြိုင်နဲ့ ၊ မနှိုင်း ယှဉ်နဲ ၊ သင့်ပြိုင်ပွဲကိုသာ ပြေးပါ။

ယေရှုက ရှင်မဿဲ ၂၅ (ကျမ်းစာ) မှာ ဥပမာတစ်ခုကိုပြောပြ တယ်။ ပိုင်ရှင်တစ်ဦးက သူ ငယ်သားတစ်ယောက်ကို ငွေအခွက် တစ်ဆယ်၊ နောက်တစ်ယောက်ကို အခွက် နှစ်ဆယ်၊ နောက်ဆုံးတစ် ယောက်ကို အခွက် ငါးဆယ်ပေးခဲ့တယ်။ တကယ်လို့ ဘုရားသာ တရားမျှတရင် သူတို ့ အားလုံးကို တန်းတူပေးရမှာပေါ့လို့ ထင်ကောင် ထင်မိမှာပါ။ ဒါပေမယ့် ဘုရားက အချုပ်အခြာအာဏာရှင်ပါ။ သင့်ကို ငွေအခွက် ငါးဆယ်ပေးပြီး ကျွန်တော့်ကို နှစ်ဆယ်ပေးချင်ပေးမှာပါ သူက ဘုရားလေ။ ဒါကို ကျွန်တော်စောဒကတက်လို့ ရပါတယ်။ သင်နဲ့ လိုက်ပြိုင်လို့ ရပါတယ်။ ဘယ်လိုပဲဖြစ်နေဖြစ်နေ သင်ကတော့ ငါးဆယ်၊ ကျွန်တော်ကတော့ နှစ်ဆယ်ပဲ ရနေမှာပါ။ ပိုကောင်းတဲ့ချဉ်းကပ်မှု ကတော့ “ဘုရားသခင်၊ ကိုယ်တော်က အချုပ်အခြာအာဏာရှင်ပါ။ အရင်က ကျွန်တော့်မှာ ဘာမှမရှိခဲ့ပေမယ့် အခုတော့ ငွေအခွက် နှစ် ဆယ်ရပါပြီ။ ဒါကြောင့် ကျွန်တော် စောဒကတက်ပြီး အခြားသူနဲ့ ယှဉ်ပြိုင် နေမယ့်အစား ဒီငွေအခွက် နှစ်ဆယ်ကို အကောင်းဆုံးအကျိုးရှိအောင် ပြုလုပ်ပါမယ်” လို ပြောပါ။

သင်မဟုတ်တဲ့အရာအပေါ် သိရှိဖို့ အတွက် ရင့်ကျက်မှုလို ပါတယ်။ သင်မဟုတ်တဲ့အရာကို သိနေခြင်းက သင့်ဖြစ်တည်မှုအပေါ် အာရုံစိုက်စေပါတယ်။ အခြားသူကဲ့သို့ ဟိုလိုမျိုး၊ ဒီလိုမျိုးဖြစ်ဖို့ ဖိအားက အမြဲရှိနေမှာပါ။ လူတိုင်းက သင့်အပေါ် ထင်မြင်ချက်အမျိုးမျိုး ပေးနိုင် ပါတယ်။ ဒါပေမယ့် သင့်နှလုံးသားက သင့်ဖြစ်တည်မှု ဘာလဲဆိုတာ သိနေမှာပါ။ အပြင်ကဖိအားတွေအခြားလူတွေဖိအားတွေကြောင့် သင်မဟုတ်တဲ့အရာအပေါ် ပုံစံအသွင်းမခံလိုက်ပါနဲ။

သင့်အစွမ်းကို လျှော့မတွက်လိုက်ပါနဲ့
ကျွန်တော် အမှုတော်ဆောင်စလုပ်စဉ် အသက်ငယ်သေးတော့ အတွေ့ အကြုံ သိပ်မရှိခဲ့ပါဘူး။ လူအများစုက ကျွန်တော့်ကို ထင်မြင် ချက်မျိုးစုံ ပေးကြပါတယ်။ ဘုရားကျောင်းကို ဘယ်လိုဦးဆောင်ဖို့၊ ဘယ်လိုအမှုတော်ဆောင်ဖို့၊ ဘာအကြောင်းတရားဟောဖို့ဆိုပြီး လာပြော ကြပါတယ်။ ကျွန်တော့်ကို သူတို့စိတ်ကြိုက်ပုံစံဖြစ်စေဖို့ ဖိအားပေး ကြပါတယ်။ သူတို့က စိတ်ရင်းကောင်းကြပါတယ်။ ဒါပေမယ့် လူတွေက သင့်ကိုအသက်မှုတ်သွင်းထားတာ မဟုတ်ပါဘူး။ လူတွေက သင့်ဘဝအတွက် အစီအစဉ်၊ ရည်ရွယ်ချက်ဆွဲထားတာ မဟုတ်ပါဘူး။ လူတွေက သင့်အထဲက စွမ်းရည်၊အရည်အချင်းတွေကို ထည့်ပေးထား ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်က သူတို့ကို အမြဲလေးစားပေမယ့် ကျွန်တော်လက်မခံခဲ့ပါဘူး။ သူတို့ ပေးတဲ့အကြံတွေကို ကြားတဲ့အခါမှာ ဘုရားကျွန်တော့်နှလုံးသားထဲ ထည့်ပေးထားတဲ့အရာနဲ့မတူဘူးဆိုတာ ကျွန်တော်သိနေခဲ့တယ်။ ကျွန်တော်က ရဲဝံ့စွာဖြင့် “ကျွန်တော်က အဲလိုမဟုတ်ဘူး၊ ဟိုလို မဟုတ်ဘူး၊ ကျွန်တော့်ဖြစ်တည်မှုက ဒါပါ” လို့ ဖြေခဲ့ရပါတယ်။

သင့်အနေနဲ့ သန်မာဖို့လိုပါမယ်။ ဒါသင့်ပန်းတိုင်ပါ။ သင့် ဘဝအဆုံးကို ရောက်တဲ့အခါမှာ သင်တွေ့ရမှာက လူတွေမဟုတ်ပါဘူး၊ ဘုရားနဲ့ တွေ့ ရမှာပါ။ လူတွေက သဘောကောင်းပြီး သင့်ကိုချစ်ပေမယ့် သင့်ဖြစ်တည်မှုနဲ့ မကိုက်ညီရင်တော့ နှစ်ခြင်းဆရာ ယောဟန်လို ရဲဝံ့စွာ “ငါက အဲလိုမျိုး မဟုတ်ဘူး” ဆိုပြီး ပြောဆိုရဲပါ။

အဓိကအချက်က ဘုရားသင့်ကို ကြီးမားစွာအသုံးပြုဖို့ သင့်မှာ စွမ်းရည်၊အရည်အချင်း ကြီးကြီးမားမားရှိဖို့ မလိုပါဘူး။ ဒါဝိဒ်က ဘုရင်ဘယ်လိုဖြစ်လာတာလဲသိလား။ သူ ရဲ့ ဦးဆောင်မှု အစွမ်းကြောင့် မဟုတ်ဘူး။ သီချင်းရေးစပ်နိုင်တဲ့ အစွမ်းကြောင့်မဟုတ်ဘူး။ သူ့ပင်ကို စရိုက်၊ အရွယ်အစားကြောင့် မဟုတ်ဘူး။ သူ့ကို ချီးမြှောက်စေတဲ့ အရာကတော့ လောက်လွှဲ (လေးခွ) ပစ်နိုင်တဲ့ အစွမ်းကြောင့်ပါ။ သူက လောက်လွှဲပစ်တာအရမ်းတော်တယ်လေ။ ဆယ်ကျော်သက်အရွယ်မှာ သူက လယ်ကွင်းထဲမှာ သိုးတွေကျောင်းနေတုန်း လောက်လွှဲပစ်နည်းကို အချိန်ပေါင်းများစွာ လေ့ကျင့်နေခဲ့တယ်။ သူ အနေနဲ့ “ဘုရားသခင် ဘာဖြစ်လို့ ကျွန်တော့်ကို ပိုကောင်းတဲ့ အရည်အချင်း မပေးတာလဲ။ ဘ ဖြစ်လို့ ဒီအစွမ်းတစ်ခုပဲ ပေးရတာလဲ။ ဒီလောက်လွှဲပစ်တတ်လို့ ဘာဖြစ်လာမှာလဲ။ ဘယ်နေရာကိုမှာ ကျွန်တော်ရောက်မှာ မဟုတ်ဘူး။ လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် သင့်ကိုပေးထားတဲ့ အစွမ်းအပေါ် သစ္စာရှိမယ်၊ ပိုကျွမ်းကျင်အောင် လုပ်ဆောင်မယ်၊ ပိုလေ့လာမယ်ဆိုရင် ဒီအစွမ်းကပဲ သင်မထင်ထားတဲ့ တံခါးတွေကို ဖွင့်ပေးမှာပါ။

သင့်အစွမ်းကို လျှော့မတွက်လိုက်ပါနဲ့ ။ သင့်အစွမ်းကသေးငယ် တယ်လို့ ထင်ကောင်းထင်ရမှာပါ။ အခြားသူတွေနဲ့ ယှဉ်လိုက်ရင် မပြော ပလောက်ဘူးလို့ သင်ခံစားမိမှာပါ။ ဒါပေမယ့် သင်ကသာမန် မဟုတ် ပါဘူး။ သင့်အပေါ်မှာ ဘုရားရဲ့ လက်ဗွေရာတွေ ရှိနေပါတယ်။ ဘုရားက သူ့ပုံသဏ္ဍန်နဲ့အညီ သင့်ကိုဖန်ဆင်းထားတာပါ။ သင့်ကို ကောင်းမြတ်ခြင်းတွေနဲ့ ပတ်ရစ်ထားတယ်။ သင့်အသွေးထဲမှာ တော်ဝင် အသွေးတွေ စီးဆင်းနေတယ်။ “မင်းမှာ ဘာထူးခြားမှုမှ မရှိပါဘူး။ မင်းအစ်ကိုတွေလောက် မတော်ပါဘူး။ မင်းမိတ်ဆွေတွေလိုမျိုး မင်းမှာ ပင်ကိုစရိုက်မရှိဘူး။ မင်းလုပ်ဖော်ကိုင်ဖက်လို အရည်အချင်းမျိုး မင်းမှာ မရှိဘူး” ဆိုတဲ့ လိမ်ညာမှုတွေကို မယုံပါနဲ့ ။ သူတို့ မှာရှိတဲ့အရာ သင့်မှာ မရှိနိုင်ပေမယ့် လောက်လွှဲတစ်ခုတော့ သင့်မှာရှိပါတယ်။ ဘုရားက တစ်ခုခုသင့်ကို ပေးထားပါတယ်။ လောက်လွှဲက သာမန်အရာလို့ ထင်ရ ပေမယ့် ဘုရားအသုံးပြုတဲ့အခါမှာ သင့်ထက်နှစ်ဆကြီးတဲ့ လူသန်ကြီးကို အနိုင်ရသွားမယ်၊ သင့်အစွမ်းထက်သာလွန်တဲ့ နေရာဆီ ချီးမြှောက်ခြင်း ခံရမယ်။ သင့်မှာ အတွေ့ အကြုံမရှိဘူး၊ သင်က ရာထူးဆက်ခံသူ မဟုတ် ဘူး။ ဒါပေမယ့် ရုတ်တရက် တံခါးတွေပွင့်လာမယ်ရုတ်တရက် Compaq Center ကို သင်ရလာမယ်၊ ရုတ်တရက်လူတွေ သင့်ကိုဂုဏ်ပြုလာကြမယ်။

မကြာခဏ ကျွန်တော်တို့ က လူတွေကိုကြည့်ပြီး သူတို့ ရဲ့ ကြီး မြတ်မှုတွေကို တွေးမိတတ်ပါတယ်။ ဒါပေမယ့် ဘုရားက ကြီးမြတ်ခြင်း ကိုလည်း သင့်အထဲမှာ ထည့်ပေးထားပါတယ်။ သင့်ကို အစွမ်း၊ တီထွင် ကြံဆမှု၊ အိပ်မက်တွေ ပေးထားပါတယ်။ ယခုမျိုးဆက်မှာ အမှတ်အသား ထားခဲ့ဖို့ သင့်အား ဘုရားဖန်ဆင်းခဲ့တာပါ။ ဘယ်သူမှ သင့်ကိုမသိလိုက်ပဲ သေဆုံးသွားဖို့ မဟုတ်ပါဘူး။ သင့်မှာ ထူးခြားတဲ့အရာ၊ သင့်ကို ထင်ပေါ် စေတဲ့အရာ တစ်ခုခုရှိပါတယ်။ ယခုမှစပြီး နှစ်ပေါင်းများစွာအကြာ လူတွေက နောက်ပြန်လှည့်ပြီး “မင်းက ကမ္ဘာကြီးကို ပိုကောင်းအောင် လုပ်ခဲ့တာပဲ”လို့ပြောကြမှာပါ။ သင့်အစွမ်းအစတွေကို လှုံ့ဆော်ပါ။ ယုံကြည်ခြင်းကို လှုံ့ ဆော်ပါ။ အခြားသူကိုပဲ ဂုဏ်ပြုနေတာမျိုးမဟုတ်ပဲ သင့်အထဲမှာပါ ကြီးမြတ်တဲ့အရာရှိနေကြောင်းကို သိမှတ်ပါ။

သင့်ကိုဂုဏ်ပြုဖို့ အချိန်ရောက်ပါပြီ
ပရောဖက် ယေရမိက “နှုတ်ကပတ်တော်သည် ငါ့အရိုးတို့ ၌ ချုပ်ထား၍ လောင်သောမီးကဲ့သို့” လို ့ပြောထားတယ်။ သင့်အထဲမှာ ချုပ်ထားတဲ့အရာ … တစ်ခုခုရှိနေပါတယ်။... ထွက်ပေါ်လာတော့မယ့် ကြီးမားတဲ့အရာ တစ်ခုခုရှိနေပါတယ်။ အိပ်မက်တွေစာအုပ်တွေ၊ ရုပ်ရှင်တွေတီထွင်မှုတွေလုပ်ငန်းတွေအဖွဲ့ အစည်းတွေ၊ သင့်မသိ သေးတဲ့ အလားအလာတွေ၊ ရှိတယ်လို့ မသိခဲ့တဲ့ အစွမ်းအစတွေပေါ့။ ဒါတွေကို အချိန်မတန်သေးလို့ သင်မမြင်ရသေးတာပါ။ သင့်အချိန်က လာနေပါပြီ။ အခွင့်အလမ်းကောင်းတွေ၊ ရာထူးတိုးခြင်းတွေ လာနေပါပြီ။

အတားအဆီးတွေ ရှိလာရင် မအံ့ဩလိုက်ပါနဲ့။ လူသန်ကြီး ဂေါလျတ်ရဲ့ အနောက်မှာ ရာထူးတိုးခြင်းရှိပါတယ်။ ဒီလူသန်ကြီးက သင့်ကိုရပ်တန့်စေမယ်လို့ထင်ရပေမယ့် ဒါဟာ ပြင်ဆင်ပေးမှုပါ။ နောက် တစ်ဆင့်ဆီ တွန်းပို့ ပေးမှာပါ။ လောက်လွှဲက ဘာအတွက်အသုံးပြုဖို့ သင်သိလာမှာပါ။ ဒါက စာမေးပွဲတစ်ခုပါ။ သစ္စာရှိမှုကို သင်သက်သေ ပြခဲ့ပြီ။ ဘယ်သူမှ မမြင်ပေခဲ့မယ့် သင်မှန်တာကို လုပ်ခဲ့ပြီ။ မတရားပေမယ့် မှန်ကန်တဲ့စိတ်နေသဘောထားကို သင်ထားရှိခဲ့တယ်။ အခြား သူအပေါ် မနာလိုမယ့်အစား သင်ဂုဏ်ပြုပေးခဲ့တယ်။ အခုတော့ သင့်အချိန်ရောက်လာပါပြီ။ သင့်ဝိညာဉ်ထဲမှာ ချုပ်ထားတဲ့အရာက ထွက်လာပါတော့မယ်။ ဒါက သင်ထင်ထားတာထက် ပိုကြီးမားတဲ့အရာ၊ ပိုမိုဆုချီးမြှင့်မယ့်အရာ၊ ပိုပြီးစိတ်ကျေနပ်မယ့်အရာ ဖြစ်လာမှာပါ ဒါတွေက သင့်အိမ်နီးနားချင်း၊ သင့်ဝမ်းကွဲ၊ သင့်သူဌေး၊ သင့်သင်းအုပ် ဆရာတွေကြောင့် မဟုတ်ပဲ သင့်အထဲကနေ ထွက်လာမှာပါ။ ဒါ သင့်ကလေးပါ။ သင့်ကိုဂုဏ်ပြုကြမယ့် အချိန်ရောက်လာပါပြီ။

ကျမ်းစာထဲမှာ စာရာက ဒီအတိုင်းဖြစ်ခဲ့တာပါ။ စာရာနဲ့ ခင်ပွန်း အာဗြဟံက အသက်အရမ်းကြီးနေခဲ့ပါပြီ။ သူမက ပြုံနေလို့ ကလေးမရ နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကမ္ဘာဦးကျမ်း ၁၇ (ကျမ်းစာ)မှာဘုရားကအာဗြဟံ ကို “စာရာအား သားကိုပေးမည်။ စာရာကို ငါကောင်းချီးပေး၍၊ သူသည် လူမျိုးတကာတို့ ၏ မိခင်ဖြစ်မည်။ သူ၏ အမျိုးအနွှယ်၌လည်း အပြည်ပြည်သော ရှင်ဘုရင်ဖြစ်ရကြလိမ့်မည်” လို့ ပြောခဲ့တယ်။ အခြေ အနေအရ ကြည့်မယ်ဆိုရင် မဖြစ်နိုင်ပါဘူး။ စာရာနေထိုင်တာက ကန္တာရထဲမှာ။ ဘာဆေးခန်းမှလည်း မရှိဘူး။ အသက်ကလည်း ၉ဝ နေပြီ။ ဒါတောင် ဘုရားက သင့်အထဲမှာ ရှင်ဘုရင်တွေလူအမျိုး အနွှယ်တွေ ရှိနေတယ်လို့ ပြောတယ်။ ဘုရားပြောချင်တာက “စာရာ• • ငါမင်းအထဲကို … ထည့်ထားတဲ့အရာက မင်းထင်ထားတာထက် အများကြီးသာတယ်”ဆိုတာပါ။ ဘုရားကလည်း ဒီလိုပဲ သင့်ကို ပြော နေပါတယ် “သင့်အထဲမှာ ရှင်ဘုရင်တွေရှိတယ်။ ကြီးမြတ်ခြင်းတွေ ရှိတယ်။ သင်ထင်တာထက် အများကြီးပိုကြီးမားတယ်” အခြေအနေတွေ ကြောင့် လက်မလျှော့လိုက်ပါနဲ့။ ဘယ်လိုဖြစ်လာမလဲ သင်မြင်နိုင်မှာ မဟုတ်ဘူး။ သင်မထင်ထားတဲ့နည်းလမ်းတွေ ဘုရားမှာရှိပါတယ်။ ဘုရားတို့ထိချက်တစ်ချက်က သင့်ကိုနောက်တစ်ဆင့်ဆီ တွန်းပို့ပေး မှာပါ။
စာရာက … ဘုရားစကားကိုကြားတော့.. မယုံနိုင်ဖွယ်ဖြစ်ခဲ့ပြီး ရယ်မောခဲ့တယ် “ကျွန်မက ကလေးရအုန်းမယ်။ ဒါတော့ မထင်ပါဘူး” လွန်ခဲ့တဲ့ ၁၅ နှစ်က သူတို့ ကလေးရဖို့… တခြားသူဆီကဖြစ်မယ်လို့ စာရာ ထင်ခဲ့ပါတယ်။ ဒါကြောင့် အာဗြဟံကို သူမရဲ့ ကျွန်ဖြစ်သူ တစ်ယောက်နဲ့ အိပ်ခိုင်းလိုက်ကာ ကလေးတစ်ယောက်မွေးဖွားခဲ့တယ်။ စာရာလည်း အရမ်းပျော်ရွှင်ခဲ့ပြီး “ဘုရားသခင်၊ ကိုယ်တော်ပြောတဲ့ အတိုင်း ဖြစ်လာခဲ့ပါပြီ” လို့ ပြောခဲ့တယ်။ ဒါပေမယ့် ဘုရားက “စာရာ၊ ဒီကလေးက ငါကတိတော်ထားတဲ့ ကလေးမဟုတ်ဘူး။ ငါ့ကတိတော်ကို အခြားတစ်ယောက်ဆီ ထည့်ထားတာမဟုတ်ဘူး။ ငါ့ကတိတော်ကို မင်းအထဲမှာ ထည့်ထားတာပါ”လို့ ပြန်ပြောခဲ့တယ်။ အသက် ၉ဝ အရွယ် မှာ မဖြစ်နိုင်တဲ့အခြေအနေထဲကနေ စာရာက ကိုယ်ဝန်ဆောင်ခဲ့ပြီး သားလေး ဣဇက်ကို မွေးဖွားခဲ့ပါတယ်။

ဘုရားက သင့်အထဲကိုထည့်ပေးထားတာကို လက်တွေ့ လုပ် ဆောင်ပေးမှာပါသင်က ရည်ရွယ်ချက်ပန်းတိုင်ကို ကိုယ်ဝန်လွယ်ထား ပါတယ်။ ကြီးမြတ်ခြင်းကို ကိုယ်ဝန်လွယ်ထားပါတယ်။ အခြားသူတွေ ဆီကနေ ပေါ်ထွက်လာမှာမဟုတ်ပါဘူး။ သင်က တောက်ပထွန်းလင်း လာမယ်ထူးချွန်လာမယ်၊ ရာထူးတိုးချီးမြှောက်ခံရမယ်၊သင့်ကို ဂုဏ်ပြု ကြမယ်။ သင့်ကိုအပြည့်အဝ တပ်ဆင်ပေးထားပါတယ်သင်က မချို့တဲ့ ဘူးမလစ်ဟာဘူး။ သင့်မှာ အလားအလာအပြည့်ရှိပါတယ်။ မျက်နှာ သာရရှိမှု အပြည့်ရှိတယ်စာရာလိုပဲ သင်လည်း နှစ်ပေါင်းများစွာ ကြုံနေ ခဲ့ရမှာပါ။ ဘယ်လိုဖြစ်လာမလဲ သင်မသိဘူး။ အဆင်သင့်ပြင်ထားပါ။ ဒီနေ့က နေ့ရက်သစ်ပါ။ အရာရာ သင့်ဘက်ကို ပြောင်းလဲလာပါပြီ။ ကျွန်တော်ယုံကြည်လျှက်အခိုင်အမာပြောဆိုပါတယ် - သင့်ဝိညာဉ်ထဲမှာ ချုပ်ထားတဲ့အရာက ထွက်ပေါ်လာပါပြီ။ အိပ်မက်တွေ ထွက်ပေါ်လာပြီ။ အလားအလာ၊ ရာထူး၊ ရောဂါငြိမ်းခြင်း၊ ကြွယ်ဝခြင်း၊ သက်သေထူခြင်း၊ ကျော်လွှားခြင်းတွေနဲ့ သင့်ပန်းတိုင်ဆီ အပြည့်အဝရောက်ရှိပါမယ်လို့ ယေရှုနာမ၌ ဆုတောင်းပါ၏။

အခန်း (၃)
ဖြစ်နိုင်ခြေက သင့်ဘက်မှာရှိတယ်

ဘဝမှာ ဘာကြောင့်မအောင်မြင်ရသလဲ၊ ဘာကြောင့်မကျန်းမာ ရသလဲ၊ ဘာကြောင့်မှန်ကန်တဲ့အိမ်ထောင်ဖက် မတွေ့ရသလဲဆိုပြီး အကြောင်းပြချက်တွေပေးဖို့က လွယ်ကူပါတယ်။ ကျွန်တော်တို့က အခြေအနေတွေကို သာမန်လိုမြင်ပြီး ဖြစ်နိုင်ခြေက ကိုယ့်ဘက်မှာမရှိဘူး လို့ သုံးသပ်ကြပါတယ်။ ဆေးစွဲနေတဲ့ လူတစ်ယောက်နဲ့ ကျွန်တော် စကားပြောခဲ့ပါတယ်။ သူက “ဂျိုးလ်... ငါ့အဖေရော၊ ငါ့အဖိုးရော ဒါကိုစွဲလမ်းခဲ့တာ။ အခြေအနေက ငါ့အတွက် သိပ်မကောင်းလှဘူး” လို့ ပြောပြတယ်။ ဖြစ်နိုင်ခြေက သင့်ဘက်မှာ မရှိဘူးလို့ တွေးနေသမျှတော့ သင်ရပ်တန့်နေမှာပါ။ သင့်ဘက်မှာ စကြဝဠာရဲ့ အကြီးဆုံးဖန်ဆင်းရှင် ရှိနေပါတယ်။ ဘုရားက သင့်ကို ကောင်းမြတ်ခြင်းတွေနဲ့ ပတ်ရစ်ထား တယ်။ တိုက်ပွဲတိုင်းအတွက် သင့်ကို အားအင်တွေပေးထားတယ်။ ဘုရားက ဒီအခက်အခဲကို သင့်အားသာချက်အဖြစ် အသုံးမပြုဘူးဆိုရင် ဒါကိုခွင့်ပြုလိုက်မှာ မဟုတ်ပါဘူး။ ဖြစ်နိုင်ခြေက သင့်အတွက်နည်းပါး နိုင်ပေမယ့် အမြင့်ဆုံးသော ဘုရားက သင့်ဘက်မှာရှိပါတယ်။ ဘုရားက သဘာဝလွန်ဘုရားပါ။ ဘုရားက ပင်လယ်နီကို နှစ်ခြမ်းခွဲခဲ့တယ်ရေကို ဝိုင်အဖြစ် ပြောင်းလဲခဲ့တယ်။ မျက်စိကန်းသူကို ပြန်မြင်စေခဲ့တယ် သင့်အခြေအနေက မဖြစ်နိုင်တော့ဘူးလို့ ထင်ကောင်းထင်ရပေမယ့် မဖြစ်နိုင်တာကို ဖြစ်နိုင်အောင်လုပ်ပေးတဲ့ဘုရားက အရာရာကို သင့် ဘက်မှာရှိစေဖို့ နောက်ကွယ်မှာ ပြင်ဆင်ပေးနေပြီး ဆိုးရွားတဲ့အခြေ အနေတွေကို ပြောင်းလဲပေးနေပါတယ်။

ဘုရားက သင့်ဘက်မှာရှိနေတဲ့အတွက် ဖြစ်နိုင်ခြေကလည်း သင့်ဘက်မှာရှိနေပါပြီ။ ဘဝအပေါ် “ငါ့တော့ မဟုတ်လောက်ဘူး။ ငါ့မိသားစုက မှားနေတယ်။ ဖြစ်နိုင်ခြေတွေက ငါ့ဘက်မှာမရှိဘူး” လို့ မတွေးလိုက်ပါနဲ့။ တမျိုးပြောင်းလိုက်ပါ “မိသားစုအသစ်မှာ ငါမွေးဖွား ခဲ့ပြီ။ ကောင်းကင်ဘုံရှင်အဖဘုရားက စက်ြဝဌာကို ထိန်းချုပ်ထားတယ်။ တော်ဝင်သွေးတွေ ငါ့အထဲမှာ စီးဆင်းနေတယ်” ဖြစ်နိုင်ခြေက သင့် ဘက်မှာရှိနေမှန်း သိသွားတဲ့အခါမှာ သင်က ခါးကိုမတ်လာမယ်။ မိမိကိုယ်ကို ယုံကြည်မှုရှိလာမယ်။ ကြီးမားတဲ့အရာတွေ လုပ်နိုင်မယ်လို့ မျှော်လင့်လာမှာပါ။ တစ်နေ့တာလုံး ဒါကို စိတ်ထဲမှာ သတိရလိုက်ပါ “ဖြစ်နိုင်ခြေက ငါ့အတွက်ပါ။ ငါ့အိပ်မက်တွေပြည့်စုံဖို့ သတ်မှတ် ပေးထားတယ်။ ဒီစိန်ခေါ်မှုကို ကျော်လွှားနိုင်ဖို့ သတ်မှတ်ပေးထား တယ်။ ငါက အမြင့်ဆုံးသောဘုရားရဲ့ သားပါ”

ဖြစ်နိုင်ခြေက သင့်ဘက်မှာမရှိဘူးလို့ ထင်ရတဲ့ အခြေအနေထဲ ရောက်သွားခဲ့ရင်လည်း … မအံ့ဩပါနဲ့။ သင့်မှာ နည်းလမ်းမရှိဘူး။ ဆီလျော်တဲ့ အဖြေမရှိဘူး။ ဘုရားက သင့်ကို ဒီအခြေအနေထဲ တမင် တကာ ထားရှိခဲ့တာပါ။ ဒါမှ အခြေအနေကို ပြောင်းလဲပေးလိုက်တဲ့အခါ ဘုရားဘုန်းတော်ထင်ရှားစေဖို့ပါ။ လူတိုင်းက ဘုရားရဲ့လက်တော်ဆိုတာ သိသွားကြမှာပါ။ အခြေအနေတွေက မဖြစ်နိုင်တော့တဲ့အခါ စိတ်ဓာတ် ကျပြီး “ဘုရားသခင်၊ ဘာဖြစ်လို့လဲ”လို့ ပြောမယ့်အစား အဆင့်သင့်ပြင် ထားပါ။ သင့်ဘဝမှာ ဘုရားအလုပ်လုပ်ဖို့ အကောင်းဆုံးအနေအထားကို သင်ရောက်ရှိပြီ။ ဘုရားကောင်းမြတ်ခြင်းကို ပြသဖို့ ပြင်ဆင်နေခြင်းပါ။

ကျမ်းစာထဲမှာ ဂိဒေါင် ဒီအတိုင်းဖြစ်ခဲ့တာပါ။ မိဂျန်လူတွေက အခြားတပ်ဖွဲ့ ၂ ဖွဲ့ နဲ့ ပူးပေါင်းပြီး ဣသရေလလူတွေကို တိုက်ခိုက်ဖို့ လာခဲ့ကြတယ်။ ဂိဒေါင်က ပြန်ခုခံဖို့ အတွက် သူ့ လူတွေကို ခေါ်လိုက် တယ်။ စစ်သည်တော် ၃၂ဝဝဝ ရှေ့ ထွက်ခဲ့ပါတယ်။ ရန်သူက အယောက် ၁၃၅ဝဝဝ ရှိနေတယ်။ ဂိုဒေါင်တော့ စိတ်ဓာတ်ကျသွားမှာပါ။ ရန်သူက သူ.လူတွေထက် ၅ ဆလောက် များနေတယ်။ ဒါပေမယ့် ဘုရားက ဂိဒေါင်. . မင်းဆီမှာ လူတွေအရမ်းများနေတယ်။ မိချန်လူတွေကို အနိုင်ရခဲ့ရင် မင်းအစွမ်းအစကြောင့်လို့ ထင်နေမှာပါ” လို့ ပြောခဲ့တယ်။ ဘုရားက ဂိဒေါင်ကို စစ်တိုက်ဖို့ကြောက်ရွံ့ နေတဲ့သူတွေအား အိမ်ပြန်ရန် မှာလိုက်တယ်။ လူပေါင်း ၂၂ဝဝဝ အိမ်ပြန်သွားခဲ့ပါတယ်။ ဂိဒေါင် သတိမေ့လုနီးပါး ဖြစ်သွားခဲ့တယ်။ သူ့စစ်တပ်ရဲ့ သုံးပုံနှစ်ပုံ မရှိတော့ ဘူးလေ။ အနိုင်ရဖို့ဖြစ်နိုင်ခြေ နည်းသွားခဲ့တယ်။ ဘုရားက ထပ်ပြီး “ဂိဒေါင်. . မင်းမှာလူတွေ များနေတုန်းပဲ” နောက်ထပ်လူထပ်လျှော့ဖို့ လုပ်ခိုင်းတဲ့အခါမှာ လူပေါင်း ၃ဝဝ ပဲ ကျန်ခဲ့ပါတယ်။ ဖြစ်နိုင်ခြေက လုံးဝမဖြစ်နိုင်တော့ပါ။ ကြည့်ရတာ ဂိဒေါင်တော့ အရှုံးပေးရမယ့်ပုံပါ။ ဂိဒေါင်မသိခဲ့တာက … ဒါဟာ ဘုရားက သူ့ကို ရှုံးနိမ့်စေဖို့ မဟုတ်ပဲ အနိုင်ရဖို့ ပြင်ဆင်ပေးနေခြင်းပါ။ ဘုရားက သူ့ ဘဝအပေါ် အလုပ်လုပ် တော့မှာပါ။

ဂိဒေါင်က လူ ၃ဝဝ နဲ့ အတူ ညသန်းခေါင်းယံအချိန် ရန်သူ့ ကင်းတပ်ဆီသွားခဲ့ကာ တံပိုးခရာတွေကို ကျယ်လောင်စွာမှုတ်ခဲ့တယ်။ မိချန်လူတွေ အမှောင်ထဲမှာ စိတ်ရှုပ်ထွေးကုန်ပြီး အချင်းချင်းတိုက်ခိုက် ခဲ့ကြတယ်။ ဣသရေလလူတွေက အားစိုက်စရာမလိုပဲ ရန်သူတွေကို အနိုင်ရခဲ့ပါတယ်။ ဂိဒေါင်အတွက် ရှုံးနိမ့်စေမယ်လို့ထင်ခဲ့ရပေမယ့် ဂိဒေါင်ကိုပြင်ဆင်ပေးခဲ့ခြင်းပါ။ ဘုရားဘုန်းတော်ထင်ရှားစေဖို့ ဂိဒေါင် ကို အသုံးပြုခဲ့တာပါ။

ဖြစ်နိုင်ခြေက သင့်ဘက်မှာမရှိတဲ့အခါအခက်အခဲတွေက ပိုအားကြီးနေတဲ့အခါ၊ သန်မာနေတဲ့အခါ စိတ်မပူပါနဲ့။ ဂိဒေါင်လို ဒါဟာပြင်ဆင်မှုပါ။ ဘုရားက သင့်အစွမ်းအစနဲ့ မလုပ်နိုင်တာကို လုပ် ဆောင်ပေးမှာပါ။ သင့်အနေနဲ့ စစ်တိုက်စရာမလိုပဲ ဘုရားက အခြေ အနေကို တမျိုးပြောင်းပေးမှာပါ။ မလိုအပ်တဲ့ဆေးကုသမှုတွေမလိုပဲ ဘုရားက သင့်ရောဂါကို ငြိမ်းပေးမှာပါ။ အရည်အချင်းသတ်မှတ် ချက်အားလုံး သင့်မှာမရှိပေမယ့် ဘုရားက ချီးမြှောက်ပေးမှာပါ။

မှန်ကန်သော စိတ်နေသဘောထားကို ထားရှိလိုက်ပါ။ နောက် တစ်ဆင့်အတွေးကတော့ ဖြစ်နိုင်ခြေက သင့်ဘက်မှာပါ။ သင့်အနေနဲ့ ပြိုင်ဘက်ထက် အားနည်းနေတယ်လို့ ခံစားရနိုင်ပေမယ့် သင်နဲ့ ဘုရားက အင်အားကြီးနေပါပြီ။ လူတိုင်းက သင့်ဘက်မှာ ရှိနေစရာ မလိုပါဘူး။ ထောက်ပံ့မှုအားပေးမှုအားလုံး သင်မလိုပါဘူး။ အရေးပါဆုံးသော သူအမြင့်ဆုံးသောဘုရားက သင့်ဦးတည်အတိုင်း သွားနေပါတယ်။

နောက်ပိုင်းမှာ ဣသရေလလူတွေက အခြားမြို့ တွေဆီ ချီတက် ခဲ့တဲ့အခါ ပုံမှန်အရ မြို့ ခံတွေက ပြန်ခုခံကြတယ်။။ ဒါပေမယ့် မြို့ခံ ခေါင်းဆောင်တွေက “ဂိဒေါင်. . မင်းရဲ့ ဘုရားက မိချန်လူတွေအပေါ် ပြုလုပ်ခဲ့တာကို ငါတို့ သိပါတယ်” လို့ ပြောတယ်။ သူတို့က ဂိဒေါင်ကို ကြောက်တာမဟုတ်ပါဘူး။ ဂိဒေါင်ရဲ့ ဘုရားကို ကြောက်ရွံ့ ခဲ့ကြတာပါ။ ဘုရားက ဂိဒေါင်နဲ့ အတူရှိနေတယ်ဆိုတာ သူတို့ သိနေခဲ့ကြတယ်။

ဘုရားက သင့်ကိုလည်း အောင်မြင်ခြင်း ပေးချင်ပါတယ်။ ဒါမှ သင့်ဘက်မှာ ဘုရားရှိနေတယ်ဆိုတာ လူတွေသိဖို့ ပါ။ ကြီးပြင်းလာစဉ် ထောက်ပံ့မှု၊ အားပေးမှုတွေ သင့်မှာမရှိခဲ့ပေမယ့် အခုချိန်မှာတော့ မဖြစ်နိုင်တာကို သင်အံတုနိုင်ခဲ့ပြီ၊ သင့်အမှတ်အသားတွေ ထားနိုင်ခဲ့ပြီ၊ သင်ထင်ထားတာထက် ပိုအောင်မြင်လာပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားက သင့်ဘက်မှာ ရှိနေခဲ့လို့ပါ။ ဆေးစစ်မှတ်တမ်းအရ သင်နေ ပြန်ကောင်းမှာ မဟုတ်ဘူးလို့ပြောနေတယ်။ ဒါပေမယ့် အခုချိန်မှာ သင်က သန်မာပြီး ကျန်းမာနေတယ်။ ဘုရားက သင့် ဘက်မှာ ရှိနေလို့ပါ။

ဖြစ်နိုင်ခြေအရ သင်လည်း သင့်အဖေလို ဆေးစွဲလမ်းရမယ်၊အဘိုးလို ရုန်းကန်နေရမယ်။ ဒါပေမယ့် အခုချိန်မှာတော့ သင်က လွတ်မြောက် ပြီး ကျိန်စာကို ဖြတ်တောက်နိုင်ခဲ့ကာ အဆင့်အတန်းသစ်တစ်ခု ချမှတ် နိုင်ခဲ့ပါပြီ။ ဒါတွေ ဘယ်လိုဖြစ်နိုင်ခဲ့တာလဲ။ ဘုရားက သင့်ဘက်မှာ ရှိနေလို့ပါ။
ဖြစ်နိုင်ခြေတွေကြောင့် အရူးလုပ်မခံပါနဲ့ အရင် Compaq Center (ယခုဘုရားကျောင်း)ကို ရဖို့ ကြိုးစားနေစဉ် ကျွမ်းကျင်သူတိုင်းက ကျွန်တော်တို့ မရလောက်ဘူးလို့ သုံးသပ် ကြတယ်။ မြို့ တော်က ဒီအဆောက်အအုံကြီးကို ဘုရားကျောင်းလုပ်ခွင့် မပေးလောက်ဘူး။ အပေါ်ယံကြည့်ရင်တော့ ဖြစ်နိုင်ခြေတွေက ကျွန် တော်တို့ဘက်မှာ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က ဒီသဘော တရားကို နားလည်ပါတယ်။ သင့်မှာ နည်းလမ်းမရှိဘူးရန်သူတွေက သင့် ထက် ပိုများနေတယ်ပိုကြီးနေတယ်ပိုအရင်းအနှီးရှိနေတယ်။ ဒါဆိုရင် ဘုရားက တစ်ခုခုလုပ်တော့မယ်လို့ ဆိုလိုတာပါ။ ဂိဒေါင်လိုပဲ သင့်ကို နောက်တစ်ဆင့် ပို့ဆောင်ပေးမယ့် အနေအထားမှာ ထားရှိလိုက် တာပါ။ ဘုရားက ကျွန်တော်တို့ အစွမ်းအစနဲ့ မလုပ်နိုင်တဲ့အရာကို လုပ်ပေးနိုင်ပါတယ်။ကျွန်တော်တို့ကိုဆန့်ကျင်ခဲ့တဲ့သူတွေ၊ ဒီအဆောက် အအုံကြီး မရနိုင်ဘူးလို့ ပြောခဲ့တဲ့သူတွေက ယနေ့မှာတော့ ကျွန်တော် တို့ဘက်မှာ ရှိနေခဲ့ပါပြီ။ ကောင်စီဝင်တစ်ဦးဆိုရင် ကျွန်တော်တို့ကို ဆန့်ကျင်မဲပေးခဲ့ပြီး အရမ်းဝေဖန်ခဲ့တဲ့ ပြိုင်ဘက်တစ်ဦးပါ။ နောက်ပိုင်း သူက “ဂျိုးလ် . . ငါဆန့်ကျင်မဲပေးခဲ့တာ ငါ့ရဲ့နိုင်ငံရေးသမိုင်းမှာ အကြီးမားဆုံး အမှားတစ်ခုပါပဲ။ အခု တနင်္ဂနွေနေ့ တိုင်း ငါမင်းကို တီဗွီ ကနေ ကြည့်တယ်။ လူတွေကိုလည်း မင်းတို့ ဘုရားကျောင်းဆီခေါ် လာ ပေးတယ်အရင်တုန်းက ငါဘာတွေတွေးခဲ့လဲမသိပါဘူးကွာ” လို့ပြန် ပြောပြတယ်။ သူက ဘုရားရဲ့ အကြံအစည်ထဲက ပြင်ဆင်မှုတစ်ခုပါပဲ။ ကျွန်တော်တို့ရှေ့ ဆက်တိုးစေဖို့ ဘုရားက သူ့ကိုအသုံးပြုခဲ့တာပါ။

ထွက်မြောက်ရာကျမ်း (ကျမ်းစာ) မှာ ဘုရားက ဖာရောဘုရင်ရဲ့ နှလုံးသားကိုမာစေဖို့ (ခေါင်းမာအောင်) ပြုလုပ်ခဲ့တယ်လို့ ပြောတယ် ဒါမှ ဘုရားဘုန်းတော် ထင်ရှားစေဖို့ပါ။ ဘုရားက မောရှေကို ဖာရော ဘုရင်အား "ငါ့လူတွေကို လွှတ်လိုက်ပါ” လို့ ပြောခိုင်းလိုက်တယ် ဒါပေမယ့် ဖာရောဘုရင်က လွှတ်ပေးမှာ မဟုတ်ဘူးဆိုတာ ဘုရားက သိနေခဲ့တယ်။ သူ့နှလုံးသားကို ဘုရားက မာခိုင်းထားတာလေ။ ဣသရေလလူတွေအပေါ် ဖြစ်နိုင်ခြေမရှိအောင် ဘုရားက ပြင်ဆင် နေတာပါ။ ဒါမှ ဘုရားရဲ့ ကောင်းမြတ်ခြင်းကို ဖော်ပြနိုင်ဖို့ ပါ။ ဒီလိုပါပဲ သင့်ကို ဆန့်ကျင်နေတဲ့ လူတွေ၊ အခြေအနေတွေကို သင်နှစ်သက်မှာ မဟုတ်ပါဘူး။ ဒါတွေက မတရားပေမယ့် ဒါတွေဖြစ်လာဖို့ ဘုရားက သတ်မှတ်ထားတာပါ။ သင့်ကို ရပ်တန့်စေဖို့၊ အနိုင်ရစေဖို့ မဟုတ်ပဲ သင့်ဘဝမှာ ဘုရားဘုန်းတော်ထင်ရှားစေဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်မလာတဲ့အရာတွေအပေါ် ညည်းတွားမနေပါနဲ့ “ဘာဖြစ်လို့ လူသန် ကြီးတွေနဲ့ ငါရင်ဆိုင်ရတာလဲ” သင်သာယုံကြည်ခြင်းရှိမယ်ဆိုရင် သင့်ကိုရပ်တန့်စေမယ့် အခက်အခဲတွေအပေါ် အချိန်တန်တဲ့အခါ ဘုရားက တမျိုးပြောင်းလဲစေပြီး သင့်ကို အရှေ့ တွန်းပို့ ပေးသွားမှာပါ။ ဖြစ်နိုင်ခြေက သင့်ဘက်မှာမရှိရတဲ့ အကြောင်းရင်းတစ်ခုကတော့ သင့်ဘဝမှာ ဘုရားဘုန်းတော် ထင်ရှားစေဖို့ပဲဖြစ်တယ်။ ဘုရားရဲ့ ကောင်းမြတ်ခြင်းအကြောင်းကို သင့်အား စံနမူနာဖြစ်စေဖို့ပါ။

ဘုရင်ကြီးရဲ့ ရွှေရုပ်တုကို မကိုးကွယ်ခဲ့တဲ့ ဟေဗြဲလူငယ်လေး သုံးဦးကို မှတ်မိသေးလား။ ဘုရင်ကြီးက စိတ်ဆိုးလွန်းလို့ သူတို့ကို ကြောက်မက်ဖွယ်မီးဖိုထဲ ထည့်လိုက်တယ်။ သူ့လက်အောက်ငယ်သား တွေကို မီးအပူချိန် ၇ ဆလောက် ထပ်မြှင့်လိုက်ဖို့ ပြောလိုက်တယ်။ ဘုရားက ဘာတွေလုပ်နေတာလဲ။ လွတ်မြောက်ဖို့ဖြစ်နိုင်ခြေ ပိုနည်း အောင် လုပ်လိုက်တာပါ။ ဒီလူငယ်တွေကို မီးမလောင်စေရဘူးဆိုတာ ဘုရားသိပါတယ်။ ဘာအန္တရာယ်မှ မဖြစ်စေရဘူးဆိုတာ ဘုရားသိပါ တယ်။ ဒါကြောင့် မီးအပူချိန်မြှင့်ဖို ဘုရားက ခွင့်ပြုလိုက်တာပါ။ ဒါမှ ပိုကြီးမားတဲ့ နိမိတ်လက္ခဏာ ဖြစ်လာစေဖို့ပါ။ ဒီလူငယ်လေးသုံးဦးက မိတ်ထဲကနေ မီးမလောင်ကျွမ်းပဲ .. ပြန်ထွက်လာတဲ့အခါမှာတော့ ဘုရားက သူတို့ဘက်မှရှိနေကြောင်း လူတွေက သံသယမဝင်ကြတော့ ပါဘူး။ ဘုရင်ကြီးက“ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ ဘုရား သခင်သည် မင်္ဂလာရှိ တော်မူစေသတည်း”လို့ပြောခဲ့တယ်။

ဖြစ်နိုင်ခြေက သင့်ဘက်မှာမရှိဘူးလို့ ထင်ရတဲ့အခါ၊ မီးအပူချိန် ၇ ဆတိုးမြှင့်လာတဲ့အခါ၊ ဖာရောဘုရင်က သင့်ကိုလွတ်မြောက်ခွင့် မပေးတဲ့အခါ၊ ဘုရားက သင့်စစ်သည်တော်တွေကို ၃၂ဝဝဝ မှ ၃ဝဝ အထိ လျှော့ချလိုက်တဲ့အခါ၊ စိတ်မပူပါနဲ့၊ မကြောက်ရွံ့လိုက်ပါနဲ့။ ဒါတွေက ပြင်ဆင်မှုပါပဲ။ ဘုရား လုပ်ဆောင်ပါလိမ့်မယ်။ သင့်ကို သက်သေသာဓက ဖြစ်စေမှာပါ။ လူတွေငြင်းပယ်လို့မရတဲ့ အရာ တစ်ခုခုကို ဘုရားက ပြုလုပ်မှာပါ။ ဘုရားက သင့်ဘက်မှာရှိကြောင်းကို လူတွေလက်ခံသွားကြမှာပါ။

လက်ရှမိလို့ ပြင်းထန်တဲ့ရောဂါပိုးကူးစက်ခံရတဲ့ လူတစ်ဦးနဲ့ ကျွန်တော်စကားပြောခဲ့ပါတယ်။ ရောဂါက တဖြည်းဖြည်း ပိုဆိုးလာကာ နေမကောင်းဖြစ်ပြီး သတိလစ်သွားခဲ့ပါတယ်။ ဒါနဲ့ အရေးပေါ်ဌာနဆီ ခေါ်သွားခဲ့ကြတယ်။ ဆရာဝန်တွေက သူ့မိသားစုကို ရောဂါအဆိပ် ပြင်းလွန်းလို့ ၅၀ ရာခိုင်နှုန်းပဲ အသက်ရှင်နိုင်ခြေရှိတယ်လို့ ပြောတယ်။ သူ့ကို ကုသဖို့ ဆေးဝါးကို ဆရာဝန်တွေ ရှာဖွေခဲ့တယ်။ နာရီတိုင်းမှာ ကုသမှုမလုပ်ရင် အသက်ရှင်နိုင်ခြေ ၅ ရာခိုင်နှုန်းနည်းသွားမှာပါ။ နာရီအနည်းငယ်အတွင်း မရှာတွေ့ရင် သူအသက်ရှင်နိုင်မှာ မဟုတ် တော့ကြောင်း၊ အသက်ရှင်ခဲ့ရင်တောင် သတိမေ့နေတော့မယ်လို့ ပြောကြတယ်။ ၁၂ နာရီကျော်သွားသည့်တိုင် ဘာဆေးမှ ရှာမတွေ့ခဲ့ ကြဘူး။ ၁ ရက်ကုန်သွားတယ်၊ ဘာမှ မထူးခြားလာဘူး။ နာရီပေါင်း ၂၆၄ အကြာမှာတော့ သူတို့နည်းလမ်းရှာတွေ့ခဲ့ကြတယ်။ သူ့ကို စကားပြောနိုင်ဖို့၊ လမ်းလျှောက်နိုင်ဖို့၊ ပုံမှန်လိုလှုပ်ရှားဖို့ မဖြစ်နိုင်တော့ ဘူးလို့ ပြောခဲ့ကြပေမယ့် ယနေ့မှာတော့ သူလုံးဝကျန်းမာနေခဲ့ပါပြီ။

ဘုရားက သူ့ကို ပထမနေ့မှာတင် ကုသပေးလို့ရပါတယ်။ ဆရာဝန်တွေလည်း .. နာရီအနည်းငယ်အတွင်း ကုသမှုကို ရှာတွေ ခဲ့လို့ရပါတယ်။ ဒါဆိုရင်လည်း နိမိတ်လက္ခဏာကောင်းတစ်ခု ဖြစ် နေအုန်းမှာပါ။ တစ်ခါတလေ ဘုရားက ဖြစ်နိုင်ခြေနည်းသထက် နည်းအောင် ခွင့်ပြုတတ်ပါတယ်။ ဒါမှ သင်နည်းလမ်းမတွေ့တဲ့ အခါမှာ ဘုရားက ရုတ်တရက် ပေါ်လာပြီး သင်မလုပ်နိုင်တဲ့အရာကို ပြုလုပ်ပေးမှာပါ။ ဖြစ်နိုင်ခြေတွေကြောင့် … အရူးလုပ်မခံပါနဲ့။သင့်မှာ နည်းလမ်းမရှိတော့ဘူးငွေရေးကြေးရေးက အဆင်မပြေဘူး၊ နှစ်ပေါင်း များစွာ ဆေးစွဲဖြတ်ဖို ကြိုးစားနေပေမယ့် ဘာမှမထူးလာဘူး။ အဆင် သင့်ပြင်ထားလိုက်ပါ။ ဒါတွေက ပြင်ဆင်မှုပါပဲ။ လက်လျှော့အရှုံးပေး ရမယ့် အချိန်မဟုတ်ဘူး။ သင့်ယုံကြည်ခြင်းကို လှုံ့ ဆော်ရမယ့်အချိန်ပါ။ တစ်နေ့တာလုံး “ဘုရားသခင်ကိုယ်တော်က ဒီဖျားနာမှုထက် ပိုမို ကြီးမားတဲ့အတွက်၊ ဆေးစွဲမှုထက် ပိုမိုသန်မာတဲ့အတွက်၊ ပြိုင်ဘက်တွေ ထက်ပိုအစွမ်းထက်တဲ့အတွက်ကျေးဇူးပါ”လို့ ပြောပါ။ သင်သာ ယုံကြည် ခြင်းရှိရင် ဒီလူကဲ့သို့ သင်လည်း ပုံသက်သေကောင်း ဖြစ်လာမှာပါ။ လူတွေက သင့်ဘဝအပေါ်မှာ ဘုရားရဲ့ ကောင်းမြတ်ခြင်းကို မြင်တွေ့ လာမှာပါ။

ပိုကောင်းတဲ့အရာ
ကျမ်းစာထဲမှာ မာရိနဲ့မာသက မောင်ဖြစ်သူ ‘လာဇရု’ ဖျားနာ နေတယ်လို့ မိတ်ဆွေယေရှုထံ စကားပါးလိုက်ပါတယ်။ ယေရှုက အခြား မြို့ မှာ ရှိနေတာပါ။ သူတို့က ယေရှုချက်ချင်းလာပြီး ဆုတောင်းပေး မယ်လို့ ထင်ထားခဲ့တာပါ။ ယေရှုက လူနာတွေကို ရောဂါပျောက် အောင် ကုသပေးတယ်ဆိုတာ သူတို့မြင်တွေ့ခဲ့ရလို့ လာဇရုကိုလည်း ကုသပေးနိုင်မယ်ဆိုတာ သိနေပါတယ်။ တစ်ရက်ကုန်သွားတယ်၊ ယေရှု ရောက်မလာခဲ့ဘူး။ ကျွန်တော်ထင်တယ် မာသတော့ “ယေရှု၊ ဘယ် များရောက်နေတာလဲ၊ ကြာလွန်းလိုက်တာ” လို့တွေးနေမိမှာပါ။ နောက် တစ်ရက်ကုန်သွားတယ်။ ယေရှုပေါ်မလာခဲ့ဘူး။ နောက်ဆုံးတော့ လာဇရု သေဆုံးသွားခဲ့ရပါတယ်။ ယေရှုရောက်လာတဲ့အခါမှာတော့ လာဇရက အုတ်ဂူထဲမှာ ၄ ရက်လောက်ရှိနေခဲ့ပါပြီ။ မာရိနဲ့မာသက အရမ်းစိတ်မကောင်းဖြစ်ကာ “ယေရှု၊ ကိုယ်တော်သာ စောစောရောက် လာခဲ့ရင် ကျွန်မတို့ရဲ့မောင် အသက်ရှင်ရမှာပါ” လို့ပြောကြတယ်။ အခုတော့ သေဆုံးသွားလို့ ဖြစ်နိုင်ခြေလုံးဝမရှိတော့ပါဘူး။ လာဇရုကို လူသေအဝတ်တောင် ဝတ်ပတ်ထားပြီးခဲ့ပါပြီ။ ယေရှုက မဖြစ်နိုင်မှုကို အံတုကာ အုတ်ဂူဆီသွားပြီး လာဇရုအား အသက်ပြန်ရှင်စေခဲ့တယ်။ ဒါက ကြီးမားတဲ့ နိမိတ် လက္ခဏာတစ်ခုပါ။

တစ်ခါတလေ ဘုရားက ဖြစ်နိုင်ခြေတွေက သင့်ဘက်မှာ လုံးဝမရှိတော့တဲ့အထိ တမင်တကာ အချိန်ဆွဲတတ်ပါတယ်။ သင်က အိပ်မက်တွေကတိတော်တွေ၊ ပေါင်းသင်းဆက်ဆံရေးတွေကို မြေမြုပ်ဖို့ ပြင်နေပါပြီ။ ဘာနည်းလမ်းမှ ရှာမတွေ့တော့ပါ။ ဒါပေမယ့် ဘုရား နည်းလမ်းတွေက ကျွန်တော်တို့ နဲ မတူပါဘူး။ မာရိနဲ့မာသက ရောဂါ ပျောက်ဖို့ ဆုတောင်းခဲ့တာပါ။ ဒါပေမယ့် ဘုရားဆီမှာ ပိုကောင်းတဲ့အရာ ရှိခဲ့တယ်‘ပြန်လည်ထမြောက်ခြင်း’ ရှိခဲ့တယ်။ သင်အရှုံးပေးချင်တဲ့ အရာ၊ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့အရာကို ဘုရားက သင်ထင်တဲ့နည်းလမ်း နဲ့မလုပ်ပေးချင်လို့ ဖြစ်မှာပါ။ သင့်အတွက် ပိုကောင်းတဲ့အရာ ဘုရားဆီမှာရှိနေလို့ ဖြစ်မှာပါ။

ကျွန်တော်တို့က ဘုရားကျောင်းအသစ်ဆောက်ဖို့ ၂ ကြိမ် တိုင်တိုင် မြေဝယ်ရန် ကြိုးစားခဲ့တယ်။ ၂ ကြိမ်လုံးလုံး ကျွန်တော်တို့ အနောက်ကလူကိုပဲ ရောင်းချခဲ့ကြတယ်။ ပိုကျယ်ဝန်းတဲ့မြေကို ကျွန် တော်တို့ ရှာမတွေ့ခဲ့ကြဘူး။ ကျွန်တော်စိတ်ပျက်ခဲ့တယ်။ ပိုကျယ်တဲ့ ဘုရားကျောင်း မဆောက်နိုင်တော့ဘူးလို့ ကျွန်တော်ထင်ခဲ့ပါတယ်။ တစ်နေ့တော့ ရုတ်တရက်လိုလို Compaq Center ပေါ်လာခဲ့ပါ တယ်။ ကျွန်တော်က ရောဂါပျောက်ဖို့ဆုတောင်းခဲ့ပေမယ့် ဘုရားဆီမှာ ပြန်လည်ထမြောက်ခြင်း ရှိခဲ့ပါတယ်။ ကျွန်တော်လုံးဝမထင်ထားခဲ့တဲ့ ပိုကောင်းတဲ့အရာပေါ့။

ယနေ့မှာလည်း သင့်အတွက် ဖြစ်နိုင်ခြေလုံးဝမရှိကောင်း မရှိ မှာ
ပါ။ ကျွန်တော်ပြောနိုင်တာကတော့ ဘုရားက သင့်ဘက်မှာ လုံးဝ ရှိနေပါတယ်။ ဘုရားက ဒီနေရာထိ ခေါ်ဆောင်လာပြီးမှတော့ သင့်ကို ချန်ထားရစ်ခဲ့မှာ မဟုတ်ပါဘူး။ သင့်အခြေအနေက သေဆုံးသွားပြီလို့ ထင်နေရနိုင်တယ်။ သင်က ဆုတောင်းဆဲ ဆုတောင်းနေပေမယ့် ဘုရားက အချိန်မီ မရောက်လာခဲ့ဘူး။ ဘုရားကို ရဲရဲကြီး ယုံကြည် လိုက်ပါ။ ဘုရားရဲ့ လက်ဝါးပေါ်မှာ သင့်ကိုတင်ထားပါတယ်။ ဘာမှ မထူးခြားလာဘူးလို့ သင်ထင်နေပေမယ့် နောက်ကွယ်မှာ ဘုရားအလုပ် လုပ်နေပါတယ်။ ဘုရားအမိန့်တော်ရှိရင် သေဆုံးတဲ့အရာတွေ ပြန်ရှင် လာတယ်။ ဖြစ်နိုင်ခြေတွေကို ဘုရားမမှုပါဘူး။ ယေရှုက လာဇရု သေဆုံးတာကို မြင်တော့ “ဟာ.. သွားပါပြီ။ ငါအချိန်ဆွဲမိလိုက်ပြီ။ ငါဘာဆက်လုပ်ရမလဲ” လို့မပြောခဲ့ပါဘူး။ ဘုရားက စကြဝဠာကို ထိန်းချုပ်ထားပါတယ်။ ဖြစ်နိုင်ခြေတွေက ဘုရားလုပ်နိုင်တာမလုပ်နိုင် တာကို မဆုံးဖြတ်ပေးပါဘူး။

စိတ်ဝင်စားဖို့ကောင်းတာက ယေရှုကို လုံးဝဆန့်ကျင်ခဲ့တဲ့ ဂျူးလူမျိုးတွေဟာ လူတစ်ယောက်သေဆုံးသွားရင် ၃ ရက်အကြာမှာ ဝိညာဉ်ထွက်သွားတယ်လို့ ယုံကြည်ကြတယ်။ ယေရှုက ၄ ရက်မြောက် နေ့မှ လာဇရုဆီရောက်လာခဲ့တာ တိုက်ဆိုင်မှုမဟုတ်ပါဘူး။ တမင် တကာ လုပ်ခဲ့တာပါ။ ဒါမှ လာဇရုကို သေခြင်းမှပြန်ထမြောက်စေခဲ့ တာကို ဘယ်သူမှ သံသယဝင်မှာ မဟုတ်တော့ပါဘူး။ တစ်ခါတလေ ဘုရားက ဖြစ်နိုင်ခြေအရမ်းနည်းအောင် လုပ်တတ်ပါတယ်။ ဒါမှ သင်နဲ့ အတူ သင့်အိမ်နီးချင်းတွေ၊ ဝေဖန်သူတွေ၊ သင့်ဆွေမျိုးတွေ၊ လုပ်ဖော် ကိုင်ဖက်တွေက ဘုရားလုပ်တဲ့အရာအပေါ် မငြင်းဆန်နိုင်တော့မှာပါ။ အဲဒီအချိန်ကစပြီး လာဇရုက ပုံသက်သေကောင်း ဖြစ်လာခဲ့တယ်။ သူ ဘယ်ပဲသွားသွား လူတွေက “အဲဒါ လာဇရု။ သူက သေဆုံးပြီး ပြန်ထ မြောက်ခဲ့တာ” လို့တီးတိုးပြောကြမှာပါ။ လာဇရုက မဖြစ်နိုင်တာကို အံတုခဲ့သူပါ။ အသက်ရှင်သော ပုံသက်သေကောင်း ဖြစ်ခဲ့တယ်။ ဒီလိုပဲ ဘုရားက လူတွေ သတိထားမိအောင် သင့်ကို အသုံးပြုချင်ပါတယ်။ သင်လည်း အသက်ရှင်သော ပုံသက်သေကောင်း ဖြစ်လာမှာပါ။

ဖြစ်နိုင်ခြေတွေက သင့်ကိုမရပ်တန့်နိုင်ပါဘူး
ဖြစ်နိုင်ခြေတွေကြောင့် သင့်အိပ်မက်တွေ၊ ကျန်းမာရေးတွေ၊ လွတ်မြောက်ခြင်းတွေကို အရှုံးပေးလိုက်ပြီလား။နာမည်ကြီးတက္ကသိုလ် တစ်ခုကို ပညာသင်ဆုလျှောက်ခဲ့တဲ့ အမျိုးသမီးငယ်တစ်ဦးကို ကျွန်တော် သိခဲ့တယ်။ အခြားကျောင်းသား ၂၆၀၀ လည်း ပညာသင်ဆုလျှောက်ခဲ့ ကြတယ်။ စိန်ခေါ်မှုကတော့ အဲဒီအထဲက ကျောင်းသား ၁၂ ယောက်ပဲ ခေါ်ဆိုမှာပါ။ ရနိုင်ခြေက ၁ ရာခိုင်နှုန်းအောက်မှာ ရှိပါတယ်။ သူမ အနေနဲ့ “မဖြစ်နိုင်လောက်ဘူး။ ကြိုးစားလည်း အလကားပါ။ ဖြစ်နိုင်ခြေ အရမ်းနည်းလွန်းတယ်” လို့တွေးမိနိုင်ပါတယ်။ ... ဒါပေမယ့် သူမက ကျွန်တော်သင့်ကိုပြောသလိုမျိုး လုပ်ခဲ့ပါတယ်။ သူမက ဘုရားလုပ်ပေး လိမ့်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ ကျွန်တော်တို့ ထင်သလို အမြဲဖြစ်လာ မှာ မဟုတ်ပါဘူး။ အကောင်းဆုံးနည်းလမ်းကို ဘုရားသိပါတယ်။ ဖြစ်နိုင် ခြေနည်းလို့ … သင်မကြိုးစားတော့ဘူး၊ အိပ်မက်မထားရှိတော့ဘူး၊ မယုံကြည်တော့ဘူးဆိုရင် သင့်ပန်းတိုင်နဲ့လွဲချော်သွားမှာပါ။ သင့်အစွမ်း အစနဲ့ အရာရာကို အောင်မြင်နေမယ်ဆိုရင်တော့ ဘုရားအကူအညီကို သင်လိုမှာမဟုတ်တော့ပါဘူး။ ဖြစ်နိုင်ခြေက သင့်ဘက်မှာ မရှိတော့တဲ့ အခါ၊ သင့်မှာ နည်းလမ်းမရှိတော့တဲ့အခါ၊ အဆက်အသွယ် ငွေရေး ကြေးရေး မရှိတဲ့အခါ၊ အသက်ငယ်လွန်းတဲ့အခါ၊ အသက်ကြီးလွန်းတဲ့ အခါမှာ သင့်အနေနဲ့ ဆုံးဖြတ်ချက်ခိုင်ခိုင်ထားပြီး.. “ဘုရားသခင်၊ ဖြစ်နိုင်ခြေတွေက ကိုယ်တော့်အတွက် မခက်ခဲပါဘူး။ ဒါဟာ ကိုယ်တော့် ဘုန်းထင်ရှားဖို့ ပြင်ဆင်နေမှန်း ကျွန်တော်သိပါတယ်” လို့ပြောပါ။ ဒီအမျိုးသမီးငယ်က အဲဒီအတိုင်း လုပ်ခဲ့တာပါ။ လပေါင်းများစွာအကြာ သူမဆီ “ဂုဏ်ယူပါတယ်။ လူပေါင်း ၂၆၀၀ ထဲမှ ၁၂ ယောက်ရွေးတာ သင်ပါဝင်တယ်” ဆိုပြီး စာရောက်လာတယ်။

မကြာခင်က ထီထိုးတဲ့သူ အရမ်းများခဲ့တယ်။ ကျွန်တော် ဖတ်ရတာက ထီပေါက်ဖို့ သန်း ၃ဝဝ မှာ ၁ ယောက်ပဲ ဖြစ်နိုင်ခြေရှိ တာပါ။ ဥပမာတစ်ခုအရ အကြွေစေ့တွေကို Scattle မြို့ ကနေ Miami မြို့ အထိ တန်းဆီထားပါ။ အဲဒီအထဲက အကြွေစေ့တစ်ခုကို အမှတ် အသား X လုပ်ထားပါ။ သင်ထီပေါက်ဖို့ အခွင့်အရေးက Scattle မြို့ မှ Miami မြို့ ကြား အဲဒီအကြွေးစေ့ကို ရွေးယူရသလိုပါပဲ။ပြောချင်တာက “မေ့လိုက်တော့။ မင်းထီပေါက်ဖို့ လုံးဝမဖြစ်နိုင်ဘူး” ဆိုတာပါ။

ကမ္ဘာဦးကျမ်း (ကျမ်းစာ)မှာ ဘုရားက ကောင်းကင်နဲ့မြေကြီးကို ဖန်ဆင်းတဲ့အကြောင်း ပြောထားပါတယ်။ ... ဘာမှမရှိတဲ့အရာကနေ ဘုရားက ဖန်ဆင်းခဲ့တာပါ။ ကျွမ်းကျင်သူတွေက “ဒါမဖြစ်နိုင်ဘူး။ တစ်ခုခုလုပ်ဖို့ လက်ထဲမှာ ဘာမှမရှိဘူး။ တကယ်လို့ ကောင်းကင်၊ ပင်လယ်၊ မြက်ခင်း၊ လေသာရှိခဲ့ရင် အဲဒါတွေကို ပေါင်းစပ်ပြီး နောက် တစ်ခုထပ်လုပ်လို့ရတယ်။ ဘာမှမရှိပဲနဲ့တော့ ဘာလုပ်လို့ရမှာတုန်း”လို့ ပြောကြမှာပါ။ အယောက် ၂၆၀၀၀ မှ ၂၆ ယောက်ရွေးတာ၊ သန်း ၃၀၀ မှာ ၁ ယောက် ထီပေါက်တာက ဖြစ်နိုင်ခြေရှိသေးတယ်။ အခုတော့ ဘာမှမရှိလို့ ဖြစ်နိုင်ခြေသုံညပါ။

ဒါက ဘုရားရဲ့ အံ့ဩဖွယ်ပါ။ဘုရားက ဖြစ်နိုင်ခြေ သုံညကနေ စင်္ကြဝဌာကို ဖန်ဆင်းခဲ့တာပါ။ လက်ထဲမှာ ဘာမှမရှိဘူး၊ သဘာဝအရ လုံးဝမဖြစ်နိုင်ပေမယ့် ဘုရားက ဖြစ်နိုင်ခြေအပေါ် ဂရုမစိုက်ပါဘူး။ ဘုရားက Accounting အဖွဲ့ကို “ကြယ်တွေ၊ စကြဝဠာ၊ ဂြိုလ်တွေကို ငါဖန်ဆင်းတော့မယ်။ လက်ထဲမှာတော့ ဘာမှမရှိဘူး။ ဖြစ်နိုင်ခြေ ဘယ်လောက်ရှိလဲ” ဆိုပြီး တိုင်ပင်စရာ မလိုပါဘူး။ Accounting အဖွဲ့က “ဖြစ်နိုင်ခြေ သုံညပဲ။ ပြုလုပ်စရာ ဘာကုန်ကြမ်းမှမရှိဘူး။ ဘာအရင်းအမြစ်မှ မရှိဘူး” လို ပြန်ပြောကြမှာပါ။ ဘုရားက “အချက် အလက်တွေအတွက် ကျေးဇူးပါ။ အလင်းဖြစ်စေ” လို့ပြောလိုက်မှာပါ။ အလင်းက တစ်စက္ကန့်မှာ ၁၈၆ဝဝဝ မိုင်နှုန်းနဲ့ ပေါ်ထွက်လာပါတယ်။

ဘုရားက ကမ္ဘာကြီးကို နှုတ်ကနေ ဖန်ဆင်းခဲ့တာပါ။ ဖြစ်နိုင် မလားဆိုပြီး Google မှာ လိုက်ရှာနေစရာ မလိုပါဘူး။ ဘယ်လိုလုပ် ရမလဲဆိုပြီး နည်းလမ်းရှာနေစရာ မလိုပါဘူး။ ဘုရားက နည်းလမ်းပါ။ တံခါးတွေ ဖွင့်စရာမလိုဘူး။ ဘုရားက တံခါးပါ။ သင့်ပန်းတိုင်ဆီ ရောက် ပါ့မလားဆိုပြီး ဖြစ်နိုင်ခြေတွေအပေါ် ဘုရားက မစစ်ဆေးပါဘူး။ ဘုရားနှုတ်ကနေ ပြောလိုက်တာနဲ့ သင့်ပန်းတိုင်ဖြစ်လာတာပါ။ သင့် နောက်ခံသမိုင်းတွေ၊ ကြီးပြင်းခဲ့ရပုံတွေ၊ ပညာရေးတွေနဲ့ ဘုရားကို ကန့်သတ်လို့မရဘူး။ ဘုရားက စွမ်းအားရှင်ပါ။ ဘာမှမရှိတာကနေ ထူးခြားတဲ့အရာတစ်ခုခုကို ဘုရားပြုလုပ်နိုင်ပါတယ်။ သင့်ကို ဘာတွေ ပြုလုပ်ပေးနိုင်သလဲဆိုတာ စဉ်းစားကြည့်လိုက်ပါ။ သင်က ဘုရားရဲ့ အလေးထားရာ ပိုင်ဆိုင်မှုပါ။ သင့်ကို အသက်မှုတ်သွင်းထားတယ်။ အမြင့်ဆုံးသောဘုရားရဲ့ DNA က သင့်အထဲမှာ ရှိနေတယ်အချို့ နေရာတွေမှာ သင့်အတွက် ဖြစ်နိုင်ခြေ ရှိချင်မှရှိမှာပါ။ ဒါပေမယ့် သင့်ကို မရပ်တန့် နိုင်ပါဘူး။ သင့်အမှတ်အသားကို ထားခဲ့ဖို့ ဘုရားက သတ်မှတ် ပြီးသားပါ။ ဖြစ်နိုင်ခြေကြောင့် စိတ်ဓာတ်မကျပါနဲ့။ မဖြစ်နိုင်ဘူးလို့ ထင်နေတဲ့အတွက်ကြောင့် ယုံကြည်မှုကို မရပ်တန့်လိုက်ပါနဲ့။ ဖြစ်နိုင်ခြေ သုံညဆိုရင်တောင် ဘုရားနှုတ်ထွက်စကားကြောင့် ဖြစ်နိုင်ခြေက သင့် အတွက် ပြောင်းလဲလာနိုင်ပါတယ်။

သင့်အချိန်က လာနေပါပြီ
ကျွန်တော့်မိတ်ဆွေက မကောင်းတဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်း ခဲ့ရပါတယ်။ အဖေက အနားမှာမရှိ၊ အမေကလည်း စိတ်ဝေဒနာရှင် ဖြစ်လို့ ဆေးရုံ ဒါမှမဟုတ် ထောင်ထဲအမြဲ ရောက်လေ့ရှိတယ်။ သူ အိမ်မှာ ကြမ်းတမ်းမှု၊ နှိပ်စက်မှုမျိုးစုံ ရှိခဲ့ရတယ်။ အသက် ၃ နှစ်အရွယ် မှာ အမေဖြစ်သူက သူ့ ကို ကားဂိတ်မှာထားရစ်ခဲ့တယ်။ နှစ်ပေါင်းများစွာ သူက မိဘမဲ့ဂေဟာ ရောက်လိုက်၊ ထိန်းသိမ်းစောင့်ရှောက်ရေးစင်တာ ရောက်လိုက် ဖြစ်ခဲ့ရတယ်။ လူသူမရှိတဲ့အိမ်တွေ၊ တောထဲတွေမှာသူအိပ်စက်ခဲ့တယ်။ အသက်ရှင်ဖို့ အတွက် သူ မှာ အစားအစာတွေကို ခိုးယူခဲ့ရတယ်။ သူ့ ဘဝတော့ ဘာကောင်းတာရှိပါအုန်းမလဲ။ ဖြစ်နိုင်ခြေ အားလုံးက သူ့ ဘက်မှာ မရှိခဲ့ဘူး။ ဒါတွေက သူ့ ကြောင့်မဟုတ်ဘူးလေ၊ ဘဝက သူ့ အပေါ် မတရားခဲ့ဘူး။ သူ ၇ တန်းရောက်တော့ ကျောင်းက ဂျူနီယာအကြံပေး စင်ဒီ (Cindy) နဲ့တွေ့ ဆုံခဲ့တယ်။ စင်ဒီက သူ့ ကို မြင်တာနဲ့ ဒီလူငယ်လေးဟာ တည်ငြိမ်မှုမရှိဘူး၊ ပြဿနာတစ်ခုခုတက် နေတဲ့သူမှန်း သတိထားမိခဲ့ကာ သူ့ ကို ပညာရေးမှာ ကူညီပေးခဲ့တယ်။ ဒါပေမယ့် လပေါင်းများစွာအကြာမှာ သူကျောင်းထွက်ခဲ့ပါတယ်။ ၂ နှစ် လောက် စင်ဒီက နေ့စဉ် “ဘုရားသခင်၊ ဒီလူငယ်လေးကို ကျောင်းကို ပြန်လာစေပါ” လို့ ဆုတောင်းခဲ့တယ်။ ၉ တန်းရောက်တော့ သူပြန်လာ ခဲ့ပါတယ်။ စင်ဒီက သူ့ ကို စောင့်ကြိုခဲ့ပါတယ်။

ဘယ်သူကမှ ဒီလူငယ်လေးကို လိုက်ရှာနေတာ မရှိပါဘူး။ မနက်တိုင်းမှာ စင်ဒီက သူ့အိမ်ဆီ ၄၅ မိနစ်ကားမောင်းကာ အကြို အပို ပြုလုပ်ပေးခဲ့တယ်။ သူမရဲ့ ဆောင်ပုဒ်က “အမှားပြင်ပေးတာထက် ခွန်အားပေးတာက ပိုထိရောက်တယ်" ဖြစ်တယ်။ နွေရာသီမှာ သူက သက်ကြီးရွယ်အို အိမ်တစ်အိမ်မှာ မြက်တွေရှင်းပေးပါတယ်။ အိမ်ရှင် အဘိုးနဲ့ အဖွားက သူ့ အကြောင်းကို ကြားသိပြီး သူတို့အိမ်မှာနေခွင့် ပေးလိုက်တယ်။ ဒီလူငယ်လေးက ဂီတနဲ့ သီချင်းဆိုရာမှာ ထူးချွန်တယ်။ ပြိုင်ပွဲတွေပျော်ပွဲရွှင်ပွဲတွေမှာ သူက တက်ရောက်ဖျော်ဖြေခဲ့တယ်။ ဖြစ်သူက ဒီလူငယ်လေး Jimmy Wayne ဖျော်ဖြေတိုင်း အရှေ့ ဆုံး ခုံမှာ ကျမ်းစာအုပ်ကို ကိုင်ပြီး အားပေးခဲ့တယ်။ ၂၀၀၈ ခုနှစ်မှာ သူ သီချင်း “Do you Believe Me Now?” က Country သီချင်းတွေထဲ နံပတ် (၁) ချိတ်နိုင်ခဲ့တယ်။ ယနေ့ မှာ သူက မိဘမဲ့ဂေဟာနဲ့ သူ့လိုမျိုး အခြေအနေတူ အခြားကလေးတွေကို ကူညီပေးဖို့ လုပ်ဆောင်နေပါပြီ။ Jimmy လိုပဲ အခြေအနေတွေက သင့်ဘက်မှာရှိချင်မှ ရှိမှာပါ။ သင့်အခြေအနေအပေါ် နည်းလမ်းမရှာတွေ့ ပေမယ့် ဘုရားက မှန်ကန် တဲ့သူတွေကို တန်းစီပေးထားပါတယ်။ သင့်အထဲက အစွမ်းအစတွေ၊ အိပ်မက်တွေက ကံဆိုးခဲ့လို့၊ လူတွေသင့်အပေါ် မကောင်းခဲ့လို့ဆိုပြီး ပျက်ဆီးသွားမှာ မဟုတ်ပါဘူး။ အခုထိ အသက်ရှင်နေဆဲပါ။ ဘုရားက သင့်ကို ဖန်ဆင်းခဲ့တဲ့အတိုင်း သင်ဖြစ်လာနိုင်ပါသေးတယ်။ မီးက ၇ ဆ ပိုပူပြင်းနေတယ်လို့ ခံစားရပေမယ့် မစိုးရိမ်ပါနဲ့ ။ သင့်အချိန်က လာနေ ပါပြီ။ ဘုရားက ပြောနေတယ် “အခြေအနေတွေက သင့်ဘက်မှာပါ။ အရာရာ သင့်အတွက် ပြောင်းလဲလာမှာပါ။ အမြဲတစေဖြစ်တော့မယ်လို့ ထင်ရတဲ့ပြဿနာက တကယ်တော့ ယာယီပါပဲ” တစ်နေ့ တာလုံး “အဖ ဘုရား၊ အခြေအနေတွေ ကျွန်တော့်ဘက်မှာရှိပေးလို. ကျေးဇူးပါ” လို့ ပြောပါ။ ဒါဆိုရင် ကျွန်တော်ယုံကြည်လျှက် အခိုင်အမာပြောဆိုပါတယ် Jimmy ကဲ့သို့ သင်ထင်ထားတာထက် ပိုမိုဝေးကွာတဲ့နေရာဆီ ရောက်ရှိ မယ်၊ ဟေဗြဲလူငယ်လေး ၃ ဦးကဲ့သို့ မီးမလောင်ကျွမ်းပဲ သင်ထွက်လာ ရမယ်၊ လာဇရုကဲ့သို ့ ဘုရားက သင့်ကို အသက်ရှင်သော ပုံသက်သေ ကောင်းအဖြစ် ပြုလုပ်ပေးမှာဖြစ်တယ်။


အခန်း (၄)
နောက်တစ်ဆင့် တက်ရောက်ပါ

ကျွန်တော်တို့ တွေကို နှောင့်နှေးဖို့ ကြိုးစားနေတဲ့အရာတွေ ရှိပါတယ်။ အတိတ်အမှားတွေကြောင့် အပြစ်ရှိသလိုခံစားမှု၊ မကျော်လွှား နိုင်ဘူးလို့ ထင်ရတဲ့ သွေးဆောင်ဖျားယောင်းမှု၊ မျိုးရိုးအလိုက် ပျက်စီးမှု စသည်ဖြင့် ရှိနေတတ်ပါတယ်။ ဒါတွေက မိမိရဲ့ဖြစ်တည်မှုပဲဆိုပြီး လက်ခံမိဖို့ က လွယ်ကူပါတယ်။ ဒါပေမယ့် ဘုရားက သင့်ကိုဖန်းဆင်း ခဲ့တာ ဒီလိုဆေးစွဲမှု၊ ပျက်စီးမှု၊ အပြစ်ရှိသလိုခံစားမှုတွေရဲ့ ဝန်ပိပြီး ဘဝကို ဖြတ်သန်းသွားဖို့ မဟုတ်ပါဘူး။ သင့်ကိုလွတ်မြောက်ဖို့ ဖန်ဆင်း ခဲ့တာပါ။ ယေရှုကကားတိုင်ပေါ်မှာ မသေဆုံးမီ“အမှုပြီးပြီ” လို့ ပြောသွား ခဲ့တယ်။ ဒါက သူ့ ဘဝပြီးဆုံးကြောင်း၊ သူ့ ရည်ရွယ်ချက် ပြီးဆုံးကြောင်း ကိုပဲ.. ပြောနေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ပန်းတိုင်နဲ့လွဲစေမယ့် အဆိုးအားလုံးကို အဆုံးသတ်ပေးလိုက်တာပါ။ ယေရှုပြောချင်တာက “အပြစ်ရှိသလိုခံစားမှုတွေစိတ်ဓာတ်ကျမှုတွေ၊ မိမိကိုယ်ကို အထင်သေး မှုတွေ၊ ရွက်ကြမ်းရေကျိုဖြစ်မှုတွေအားလုံး ပြီးဆုံးသွားပြီ” လို့ပြောနေ တာပါ။

မကောင်းတဲ့အရာအပေါ် စွဲလမ်းမှုကို လက်ခံပြီး “ဒီလိုပဲ ဖြစ်နေ တော့မှာ၊ ငါ့မိသားစုဝင်အားလုံး ဒါကိုစွဲလမ်းနေတာ” လို့ တွေးနေမယ့် အစား “အမူပြီးပြီ။ မင်းငါ့ကို မထိန်းချုပ်နိုင်ဘူး။ ငါ့ပန်းတိုင်နဲ့ လွဲအောင် မလုပ်နိုင်ဘူး။ အဖိုးအခတွေ ယေရှုဆပ်ပြီးပြီ။ ငါက လွတ်မြောက်ပြီ။ သန့်ရှင်းပြီ။ ပြီးပြည့်စုံပြီ” လို့ကြေငြာလိုက်ပါ။ မကောင်းတဲ့အရာစွဲလမ်း မှုကို လက်ခံသမျှ ဒါကိုဆက်လက်ရှိနေဖို့ ခွင့်ပြုလိုက်တာပါ။ ဒီစွဲလမ် မူအပေါ်၊ အတိတ်အမှားတွေအပေါ်၊ ဆင်းရဲမှုအပေါ် “အမှုပြီးပြီ။ ဒါတွေက ငါ့ဖြစ်တည်မှု မဟုတ်ဘူး။ ငါက ကောင်းချီးခံစားရသူ၊ ကြွယ်ဝ ချမ်းသာသူ၊ အောင်မြင်သူ” လို့ ပြောတဲ့အခါ တုပ်နှောင်ခြင်းတွေ လွတ် မြောက်လာမယ်၊ ချိန်းကြိုးတွေ လျော့ရဲလာမယ်၊ ဘုရားကောင်းမြတ် ခြင်းတွေ ပေါ်ထွက်လာမယ်။

“အမှုပြီးပြီ” လို့ပြောဆိုရမယ့်အရာတွေနဲ့ သင်အသက်ရှင် နေတုန်းလား။ အတိတ်အမှားတွေကြောင့် အပြစ်ရှိသလို ခံစားနေရကာ ကောင်းတာတွေကို မမျှော်လင့်တော့ဘူးလား။ ဒီခံစားမှုအပေါ် “အမှု ပြီးပြီ။ ငါ့ကိုယ်ငါ ရှုံ့ချပြစ်တင်မှုတွေ ရပ်တန့်ပြီ။ ဘုရားရဲ့ ကရုဏာ တော်က ငါ့အမှားတွေထက် ပိုကြီးမားတယ်။ ငါ့ကို ပြန်ရွေးနှုတ်ထား တယ်ငါ့ကိုပြန်လည် အားဖြည့်ထားတယ်။ ငါ့အပြစ်တွေ လွှတ်ပြီးပြီ။ ငါ့အနာဂတ်အပေါ် ငါစိတ်လှုပ်ရှားတယ်” လို့ ကြေငြာဖို့ လိုနေပြီ။ ရှက် ကြောက်မှု၊ လူတွေလုပ်ရပ်ကြောင့် သိမ်ငယ်မှုတွေနဲ့ သင်အသက်ရှင် နေတုန်းလား။ လူတွေက အမှားလုပ်ပြီး ထွက်သွားကြတယ်။ သင့်နား ထဲမှာ စွပ်စွဲသံတွေက “မင်းမတော်လို့ လေ။ မင်းက ဆွဲဆောင်မှုမရှိလို့။ မင်းကို ချစ်ရတာ မထိုက်တန်ဘူး” ဆိုပြီး တီးတိုးပြောနေမှာပါ။ ဒီရှက် ကြောက်မှုအပေါ် “အမှုပြီးပြီ။ ငါက သိမ်ငယ်သူမဟုတ်၊ မထိုက်တန် သူမဟုတ်။ ငါ့ကိုယ်ငါသိတယ်။ ငါက အမြင့်ဆုံးသောဘုရားရဲ့ သားသမီး။ ငါက ကောင်းမြတ်ခြင်းသရဖူ ဝတ်ဆင်ထားတယ်။ တော်ဝင် အသွေးတွေ ငါ့အထဲမှာစီးဆင်းနေတယ်” လို့ ကြေငြာလိုက်ပါ။

သင့်အပေါ် ဘယ်သူတွေ ဘာလုပ်လုပ် သင့်ဖြစ်တည်မှုက မပြောင်းလဲသွားပါဘူး။ မကောင်းတဲ့အရာ၊ မတရားတဲ့အခြေအနေတွေ ကို သင်ကြုံတွေ့ခဲ့ရလို့ ဒုက္ခခံရသူစိတ်ထားမျိုး မထားလိုက်ပါနဲ့။ အောင်မြင်သူစိတ်ထားကို ထားရှိလိုက်ပါ။ ဘုရားက မတရားတဲ့အရာ အပေါ် နှစ်ဆပြန်လျော်ပေးမယ်လို့ ပြောထားပါတယ်။ သင့်ကို အမှားလုပ် ခဲ့သူ၊ နာကျင်စေခဲ့သူတွေက အမှန်တကယ်တော့ သင့်ကို ကူညီ ပေးနေတာပါ၊ သင်နှစ်ဆရရှိဖို့ ဖြစ်စေတယ်လေ။ သင့်ကို နှောင့်နှေး စေမယ်လို့ သူတို့ ထင်ထားပေမယ့် အမှန်တကယ်တော့ သင့်ကို ပြင်ဆင် ပေးနေတာပါ။ အခုချိန်မှာ မိမိကိုယ်ကို သနားစိတ်ကို ဒီလိုပြောလိုက်ပါ “အပြီးပြီ။ ငါစိတ်ဓာတ်ကျပြီး မနေဘူး။ စိတ်ပျက်မှုတွေအပေါ် မစဉ်းစားတော့ဘူး။ နာကျင်မှုတွေကို အသက်ပြန်မသွင်းတော့ဘူး။ အတိတ်ကို ငါထားခဲ့ပြီ။ ဘုရားပြင်ဆင်ပေးထားတဲ့ နောက်တစ်ဆင့်ကို ငါတက်ရောက်တော့မယ်။ နှစ်ဆသောအရာကို ပြင်ဆင်ပေးလို့ ကျေးဇူး တင်ပါတယ် အဖဘုရား"။


နေပြန်ကောင်းချင်ပါသလား
ကျွန်တော်တို့အားလုံးမှာ အဆိုးမြင်ဖို့၊ အခွင့်မသာကြောင်း တွေးမိဖို့ အကြောင်းပြချက်တစ်ခုခုတော့ ရှိမှာပါ။ သင့်သူဌေးက သင့် ကို လျစ်လျူရှုခဲ့မယ်၊ တစ်ယောက်ယောက်က သင့်ကိုထားခဲ့မယ်။ ဆင်ခြေ တွေမပေးဖို့ ကျွန်တော်တောင်းဆိုပါတယ်။ ဒါကြောင့် “အမှုပြီးပြီ။ ငါ မရခဲ့တာမလုပ်မိခဲ့တာနာကျင်ခဲ့တာတွေကို ငါမတွေးတော့ဘူး” လို့ ပြောချိန်တန်ပါပြီ။ သင့်အတိတ်၊ မိမိကိုယ်ကို သနားစိတ်၊ စိတ်ဓာတ်ကျ မှုတွေကို “အမှုပြီးပြီ” လို့ ပြောလိုက်ပါ။ သင့်အခြေအနေအပေါ် ဆင်ခြေ ပေးနေသရွေ့ ဒါတွေကိုဆက်ရှိနေဖို့ ခွင့်ပြုနေတာပါ။

ယောဟန် ၅ (ကျမ်းစာ) မှာ ယေရှုက “ဗေသေသန’ ရေကန် အနီး နှစ်ပေါင်း ၃၈ နှစ်ကျော် လဲလျောင်းနေတဲ့ မသန်မစွမ်းတစ်ဦးနဲ့ ဆုံခဲ့တယ်။ ရေကန်နားမှာ ဖျားနာသူများလည်း ပြည့်နှက်နေခဲ့တယ်။

သူတို့ တွေက ကောင်းကင်တမန်တစ်ပါး ရေကန်ထဲဆင်းလာပြီး ရေကို ပထမဆုံးရေကန်ထဲ လှုပ်ရှားချိန်အား စောင့်နေတာပါ။ ရေလှုပ်ရှားချိန် ဝင်တဲ့သူ ကျန်းမာခြင်းရမှာပါ။ ယေရှုက ထိုသူကိုမြင်တဲ့အခါမှာ “သ သည် ကျန်းမာခြင်းသို့ ရောက်လိုသလော” လို့ မေးလိုက်တယ်။ အဖြေ ရှင်းနေတာပဲ၊ ရေကန်အနီးက လူတွေအားလုံး ကျန်းမာဖို့ လာခဲ့ကြ တာပါ။ ဒါပေမယ့် ယေရှုက “သင်သည် ကျန်းမာခြင်းသို ့ရောက်လို သလော” လို့ မေးလိုက်တယ်။ ဆိုလိုတာက ဒီလူကို ကြည့်ရတာ အခြေ အနေတွေ ပြောင်းလဲဖို ့မျှော်လင့်နေတဲ့ပုံမပေါ်ဘူး။ နှစ်ပေါင်း ၃၈ နှစ် ရှိနေပြီဆိုတော့ ဒီအခြေအနေကို သူနေသားတကျဖြစ်နေခဲ့တာပါ။ သူက “ဒါငါ့ကံတရားပဲ။ ဒီထက်ပိုကောင်းတော့မှာ မဟုတ်ပါဘူး” လို့ တွေးမိမှာပါ။ အနားမှာ လူတွေက ဖျားနေတယ်မျက်စိကန်းနေတယ်၊ ဝေဒနာခံစားနေရတယ်။ လူတိုင်းက တစ်ခုခုလိုနေတယ်ညည်းတွား နေတယ်စိတ်ဓာတ်ကျနေတယ်။

သင့်အနားမှာ ရှိနေတဲ့သူတွေအပေါ် သတိထားဖို့လိုပါမယ်။ အထူးသဖြင့် ခက်ခဲချိန်မှာပေါ့။ သင်နေမကောင်းရင်လည်း အခြားနေ မကောင်းတဲ့သူတွေဆီ မသွားပါနဲ့။ ဆေးစွဲနေရင်လည်း အခြားဆေးစွဲ နေတဲ့သူနဲ့ မပေါင်းပါနဲ့။ သင့်ကို ရပ်တန့်စေမှာပါ။ စိတ်ဓာတ်ကျနေ ရင်လည်း အခြားစိတ်ဓာတ်ကျနေသူတွေဆီ မသွားပါနဲ့ ။ သင်လိုချင်တာ ရနေတဲ့သူတွေကို လိုက်ရှာပါ။ ငွေရေးကြေးရေးမှာ သင်ရုန်းကန်နေရရင် ကောင်းချီးခံစားနေရသူ၊ ရက်ရောသူ၊ ကြွယ်ဝသူတွေအနားကို သွားပါ။ သင်က အဆိုးမြင်ဝေဖန်ချင်ရင် အဆိုးမြင်သူတွေအနား မသွားပါနဲ့။ ပျော်ရွှင်နေတဲ့သူ၊ အကောင်းမြင်သူ၊ ကျေးဇူးသိတတ်သူတွေကို ရှာပါ။ “ငါကျန်းမာချင်တယ်၊ ငါကောင်းချီးခံစားချင်တယ်။ ငါနောက်တစ်ဆင့် တက်ရောက်ချင်တယ်” ဆိုတာမျိုးပြောပါ။

ယေရှုက သူ့ ကို ကျန်းမာချင်သလားမေးတော့ သူက “ဟုတ်ကဲ့ ကျန်းမာဖို့ က ကျွန်တော့်အိပ်မက်ပါ၊ ကျွန်တော်ယုံကြည်နေတဲ့အရာပါ” လို့ မပြောပဲ “သခင်၊ ရေလှုပ်ရှားတဲ့အခါ ကျွန်တော့်ကို ဆွဲထူမယ့်သူ မရှိပါဘူး။ ဒါကြောင့် တခြားတစ်ယောက်ယောက်ပဲ အရင်ရောက်သွား ပါတယ်” လို့ ပြောခဲ့တယ်။ အခြေအနေကို သူရှင်းပြခဲ့တယ်။ သူပြော ချင်တာက "ကျွန်တော့်မှာ အားသာချက်မရှိဘူး။ ကူညီမယ့်သူမရှိဘူး” ပေါ့။ ဆင်ခြေပေးနေသရွေ့ တော့ လက်ရှိနေရာမှာ သင်ရပ်တန် နေရ မှာပါ။ “ဂျိုးလ်. . . ငါ့ငယ်ဘဝမကောင်းလို့ ဒီလိုဖြစ်ရတာ။ ငါ့လုပ်ဖော် ကိုင်ဖက်က လိမ်သွားလို. ငါခါးသီးခဲ့ရတာ၊ ငါနေမကောင်းဖြစ်ရလို့ အဆိုးမြင်မိတာ” ဆင်ခြေတွေမပေးဖို့ကျွန်တော်တောင်းဆိုပါရစေ။ ဘယ်ဖြစ်ပျက်ခဲ့တဲ့အရာမှ သင့်ပန်းတိုင်နဲ့လွဲအောင် မလုပ်နိုင်ပါဘူး။ သင့်ပန်းတိုင်နဲ့လွဲစေမယ့်ဆိုရင် ဘုရားက ခွင့်ပြုခဲ့မှာမဟုတ်ပါဘူးသင်နားလည်မှာ မဟုတ်ဘူး၊ မတရားဘူး ဖြစ်နိုင်ပေမယ့် လက်ရှိအခြေ အနေကို အကောင်းဆုံးလုပ်ဆောင်မယ်ဆိုရင် သင်ရောက်ရှိမယ့်နေရာ ဆီ ဘုရားက ပို ဆောင်ပေးမှာပါ။ လူတွေ၊ ကံဆိုးမှုတွေဆေးစွဲမှုတွေဖျားနာမှုတွေက သင့်ကိုမရပ်တန့်နိုင်ပါဘူး။ ဘုရားကပဲ ဆုံးဖြတ်ပေး တာပါ။ မိမိကိုယ်ကို သနားစိတ်အပေါ် “အမှုပြီးပြီ”လို့ ပြောပါ။ ဆင်ခြေ တွေအပေါ် “အမှုပြီးပြီ”လို့ ပြောပါ။ ဒီနေ့ က နေ့ ရက်သစ်ပါ။ ဘုရားက အသစ်သောအရာကို လုပ်ဆောင်တော့မှာပါ။

ယေရှုက မသန်မစွမ်းသူကို “ထလော့။ သင့်အိပ်ရာကို ယူဆောင်ပြီး လမ်းလျှောက်လော့” လို့ပြောလိုက်တယ်။ ချက်ချင်းပဲ ထိုသူက ရောဂါငြိမ်းခဲ့ရတယ်။ ထိုသူလည်း မတ်တပ်ရပ်ကာ အိပ်ရာကို ယူပြီး ထွက်သွားနိုင်ခဲ့တယ်။ အမြဲတစေ ဖြစ်နေတော့မယ်လို့ သင်ထင် ထားတဲ့အရာ၊ ဘယ်တော့မှ မပြောင်းလဲတော့ဘူးလို့ သင်ထင်နေတဲ့ မကောင်းတာစွဲလမ်းမှု၊ ဖျားနာမှုငွေအခက်အခဲဖြစ်မှုတွေအတွက် သင့် မှာ နည်းလမ်းမရှိပေမယ့် ဘုရားမှာ နည်းလမ်းရှိပါတယ်။ အခုချိန်မှာ ဘုရားက သင့်တိုက်ပွဲတွေကို ရင်ဆိုင်ပေးနေပါတယ်။ အခြေအနေတွေ သင့်ဘက်ကို ပြောင်းလဲနေပါပြီ။ မပြောင်းလဲတော့ဘူးလို့ ထင်ရပေမယ့် ဘုရားက “ ဒါတွေ ယာယီပါ။ အခြေအနေကို ငါပြောင်းလဲပေးမယ်”လို့ ပြောနေပါတယ်။ ကျော်လွှားမှုတွေ သင့်ဆီလာနေပြီ။ အသစ်သော စတင်မှုတွေ၊ အနာငြိမ်းခြင်းတွေ၊ လွတ်မြောက်ခြင်းတွေကို စတင်လိုက် ရှာလိုက်ပါ။

စိတ်ဝင်စားဖို့ ကောင်းတာက ဒီမသန်မစွမ်းသူဟာယုံကြည်ခြင်း သိပ်မရှိခဲ့ပါဘူး။ သူက “ငါနေပြန်ကောင်းရမယ်လို့ ယုံကြည်တယ်” ဆိုပြီး မပြောခဲ့ဘူး။ ဆင်ခြေတွေပေးနေပေမယ့် ဘုရားရဲ့ ဂရုဏာတော် ကြောင့် သူရောဂါပျောက်ခဲ့ရတယ်။ သင့်အနေနဲ့ မိမိကိုယ်ကိုသနားစိတ် ဆင်ခြေတွေကို ခါချပြီး “အဖဘုရား၊ ကိုယ်တော်က ကျွန်တော့်ရဲ့ သားကို လမ်းကြောင်းမှန်ပေါ်ပို့ပေးနိုင်ကြောင်း ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော့်ကို နောက်တစ်ဆင့် ခေါ်ဆောင်ပေးနိုင်တယ်လို့ ကျွန်တော် ယုံကြည်တယ်။ ဒီမကောင်းတာစွဲလမ်းမှုမှ လွတ်မြောက်စေနိုင်ကြောင်း ကျွန်တော်ယုံကြည်တယ်” လို့ပြောခဲ့မယ်ဆိုရင်.. ဘုရားဘယ်လိုခံစား ရမလဲဆိုတာ တွေးကြည့်လိုက်ပါတော့။ သင်ယုံကြည်တဲ့အခါမှာ ဘုရားက သင်မလုပ်နိုင်တဲ့အရာကို ပြုလုပ်ပေးမှာပါ။ ဆင်ခြေတွေ၊ သံသယတွေမကောင်းတဲ့အတွေးတွေကို “အမှုပြီးပြီ” လို့ ပြောလိုက်ပါ။ သင့်ကိုနှောင့်နှေးစေတဲ့အရာတွေကို အဆုံးသတ်ဖို့ အချိန်ရောက်ပါပြီ။


တမူထူးခြားသူ ဖြစ်စေပါ
အခန်း (၁) မှာ ကျွန်တော့်အဖေက ဆင်းရဲတဲ့ဝါခင်းမိသားစု ကဓန ကြီးပြင်းခဲ့ရပုံစီးပွားရေးကပ်ဆိုက်ချိန် အရာရာဆုံးရှုံးခဲ့ရပုံကို ကျွန်တော် ပြောပြခဲ့တယ်။ အဖေက ကျောင်းကို ဘောင်းဘီအပြဲ၊ ဖိနပ် အပေါက်နဲ့ သွားခဲ့ရတယ်။ ဘဝအပေါ် အားနည်းချက်နဲ့ စတင်ခဲ့ရပြီး ပိုက်ဆံမရှိ၊ ပညာရေးနည်းပါးကာ အနာဂတ်က ပြောစရာပင် မရှိခဲ့ပေ။ အခြေအနေတွေက သူ ဘက်မှာမရှိခဲ့ဘူး။ သူရှိတဲ့နေရာမှာ အထိုင်ကျ သွားဖို့ ဆင်ခြေပေးလို့ ရတယ်၊ ရွက်ကြမ်းရေကျိုဘဝကို လက်ခံလိုက်လို့ ရတယ်။ ဒါပေမယ့် အသက် ၁၇ နှစ်မှာ အဖေက ယေရှုကို သိကျွမ်းခဲ့ပြီး ကြီးမြတ်ခြင်းမျိုးစေ့တိုးပွားခြင်းမျိုးစေ့၊ ကြွယ်ဝခြင်းမျိုးစေ့တွေ ထွက်ပေါ်လာနေတယ်လို့ ခံစားခဲ့ရတယ်။ အပြင်ပန်းကြည့်ရင်တော့“မင်းက ဆင်းရဲတယ်။ အားနည်းချက်ရှိတယ်။ ကန့်သတ်ချက်ရှိတယ်။ အနာဂတ်မရှိဘူး” လို့ ပြောနေတယ်။ ဒါပေမယ့် သူ့ ဝိညာဉ်ထဲမှာတော့ ဘုရားက တီးတိုးပြောနေသံ “ဒါက မင်းဖြစ်တည်မှု မဟုတ်ဘူး။ ဒီထက် မင်းပိုပါတယ်။ အဆင့်အတန်း အသစ်တစ်ခုကို မင်းချမှတ်နိုင်တယ်” လို့ ကြားနေခဲ့တယ်။ အဖေက သူ့ မိဘတွေကို ဝါခင်းကနေ သူစွန့် ခွာ တော့မယ်လို့ ပြောတော့ မိဘတွေက သူရူးသွားပြီလို့ ထင်ခဲ့ပြီး “ဂျွန်. . မင်း ဒီမှာပဲငါတို့နဲ့နေပါ။ ဝါခင်းစိုက်တာကိုပဲ မင်းလုပ်တတ်တာလေ” လို့ပြောခဲ့တယ်။ သူတို့က စိတ်ထားကောင်းကောင်းနဲ့ ပြောတာပါ။ ဒါပေမယ့် တစ်ခါတစ်လေ စိတ်ထားကောင်းတဲ့သူတွေက သင့်ပန်းတိုင် လွဲစေဖို့ ပြောဆိုကြမှာပါ။ အဖေသာ ကန့်သတ်ချက်ရှိတဲ့ ပတ်ဝန်းကျင် မှာ ဆက်နေခဲ့ရင် ဘုရားပေးမယ့်အရာ အပြည့်အစုံကို မြင်ခဲ့ရမှာ မဟုတ်ပါဘူး။

သင်ဖြစ်လာနိုင်တာကို မမြင်ပဲ အရင်အတိုင်းမြင်ချင်တဲ့လူတွေ နဲ့ ခပ်ခွာခွာနေပါ။ အချို့ လူတွေက သင်ကြီးပြင်းခဲ့တဲ့ ဘောင်ခွက်ထဲမှာ ထည့်ထားဖို့ ကြိုးစားကြမယ်။ သင့်အပေါ်မှာ ကန်သတ်ချက်တွေကို ထားကြမယ် “မင်းအိပ်မက်တွေ မအောင်မြင်နိုင်ပါဘူး။ မင်းက အရည် အချင်း အဲ့လောက်မရှိဘူးလေ။ အရင်လိုပဲ နေပါကွာ”

ကျမ်းစာထဲမှာ ဒါဝိဒ်က ဒီလိုပဲဖြစ်ခဲ့တာပါ။ သူ့မိသားစုက ဒါဝိဒ်ကို ဘုရင်ဖြစ်လာမယ်လို့ မထင်ထားခဲ့ဘူး။ သူ့ ကို လျော့တွက်ခဲ့ ကြတယ်။ ဒါဝိဒ်အဖေ ယေရှဲက ပရောဖက်ရှမွေလ ဘုရင်ရွေးဖို့ ရောက် လာချိန်မှာ ဒါဝိဒ်ကို ချန်ထားရစ်ခဲ့တယ်။ ယေရှဲထင်တာက “ဒါဝိဒ်က အကောင်သေးတယ်၊ ငယ်လွန်းတယ်။ အတွေ့ အကြုံလည်း မရှိဘူးပေါ့။ လူတွေက သင့်ပန်းတိုင်ကို မသတ်မှတ်ပေးပါဘူး။ သင့်အပေါ် ပြောဆို တာတွေ၊ သင့်အပေါ် ခံစားစေဖို့ ကြိုးစားနေတာတွေက ဘုရားသင့် ဘဝအပေါ် သတ်မှတ်ထားတဲ့အရာကို မရပ်တန့် နိုင်ပါဘူး။ သင့်အပေါ် ကန့်သတ်ချက်ထားတဲ့သူတွေ၊ ဘုရားသင့်နှလုံးသားထဲ ထည့်ထားတဲ့ အရာကို လွဲစေဖို့ပြောတဲ့သူတွေနဲ့ ခပ်ဝေးဝေးနေဖို့လိုအပ်ပါမယ်။
တစ်ခါတလေ သူတို့တွေက သင့်ကိုသိခဲ့တာအရမ်းကြာနေခဲ့လို့ ပုံစံ တစ်မျိုးထဲသာ သူတို့ မြင်နေတာပါ။

ယေရှုရဲ့ ညီအစ်ကိုတွေတောင် ယေရှုသေခြင်းမှ မထမြောက်မှီ အထိ မယုံကြည်ခဲ့ကြပါဘူး။ ယေရှုက နိမိတ်လက္ခဏာတွေ တစ်ခုပြီး တစ်ခုပြုလုပ်ခဲ့ပေမယ့် မေရှိယလို့ မမြင်ခဲ့ကြဘူး။ သူတို့ထင်တာက "အော် … ဝါယေရှုလေ။ ဘာမှမထူးပါဘူး။ ငါတို အတူတူကြီးပြင်းလာ ခဲ့တာပါ” ပေါ့။ ကျမ်းစာမှာ ယေရှညီအစ်ကိုတွေက သူ့ကို “မင်းက မေရှိယ ဟုတ်လား” ဆိုပြီး လှောင်ပြောင်ကြတယ်လို့ ပြောထားတယ်။ ယေရှုကို လျော့တွက်ပြီး ပန်းတိုင်နဲ့ လွဲအောင်လုပ်ဖို့ ကြိုးစားခဲ့ကြတယ်။ ယေရှုက ဒါတွေကို နားတစ်ဖက်ဝင်ပြီး နောက်တစ်ဖက်က ထွက်သွား စေခဲ့တယ်။

ကျွန်တော့်အဖေက ကန့်သတ်ချက်ရှိတဲ့ ပတ်ဝန်းကျင်မှာ ဆက်နေပြီး ဆင်းရဲချို့တဲ့မှုကို လက်ခံလိုက်လို့ ရပါတယ်။ ချို့တဲ့မှု အတွေးတွေနဲ့ သူအသက်ရှင်နေခဲ့လို့ ရပေမယ့် အဖေက ကျွန်တော် သင့်ကိုပြောတဲ့အတိုင်း လုပ်ခဲ့ပါတယ်။ အဖေက “အမှုပြီးပြီ။ လက်ရှိ နေရာကို ငါရောက်နေပေမယ့် ဒါက ငါ့ဖြစ်တည်မှုမဟုတ်ဘူး” လို့ ပြော ခဲ့တယ်။ အသက် ၁၇ နှစ်မှာ အဖေက ယုံကြည်ခြင်း ခြေလှမ်းလှမ်းကာ ဝါခင်းကို စွန့်ခွာပြီး ရတဲ့အခွင့်အရေးကိုယူကာ အမှုတော်ဆောင်ခဲ့ပါ တယ်။ ဘုရားက အဖေ့ကို ချီးမြှောက်ပေးခဲ့တယ်တံခါးတွေ ဖွင့်ပေးခဲ့ပြီး နောက်ဆုံးမှာ အဖေနဲ့ အမေက Lakewood ဘုရားကျောင်းကိုထူထောင် ခဲ့ကာ နှစ်ပေါင်း ၄ဝ ဦးဆောင်ခဲ့ပါတယ်။ အဖေက ကောင်း ချီးခံစားပြီး ကြွယ်ဝတဲ့အသက်တာနဲ့ နေထိုင်ခဲ့ပါတယ်။ ကျွန်တော် ပြောချင်တာက အဖေက မိသားစုရဲ ့ ဆင်းရဲမှုကျိန်စာကို.. ဖြတ်တောက်ပေးခဲ့တယ်။ အခုအချိန်မှာ ကျွန်တော်တို. ညီအစ်ကိုမောင်နှမတွေ၊ ကလေးတွေ မိသားစုဝင်တွေအားလုံး အမြင့်တက်ရောက်နိုင်ခဲ့တာ နေရာမှာ အထိုင်မကျခဲ့လို့ပါ။ အဖေက “ငါတော့ အခွင့်မသာဘူး။ အဖေက ရှိတဲ့ ကံဆိုးလိုက်တာ။ ဒီလောက်ပါပဲ” လို့မပြောခဲ့ပဲ “အမှုပြီးပြီ။ ငါကတမူထူးခြားသူပါ။ အဆင့်အတန်းသစ်တစ်ခု ငါချမှတ်နိုင်တယ်"လို့ ပြောခဲ့ပါတယ်။

သင်လည်း သင့်မိသားစုဝင်ထဲမှာ တမူထူးခြားသူ ဖြစ်နိုင်ပါ တယ်။ မျိုးဆက်အစဉ်အလာအရ မကောင်းတဲ့အရာတွေကို သင်အဆုံး သတ်နိုင်ပါတယ်။ လက်ရှိသင်ရင်ဆိုင်နေရတာကို … သင်အစပြုခဲ့တာ မဟုတ်ပေမယ့် သင့်မှာပဲ အဆုံးသတ်လို့ ရပါတယ်။ ဆင်းရဲမှု၊ ချို့ တဲ့မှု တွေကို “အပြီးပြီ။ ငါက ချေးပေးနိုင်သောသူ၊ ချေးဌားယူရသူမဟုတ်” လို့ပြောပါ။ မကောင်းတဲ့စွဲလမ်းမှု၊ စိတ်ဓာတ်ကျမှု၊ ပျက်စီးမှုတွေကို “အမှုပြီးပြီ” လို့ ပြောပါ။ ဘုရား အဆင့်အတန်း အသစ်တစ်ခုဆီ သင့်ကို ခေါ်သွားချင်ပါတယ်။ သင့်အထဲမှာ ကြီးမားတဲ့မျိုးစေ့တွေရှိတယ်။ သင့်မှာ အရည်အချင်း၊ အကြံဉာဏ်၊ အလားအလာအပြည့်ရှိတယ်။ သင်လာရာအရပ်ကနေ သင့်ကို ကန့်သတ်မထားဘူး။ မကောင်းတဲ့ အရာတွေ လက်ခံရရှိခဲ့လို့ ဆက်လုပ်ရမယ်လို့ မဆိုလိုပါဘူး။ ကျိန်စာ ကိုဖြတ်တောက်နိုင်သူဆင်းရဲမှုကို ဖြတ်တောက်နိုင်သူ၊ စိတ်ဓာတ်ကျမှု ကိုဖြတ်တောက်နိုင်သူပျက်ဆီးမှုကို ဖြတ်တောက်နိုင်သူက သင်ဖြစ်နိုင် ပါတယ်။

သင့်မိသားစုကို နောက်တစ်ဆင့်ဆီ သင့်ခေါ်ဆောင်ပေးနိုင် တယ်။ ဆင်ခြေပေး လက်မလျှော့လိုက်ပါနဲ့။ အခြေအနေတွေကြောင့် စိတ်ဓာတ်မကျလိုက်ပါနဲ့ ။ အခြေအနေတွေက သင့်ဘက်မှာမရှိပေမယ့် အမြင့်ဆုံးသောဘုရားက သင့်ဘက်မှာရှိနေပါတယ်။ သင့်ဦးတည်ရာ အတိုင်း ဘုရားက သွားလာနေတယ်။ အဘယ်သူမျှ မပိတ်နိုင်တဲ့တံခါး တွေကို ဘုရားဖွင့်ပေးမယ်၊ သင်မသိထားတဲ့ အရည်အချင်းတွေကို ဘုရားဖော်ထုတ်ပေးမယ်၊ လူတွေကို သင့်အပေါ်ကောင်းစေဖို့ ဘုရား ပြုလုပ်ပေးမယ်။ အခွင့်အလမ်းတွေက သင့်နောက်ကို လိုက်နေပြီ။ ကောင်းတဲ့အရာတွေ၊ လွတ်မြောက်မှု၊ တိုးပွားမှုတွေ သင့်ဆီလာနေပြီ။ နောက်တစ်ဆင့်ဆီ သင်ခြေလှမ်းလှမ်းနေပါပြီ။ သင်နဲ့ သင့်မိသားစုကို တုပ်နှောင်ထားတဲ့အရာတွေ ပြိုလဲကုန်ပြီ။ အခုချိန်မှာ သင့်ဘက်က အသစ်သော စိတ်နေသဘောထားကို ထားရှိလိုက်ပါ။ ကြွယ်ဝသော စိတ်ထား၊ လွတ်မြောက်သော စိတ်ထား၊ ကျန်းမာသော စိတ်ထား၊ အောင်မြင်သော စိတ်ထားတွေပေါ့။ ကျွန်တော့်အဖေသာ ဆင်းရဲချို့တဲ့ စိတ်ထားမျိုးရှိပြီး “ငါ့မှာ အခွင့်မသာဘူး။ မကောင်းတာတွေ ဖြစ်လာတယ်” လို့တွေးခဲ့မယ်ဆိုရင် ကျွန်တော် ဒီနေရာမှာရှိနေမှာ မဟုတ်ပါဘူး။

သင်လာရာအရပ်က သင့်ဖြစ်တည်မှု မဟုတ်ဘူး
ကျွန်တော်တို့အားလုံး ရှိတဲ့နေရာမှာ အထိုင်ကျဖို့ ဆင်ခြေ ပေးလို့ရပါတယ်။ ဆင်ခြေတွေကို ထားခဲ့ဖို့ ကျွန်တော်ပြောပြရစေ။ သင့်ကိုနှောင့်နှေးစေတဲ့အရာတွေအပေါ် “အမှုပြီးပြီ။ ဒီနေ့ က နေ့ ရက် သစ်ပါ။ ငါနှင့်ငါ့အိမ်သားဖြစ်လျှင် ထာဝရဘုရားကိုသာ ဝတ်ပြုမည်။ ငါတို့ က သူများကို ချေးပေးနိုင်သောသူ၊ ချေးယူရသောသူ မဟုတ်ဘူး။ ငါတို့က ရက်ရောသောသူကူညီသောသူတွေပါ။ ငါတို့အိပ်မက်တွေ ပြည့်စုံပြီး ဘုရားဖန်ဆင်းတဲ့အတိုင်း ဖြစ်လာရမယ်” လို့ ပြောပါ။

ကျွန်တော့်မိတ်ဆွေတစ်ဦးက ယနေ့မှာ အရမ်းအောင်မြင်နေ ပါပြီ။ သူ့ အဖေက ရဲဝန်ထမ်းပါ။ သူ့ အသက် ၁၁ နှစ်မှာ အဖေဖြစ်သူက သူ့ ကို ကားနဲ့ အခြားပြည်နယ်ဆီ ခေါ်ဆောင်သွားခဲ့တယ်။ ဘယ်ကိုသွား နေတာလဲဆိုတာကို အဖေက မပြောပြခဲ့ဘူး။ နောက်ဆုံးမှာ အိုဟောင်း နေတဲ့ ရပ်ကွက်တစ်ခုဆီ ရောက်သွားခဲ့ကြတယ်။ အမှိုက်တွေကလည်း နေရာတကာဖြစ်ပြီး အိမ်တွေကလည်း ဟောင်းနွမ်းနေတယ်။ ကျွန်တော့် မိတ်ဆွေက မျက်လုံးပြူးသွားခဲ့တယ်။ တစ်ခါမှ ဒီလိုမျိုး သူမမြင်ဖူးဘူး လေ။ ဒါနဲ့သူတို့က ပျက်ဆီးယိုယွင်းနေတဲ့ အိမ်နားမှာ ကားရပ်လိုက် ကြတယ်။ အိမ်က အရှေ့ တံခါးလည်းမရှိ၊ ကြည့်ရတာ လူမနေတဲ့ပုံပါ။ အဖေနဲ့ အတူ အိမ်ထဲဝင်သွားတော့ အထဲမှာ အဘိုးအိုတစ်ဦး ထိုင်နေ တာကို တွေ့ခဲ့ရတယ်။ အဘိုးအိုက အင်္ကျီမပါ ၊ မုတ်ဆိတ်မွှေးလည်း မရိတ်၊ ကြည့်ရတာ အိမ်ခြေယာမဲ့ပုံစံပါ။ အဖေက အဘိုးအိုကိုကြည့်ပြီး“အဖေ၊ ကျွန်တော့်သားလေးကို ခေါ်လာပါတယ်” လို့ ပြောလိုက်တယ်။ ကျွန်တော့်မိတ်ဆွေလည်း ဒါသူ အဘိုးဖြစ်နေမှန်း မယုံကြည်နိုင်ဖြစ်ခဲ့ ရတယ်။ အဘိုးရဲ့ ဓာတ်ပုံလည်း မမြင်ဖူးဘူးအဘိုးအကြောင်းလည်း မကြားဖူးခဲ့ပါဘူး။ အဘိုးဖြစ်သူက ခေါင်းငုံ ထားတယ်။ သားနဲ့ မြေး အပေါ် အဆက်အသွယ်မလုပ်ချင်တော့ဘူးလေကျွန်တော့်မိတ်ဆွေ အဖေက စားပွဲပေါ် ငွေအချို့ ကို တင်ကာ “အဖေ၊ အဖေ့ကို ကျွန်တော် ချစ်တယ်၊လာနှုတ်ဆက်တာပါ" လို့ပြောပြီး ပြန်ထွက်သွားခဲ့ကြတယ်။ ကျွန်တော့်မိတ်ဆွေလည်း “အဖေ၊ ဒါသားဘဝမှာ အကြောက်ရဆုံး အခိုက်အတန့် ပဲ။ ဒီနေရာကို နောက်ဘယ်တော့မှ မလာချင်တော့ဘူး” လို့ ပြောတယ်။ အဖေဖြစ်သူက “သား. . ဒါကြောင့်သားကို ဒီနေရာ ခေါ်လာတာပါ။ အဖေတို့ ဒီနေရာကနေ ဆင်းသက်လာခဲ့ပေမယ့် ဒါဟာ အဖေတို့ ဖြစ်တည်မှု မဟုတ်ဘူးဆိုတာ သိစေချင်လို့ ပါ” ဆိုပြီး ပြောပြခဲ့တယ်။

သင်လည်း ကန့် သတ်ချက်ရှိတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာ ခဲ့ရမှာပါ။ သင့်မိသားစုဝင်တွေက လူကောင်းတွေဖြစ်ပေမယ့် သူတို့ မှာ ပိုကောင်းတဲ့အနာဂတ်အတွက် အမြင်တွေမရှိခဲ့ကြပဲ ရွက်ကြမ်းရေကျို ဘဝနဲ့ နေသားတကျဖြစ်ခဲ့မှာပါ။ ကျွန်တော့်မိတ်ဆွေလိုပဲ သင်လည်း အဆင့်အတန်း အသစ်တစ်ခုကို ချမှတ်နိုင်ပါတယ်။ သင်အစပြုခဲ့တဲ့ နေရာက အရေးမကြီးပါဘူး။ သင်အဆုံးသတ်မယ့်နေရာကသာ အဓိက ဖြစ်တယ်။ ဘုရားက သင့်ကို သားစဉ်မျိုးဆက် ကျိန်ခြင်းကို ဖြတ်တောက် ဖို့ တင်မက ၊ သားစဉ်မျိုးဆက် ကောင်းချီးမင်္ဂလာခံစားရစေဖို့ ပါ အသုံး ပြုတော့မှာပါသင်လာရာအရပ်က သင့်ဖြစ်တည်မှု မဟုတ်ဘူး။ သင်က ကောင်းချီးခံစားရသူ၊ လွတ်မြောက်သူ၊ အရည်အချင်းရှိသူ၊ အမြင့်ဆုံး သော ဘုရားရဲ့ သားသမီးပါ။

ကျမ်းစာမှာ အာဗြဲဟံက ကန့် သတ်ချက်ရှိတဲ့ပတ်ဝန်းကျင်ထဲ ရောက်နေခဲ့တယ်။ ဘုရားက တိုင်းပြည်ကို ထားခဲ့ပြီး ဘုရားပြတဲ့ ပြည်ဆီသွားဖို့ အာဗြဟံကို ပြောလိုက်တယ်။ ဘုရားပြောချင်တာက
“အာဗြဟံ၊ နေသားတကျဖြစ်တာတွေ ထားခဲ့တော့၊ မင်းကြီးပြင်းခဲ့ရတာ တွေ ထားခဲ့တော့” လို့ ပြောနေတာပါ။ သင့်မိသားစုကို ထားခဲ့ဖို့ ကျွန် တော်ပြောနေတာ မဟုတ်ပါဘူး။ သင့်အတွေးထဲမှာ စွဲနေတဲ့ မကောင်း တဲ့အရာတွေကို ထားခဲ့ဖို့ ပြောတာပါ။ ချို့တဲ့မှု စိတ်ထားကို ထားခဲ့ပါ လူတွေ သင့်အပေါ် ကန့် သတ်ချက်တွေကို ထားခဲ့ပါ။ ဘုရားက သင့်ကို တိုးပွားစေဖို့ နေရာလွတ်လုပ်ဖို့ လိုမယ်။ တစ်ခါတလေ ကျွန်တော်တို့ ပတ်ဝန်းကျင်က အရမ်းသေးလွန်းတယ်။ အရင်ကျွန်တော်ပြောပြခဲ့တဲ့ ဝက်သစ်ချအစေ့လိုပေါ့။ ၅ ဂါလံအိုးထဲမှာ စိုက်ပျိုးမယ်ဆိုရင် ဝက်သစ်ချ အပင်က ၄င်းကို ဖန်ဆင်းခဲ့တဲ့အတိုင်း ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါက အပင်ရဲ့အမှားကြောင့်မဟုတ်ပဲ ၄င်းကိုစိုက်တဲ့ ပတ်ဝန်းကျင်ကြောင့်ပါ။

ဒီလိုပါပဲ သင့်အမှားကြောင့်မဟုတ်ဘူး။ သင့်အထဲမှာ ကြီးမြတ် တဲ့ မျိုးစေ့တွေရှိတယ်။ အမြင့်ဆုံးသောဘုရားက သင့်ကို အသက်မှုတ် သွင်းပေးထားတယ်။ သင့်စိုက်မယ့်အိုးကို မသေးစေပါနဲ့ ။ သင့်ပတ်ဝန်း ကျင်ကြောင့် မနှောင့်နှေးစေနဲ့ ။ သင့်ကို အားတက်စေမယ့်သူ၊ အောင် မြင်နေတဲ့သူ၊ တမူထူးခြားတဲ့သူတွေအနားကို သင်သွားရပါမယ်။ ရှိတဲ့ နေရာမှာ နေသားတကျဖြစ်နေတဲ့သူတွေနဲ့ မပေါင်းပါနဲ့။ ပရောဖက် ဟေရှာယက “သင်၏ တဲရာကို ကျယ်စေလော့။ သင်၏နေရာ မျက်နှာ ကြပ်ကို ကြက်ဦးလော့။ ကြိုးတို့ကို ရှည်စေဦးလော့။ တိုင်တို့ကို မြဲစွာ စိုက်လော့။ သင်သည် လကျာ်ဘက်၊ လက်ဝဲဘက်၌ တိုးပွားလိမ့်မည်” လို့ပြောထားတယ်။ ကန် သတ်ချက်ရှိနေတဲ့ သင့်အတွေး စိတ်ထားကို “အမှုပြီးပြီ။ အိပ်မက်ကြီးကြီး ငါထားရှိပြီ။ ဆုတောင်းချက်ကြီးကြီး ငါ ဆုတောင်းပြီ။ ငါကြီးပြင်းခဲ့တာထက် ပိုဝေးကွာတဲ့နေရာဆီရောက်ဖို့ ငါမျှော်လင့်ပြီ” လို့ ပြောပါ။


သင်နားမလည်သောအခါ
၁၉၉၉ ခုနှစ် အဖေဘုန်းတော်ဝင်စားပြီးနောက် လူတွေက ကျွန်တော့်ကို ဘုရားကျောင်းအား ဆက်လက်ထိန်းထားနိုင်မလားဆိုပြီး မေးမြန်းကြတယ်။ ကျွန်တော်က မောက်မာတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်ပြန်ပြောလိုက်တယ် “ဘုရားကျောင်းကို ဆက်လက် ထိန်းထားရုံမက ပိုပြီးတိုးတက်လာမယ်ဆိုတာ ကျွန်တော်ယုံပါတယ်” ဘုရားက တိုးတက်နေတဲ့ဘုရားပါ။ မျိုးဆက်တိုင်းကို ဘုရားက အမြဲ တိုးတက်စေချင်ပါတယ်။ ကြီးမားတဲ့အမြင်အာရုံ ထားရှိပါ။ မိဘတွေ ပေးခဲ့တဲ့အရာအပေါ်၊ ဆွေမျိုးတွေ အောင်မြင်ခဲ့တဲ့အရာအပေါ် အထိုင် မကျလိုက်ပါနဲ့ ။ ဒါထက်ပိုသာပါတယ်။ အသစ်သော အဆင့်အတန်းကို သင်ချမှတ်နိုင်တဲ့သူ ဖြစ်နိုင်ပါတယ်။

အိပ်မက်တွေအပေါ် အရှုံးပေးလိုက်ဖို့ စိတ်ဓာတ်ကျမှုတွေ နားမလည်မှုတွေကြောင့် အားငယ်လိုက်ဖို့က လွယ်ပါတယ်။ အလုပ် ကြိုးစားခဲ့ပေမယ့် ရာထူးမတိုးလာဘူး။ ဆုတောင်းခဲ့ပေမယ့် ချစ်ရတဲ့သူ အသက်ဆက်မရှင်နိုင်ခဲ့ဘူး။ အကောင်းဆုံးလုပ်ဆောင်ခဲ့ပေမယ့် ဆက် ဆံရေးတွေ ပိုမကောင်းလာဘူး။ ဘဝကြီးက အမြဲတမ်း တရားမှာတော့ မဟုတ်ပါဘူး။ ဘာကြောင့် ဒီလိုဖြစ်ရံတာလဲ ကျွန်တော်မရှင်းပြတတ် ပေမယ့် ကျွန်တော်ပြောနိုင်တာကတော့ သင့်အတွက် ဆိုးကျိုးဖြစ်စေမယ့် အရာကို ဘုရားက သင့်ကောင်းကျိုးအဖြစ် … ပြောင်းလဲပေးမယ်လို့ ပြောထားပါတယ်။ မတရားတဲ့အရာတွေအတွက် ဘုရားက နှစ်ဆပြန် လျော်ပေးမယ်လို့ပြောထားပါတယ်။ ပြာမှုန့်တွေအတွက် လှပမှုကို ပေးမယ်လို့ ပြောထားပါတယ်။ လှပမှုကို မရရှိခင်မှာ သင့်အနေနဲ့ ပြာမှုန့် တွေကို ထားခဲ့ဖို့ တော့ လိုပါမယ်။ အဟောင်းကို စုပ်ကိုင်ထားပြီး အသစ်ကို မျှော်လင့်နေလို့ မရပါဘူး။ အတိတ်က ပြီးဆုံးသွားပြီ။ ဒါကို ပြန်ပြီး အသက်သွင်းမနေပါနဲ့ စဉ်းစားအချိန်ကုန်ခံမနေပါနဲ့ ။အရာရာ ဖြစ်ပျက်သမျှကို သင်နားလည်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဘုရားဆီမှာ အကြံအစည်ရှိပါတယ်။ ဘုရားက ဒါကို ကောင်းကျိုးအဖြစ် ဘယ်လိုလုပ်ဆောင်ရမလဲ သိပါတယ်။ ဒါဝိဒ်က ဒီအတိုင်းပဲလုပ်ခဲ့တာပါ။ သူ ရဲ့ မွေးခါစ အလွန်ဖျားနာနေခဲ့တယ်။ ဒါဝိဒ်က နေရောညပါ ဆုတောင်းပြီး အစာ ရှောင်ခဲ့ပါတယ်။ ဘာမှလည်း မစား၊ ၊ ဘယ်သူနဲ့ မှလည်း စကားမပြောခဲ့ ဘူး။ အချိန်တိုင်း ဒူးထောက်လျှက် ကလေးပြန်ကျန်းမာဖို့ ဘုရားဆီမှာ ဆုတောင်းခဲ့တယ်။ ၇ ရက်နေ့မြောက်မှာ သူ ကလေးက သေဆုံးသွား ခဲ့ပါတယ်။ ဒါဝိဒ်ရဲ့ ကျွန်တွေက ဒါဝိဒ်အနေနဲ့ ဘယ်လိုတုံ့ပြန်မလဲ မသိကြဘူး။ သူတို့က ဒါဝိဒ်ကို ကလေးသေဆုံးသွားပြီလို့ ပြောပြတဲ့ အခါ ဒါဝိဒ်က ရေချိုးအဝတ်အစားလဲကာ ဗိမာန်တော်မှာ ဘုရားကို ဝတ်ပြုခဲ့တယ်။ ဝတ်ပြုအပြီးမှာ ကျွန်တွေနဲ့အတူ ညစာစားခဲ့တယ်။ ကျွန်တွေက အံ့ဩပြီး “ဒါဝိဒ် ဘယ်လိုဖြစ်တာလဲ။ ကလေးအသက်ရှင် တုန်းက အစာရှောင်၊ ငိုကြွေးနေခဲ့တယ်။ အခု ကလေးသေတဲ့အခါမှာ မငိုကြွေးတော့ပဲ အရာရာအဆင်ပြေသလို လုပ်ဆောင်နေပါ့လား” လို့ မေးကြတယ်။ ဒါဝိဒ်က “ကလေးအသက်ရှင်တုန်းက ဘုရားဆီမှာ အသက်ဆက်ရှင်ဖို့ ဆုတောင်းခဲ့တယ်။ အခုတော့ ကလေးလည်း သေ သွားပြီ။ ပြန်ရှင်လာဖို ငါမလုပ်နိုင်ဘူး။ တစ်နေ့ သူရှိရာသို့ ငါသွား ရမည်” လို့ပြောခဲ့တယ်။ ဒါဝိဒ်က တတ်နိုင်သမျှ ဆုတောင်း၊ အစာ ရှောင်၊ ယုံကြည်ခဲ့ပေမယ့် သူထင်သလို ဖြစ်မလာခဲ့ဘူး။ သူ့အနေနဲ ခါးသီးပြီး နေသွားလို့ ရပါတယ်။ ဒါပေမယ့် ဒါဝိဒ်က ဒီသဘောတရားကို နားလည်တယ်။ သူက အတိတ်ကို ကြည့်ပြီး “ဒါတွေ ပြီးဆုံးသွားပါပြီ။ ငါနားမလည်ဘူး။ ဒါပေမယ့် ငါရှေ့ ဆက်သွားမယ်” လို့ ပြောနေတာပါ။ ကျွန်တော်တို့ဘဝမှာ နားမလည်နိုင်တဲ့အရာတွေ ရှိပါတယ်။ ဒါတွေအပေါ် အဆိုးမြင်၊ခါးသီးပြီး နေထိုင်သွားဖို့ က လွယ်ကူပါတယ်။ ဒါပေမယ့် နှစ်ဆသော ကောင်းချီးကိုလိုချင်ရင်၊ ပြာမှုန် အတွက် လှပမှု ကို မြင်ချင်ရင် ဒါဝိဒ်လိုပဲ အတိတ်ကိုကြည့်ပြီး “ဒါတွေ ပြီးဆုံးသွားပြီ။ ဖြစ်မလာတဲ့အရာအပေါ် ငါမစဉ်းစားတော့ဘူး။ ဘာကြောင့်လဲဆိုပြီး အဖြေမရှာတော့ဘူး။ ဒါကိုထားခဲ့ပြီး နောက်တစ်ဆင့်ကိုငါသွားမယ်လို့ပြောပါ။  အတိတ်က သင့်ကို မရပ်တန့်နိုင်ပါဘူး။ သင့်ဘဝကို ဘုရားက ထိန်းချုပ်ထားပါတယ်။ ဘုရားက သင့်အနာဂတ်အတွက် ကောင်းတဲ့အရာ တစ်ခုခုထားရှိပေးထားလို့ သင်အသက်ရှင်နေရတာပါ။ နှစ်ဆသော ကောင်းချီးကို သင်ရရှိတော့မှာပါ။ ပြာမှုန် အတွက် လှပမှု ကို သင်ရရှိတော့မှာပါ။ သင့်ဘက်က လုပ်စရာရှိတာကို လုပ်ပြီး အသစ် သော စိတ်နေသဘောထားကို ထားရှိလိုက်ပါ။ မျက်နှာသစ်ပြီး ဘုရား ပြုလုပ်တော့မယ့် အသစ်သောအရာတွေအတွက် အဆင်သင့်ပြင်ထား လိုက်ပါ။

ကျွန်တော် သင့်အတွက် ဒါတွေကို အခိုင်အမာပြောဆိုပါမယ် - အတိတ်၊ နာကျင်မှုများ၊ နောင်တများအတွက် အမှုပြီးပြီ။ ဆင်းရဲမှု၊ ချို့ တဲ့မှု၊ ကန့် သတ်ချက်ရှိတဲ့ အတွေးတွေအတွက် အမှုပြီးပြီ။ မကောင်းတဲ့ အရာ စွဲလမ်းမှု၊ စိတ်ဓာတ်ကျမှု၊ ပျက်ဆီးမှု၊ အပြစ်ရှိသလို ခံစားမှု၊ ရှက် ကြောက်မှု၊ သနားစိတ်တွေအတွက် အမှုပြီးပြီ။ ယနေ့ က နေ့ ရက်သစ် ပါ။ သင့်ကိုနှောင့်နှေးစေတဲ့အရာတွေ ပြိုလဲကုန်ပါပြီ။ လွတ်မြောက်ခြင်း နောက်တစ်ဆင့်ဆီ သင်တက်လှမ်းနိုင်တော့မယ်။ သားစဉ်မျိုးဆက် ကျိန်ခြင်းတွေကို ဖြတ်တောက်ပြီး သားစဉ်မျိုးဆက် ကောင်းချီးမင်္ဂလာ ကို သင်အစပြုတော့မယ်။ ပြာမှုန့် တွေအတွက် လှပမှု၊ ရောဂါငြိမ်းခြင်း၊ ရာထူးတိုးခြင်း၊ ကျော်လွှားခြင်းတွေကို ... သင်မြင်တွေ့ရတော့မယ်။ ဒါတွေက သင့်ဆီကို ဦးတည်လာပါပြီ။

No comments:

Post a Comment