=> အတုမဲ့မေတ္တာ <=
ညှင်းဆဲကြပါစေ နာကျင်နေလည်းပဲ
သူလေ ခွင့်လွတ်လို့ ခေါင်းငုံ့ခံခဲ့
ကဲ့ရဲ့ကြပါ လူတွေရဲ့ကြားထဲ
အကြင်နာတရားများက သူ့ရဲ့ရင်ထဲ
အိုမဆုံးတဲ့ မေတ္တာများနဲ့
လူတွေကိုချစ်တယ်
ဒါတွေကိုလေ မမြင်နိုင်အောင်ကွယ်
ရက်စက်ကြပါတယ်
ဆင်းရဲခြင်းတွေရယ် ဘယ်လိုပင်ဆိုးလည်း
အရာရာစွန့်လွှတ်လို့ကယ်တင်သွားခဲ့တယ်
လေးလွန်းတဲ့တိုင်တော် ကိုယ်တော်ရယ်ထမ်းလို့
ကရာနီကုန်းထက်သို့လှမ်းသွားရှာတယ်
နာကျင်စွာဒုက္ခခံခဲ့
အိုး အသွေးအသားမှာသက်ကို မငဲ့ကွက်
လူတွေကိုချစ်တယ်
အမှောင်ကမ္ဘာမြေမှာ ကျင်လည်နေသူ
လောကသားတွေအတွက်
((ဒါဟာ'တို့တွက်ပါလေ (သူ့မှာ)
နှလုံးသားမှာ ဒဏ်ချက် (အသွေးများယိုစီး)
မဖြေနိုင်တဲ့အပြစ်တွေ (ဘုရားရှင်)
ဆေးကြောရှာလေပြီ (ဖြူစင်စေခဲ့ပြီ
နိုင်းဆမရနိုင်တဲ့ (အတုမရှိနိုင်တဲ့)
မေတ္တာရှင်))
သူ့ရဲ့မေတ္တာတွေဘယ်လိုပြန်ပေးမလဲ
အမှောင်ရဲ့လမ်းထဲက ထွက်ခဲ့ပါကွယ်
သွေးကဲ့သို့နီရဲ ဘယ်လိုပင်စွန်းလည်း
ဖြူမယ် မိုးပွင်ထက် သင့်အပြစ်တွေရယ်
ဖြူစင်မယ်သင့်အပြစ်များ
အိုးအေးမြတဲ့ဒီမေတ္တာ
ထာဝစဉ်တည်မြဲမယ်
ကိုယ်တော်ရှင်ဟာ ကမ္ဘာမြေပြင်ကို
အလင်းပေးခဲ့ပြီကွယ်
No comments:
Post a Comment